Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ယခုလ ၁၃ ရက်အတွင်း ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၂၀၀၀ နီးပါးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ယခုလ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၃ ရက်နေ့အထိ ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း လုပ်သား ၂၀၀၀ နီးပါးခန့်ရှိကြောင်း ထိုင်းနယ်ခြားတပ်မှ ထုတ်ပြန်ထားသည့် သတင်းအရ...

အတုအယောင် ပြည်ထောင်စုဝါဒ၊ လူထုအားနဲ့ဖယ်ရှားကြ’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်တွင် ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေပိုင်းတွင် လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက 'အတုအယောင် ပြည်ထောင်စုဝါဒ၊ လူထုအားနဲ့ ဖယ်ရှားကြ' ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုတွင် 'စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံများလွတ်မြောက်ရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး' အစရှိတဲ့...

ပြည်ထောင်စုနေ့အခမ်းအနား ပြုလုပ်ချိန် နိုင်ငံတဝှမ်း အင်တာနက်လိုင်းများ ဖြတ်တောက်ထား

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ယနေ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားပြုချိန် စစ်ကောင်စီအမိန့် ဖြင့် နိုင်ငံတဝှမ်း ဖုန်းအော်ပရေတာမှ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။ "ဒီနေ့ မနက်ပိုင်းက ပုံမှန်အခြေအနေပဲ ထင်လို့...

အတုအယောင် ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ကြောင်း KNU တိုက်တွန်း

ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဆယ်စုနှစ်ပေါင်းများစွာ အသက်သွင်းလာခဲ့သည့် ပြည်ထောင်စုအမည်ခံ အတုအယောင် ပြည်ထောင်စုစနစ်ကို ဝိုင်းဝန်း တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံးက ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက် သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ ပြောဆိုသွားခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ၇၄နှစ်မြောက်...

ပစ်ခတ်မှုများထပ်ဖြစ်ပါက တစ်ရွာလုံး မီးရှို့ပစ်မည် ဟု စစ်ကောင်စီ တပ် ခြိမ်းခြောက် ပြောဆို

ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂ဝ၂၂ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်တို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေး ရွာအနီး၌ ပစ်ခတ်ခဲ့ကြပြီးနောက် ပစ်ခတ်မှုထပ်မံဖြစ်ပွားပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ကျေးရွာဒေသခံများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ခေါ်ယူခြိမ်းခြောက်ပြောဆိုမှုရှိခဲ့သည်ဟု သိရှိရ သည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာအနီးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး...
Donate