KIC News
ထိုင်းနိုင်ငံထုတ် အသားချောင်းစားမိ၍ ဘုရားသုံးဆူမြို့တွင် ကလေး ၁ ဦးသေဆုံးပြီး ၁၅ ဦးကျော် အရေးပေါ်ဆေးရုံတင်ထားရ
ဖေဖော်ဝါရီ ၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ထိုင်းနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကောင်းဘွိုင်အမှတ်တံဆိပ်ပါ အသားချောင်းစားမိ၍ ကလေး ၁ ဦးအသက်သေဆုံးပြီး ၁၅ ဦးကျော် အရေးပေါ်ဆေးရုံတင်ထားရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ထိုင်းစာသားပါ ကောင်းဘွိုင်အမှတ်တံဆိပ် အသားချောင်းထုပ်များကို...
KNU ၏ သတိပေးသတ်မှတ်ရက်မတိုင်မီ ဖာပွန်မြို့ရှိ စစ်ကောင်စီ အရပ်ဖက်ဝန်ထမ်း ၁၀၀ ကျော် ထွက်ခွာ
ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော အရပ်ဖက် ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက်အတွင်း မြို့တွင်းထွက်ခွာကြရန် ပြီးခဲ့သည့် ဇန်န ဝါရီလ ၂၉ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်ခရိုင်( တပ်မဟာ -၅)က...
ကြာအင်း-တဂေး လမ်းမကြီးပေါ် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွား
ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေထဲရှိ ကြာအင်း-တဂေး သွား လမ်းမကြီးပေါ်တွင် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း...
သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းခြင်း
“နိုင်ငံတကာက ကြားဝင်ပြီး ကာကွယ်စောင့်ရှောက်မဲ့ အခြေအနေက ရှိမနေတော့
ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ဖို့ ရှိလာကြတာပေါ့။”
နိုင်ငံတကာအသိအမှတ်ပြုခံထားရသည့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲတွင် စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဥယျာဉ်ထဲရှိ ဒေသခံ အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု၊ ပြေး လွှားတိမ်းရှောင်နေရမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ရက်နေ့က...
(NUG) အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့် မေးမြန်းချက်
“တစ်ဖက်ကကြည့်ရင် ခြံခွထိုင်တယ်လို့ ပြောရမလား၊ ဒါကတော့ အစကတည်းက ဂျပန်အစိုးရရဲ့ မူဝါဒလို့ ထင်ပါတယ်။ သာတဲ့ဘက်ကို ဦးစားပေးမယ်ဆိုတဲ့ သဘောတော့ ရှိတယ်လို့ ကျနော်မြင်ပါတယ်” စောဘလှသိန်း (ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်-NUG)
(NUG) အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့် မေးမြန်းချက်
(ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်)
ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန်ရည်ရွယ်ကာ...
လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ‘နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု’ ပြုလုပ်
ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများဦးဆောင်၍ ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် (၇)ကြိမ်မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး 'နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု' ပြုလုပ်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် 'တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်'၊ 'အမျိုးသမီးတွေဦးဆောင် အရေးတော်ပုံကြီးအပြီးအောင်'၊ 'အရေးတော်ပုံကြီးအောင်မြင်ဖို့ ဒို့အမျိုးသမီးတွေပါဝင်စို့' အစရှိသည့်...















