KIC News
စက်သုံးဆီ အဆမတန်ဈေးတက်ပြီး ခရီးသည်နည်းသည့်အတွက် မြဝတီကား ပြေးဆွဲသူများ စားဝတ်နေရေး ခက်ခဲ
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း အဆမတန် ဈေးတက်လာသည့်အပြင် မြဝတီနယ်စပ်သို့ သွားလာသည့်ခရီး သည်များ နည်းပါးလာပြီး ဒေသအသီးသီးမှ မြဝတီသို့ ကားလိုင်းပြေးဆွဲနေသည့် ကားသမားများလည်း အခက်တွေ့ရ သည်ဟု သိရသည်။
အာဏာသိမ်းပြီး နောက်ပိုင်းမှစတင်ပြီး စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာသည့်အပြင် မြဝတီသွားသည့် ခရီးသည် နည်းပါးလာသည့်အတွက်...
ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့
ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့
ဒဿန (မြစ်ဝကျွန်းပေါ်)
(ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၂ခု)
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ တစ်ချိန်တည်း ကရင်လူထုအင်အား (၄၅၄,၁၀၀)က ပိုစတာ(၄)ခုကိုင်၍ ဖဆပလ အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲ သည်...
စစ်ကောင်စီတပ်၏ မိုင်းနင်းမိ၍ ဒသမတန်းကျောင်းသားတစ်ဦး ခြေတစ်ဖက်ဖြတ်လိုက်ရ
ဖေဖော်ဝါရီ ၁၀ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြခတ်ချောင်းရွာသားဖြစ်သူ ဒသမတန်းကျောင်းသားတစ်ဦးသည် စစ် ကောင်စီတပ်ထောင်ထားသောမိုင်းကို နင်းမိ၍ ထိခိုက်ဒဏ်ရာရရှိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရသည်ဟု ရွာသား များထံမှ သိရသည်။
ကြခတ်ချောင်းရွာ အထက်တန်းကျောင်းတွင် ဒသမ တန်းတက်ရောက်နေသော မောင်သောကြာ အသက် ၁၆ နှစ်...
ကျေးရွာအတွင်း ဒရုန်းယာဉ်များ လာရောက်ဝဲပျံမှုရှိနေ၍ ဒေသခံရွာသားများစိုးရိမ်နေ
ဖေဖော်ဝါရီ ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်း ကျေးရွာတချို့အပေါ်တွင် ယခုရက်ပိုင်းအတွင်း ဒရုန်း(မောင်းသူမဲ့)ယာဉ် လာရောက်ပျံသန်းထောက်လှမ်းမှုများ အခေါက်ရေများလာသဖြင့် ဒေသခံ ကျေးရွာသားအချို့ စိုးရိမ်မှုများရှိနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာအနီးဝန်းကျင်တွင် လွန်ခဲ့သည့် နှစ်ရက်လောက်ကစ၍ နံနက်ပိုင်းနှင့် ညပိုင်းများတွင် ဒရုန်းယာဉ်များ နေ့စဉ်...
လေးကေကော်နှင့် ကော့ကရိတ်ဒေသများတွင် ပစ်ခတ်မှုများဆက်ရှိနေ၍ စစ်ရှောင်များ နေရပ်ပြန်ရန် မဖြစ်နိုင်သေး
ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ ၆ နယ်မြေ )အတွင်းရှိ လေးကေကော်ဒေသနှင့် ကော့ကရိတ် ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ များအကြား ယခုအချိန် ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဖြစ်၍ စစ်ရှောင်များအနေဖြင့်...















