KIC News
ထောက်ခံစာဖြင့် ခရီးသွားခြင်းကို ခွင့်မပြုတော့ဟု စစ်ကောင်စီ ထုတ်ပြန်
မတ်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်အစား ထောက်ခံ စာဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း စစ်ကောင်စီလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း...
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် မှန်လုံယာဉ် နှင့် ကုန်တင်တွဲကား တိုက်မှုဖြစ်ပွား
မတ်လ ၅ ရက် ၂၀၂၂ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်း နေရာတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မှန်လုံယာဉ် နှင့် ကုန်တင်တွဲကား တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသော ရွှေသလ္လာ မှန်လုံယာဉ်မှ လားရာတူ ကုန်တင်တွဲကားအား...
နယ်စပ်ကုန်သွယ်မှု ဘတ်နှင့်ကျပ်ငွေ တိုက်ရိုက်ပေးချေလျှင် ဒေါ်လာငွေသုံးစွဲမှု လျော့ကျနိုင်
မတ်လ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက် အသုံးပြုပေးချေခွင့် အမှန်တကယ် ရှိလာပါက ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာငွေသုံးစွဲမှု လျော့ကျလာနိုင်သည်ဟု မြဝတီနယ်စပ်ကုန်သည်ကြီး များအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က သုံးသပ်ပြောဆိုသည်။
သူမက “နယ်စပ်ကုန်သွယ်မှုမှာ တချို့သွင်းကုန်တွေဆိုရင် ဒေါ်လာငွေနဲ့ ပေးချေရတာတွေရှိတယ်။ ဥပမာ...
ရဂေး(Reggae)အဆိုတော် စောဖိုးခွား ပြန်လွတ်မြောက်ရန် ကရင်အနုပညာရှင်များနှင့် ကရင်လူငယ်များ လိုလားနေ
မတ်လ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံကျော်အနုပညာရှင်တချို့ မတ်လ ၂ရက်နေ့က ပြန်လည်လွတ်မြောက်လာကြသော် လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အစတွင် အဖမ်းခံလိုက်သည့် Reggae အဆိုတော်စောဖိုးခွား ပြန်လည်လွတ် မြောက်လာရန် ကရင်အနုပညာရှင်နှင့် ကရင်လူငယ်အသိုင်းအဝိုင်းက လိုလားနေကြသည်။
စစ်တပ်အာဏာသိမ်းယူမှုတွင် အနုပညာရှင်များအကြား ကနဦး အဖမ်းခံလိုက်ရသည့် ငြိမ်းချမ်းရေးသီချင်းများ သီဆို နေသော...
လျှပ်စစ်မီးနေ့စဉ်ပျက်နေခြင်းကြောင့် မြဝတီရှိ အထည်ချုပ်နှင့် အခြားလုပ်ငန်းများ ဆုံးရှုံးနစ်နာမှုများရှိနေ
မတ်လ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် လျှပ်စစ်မီး နေ့စဉ် ပျက်နေခြင်းကြောင့် အထည်ချုပ် လုပ်ငန်းများနှင့် လျှပ်စစ်ကို အသုံးပြုရသည့် လုပ်ငန်းတချို့မှာ ဆုံးရှံးနစ်နာမှု များစွာရှိနေကြောင်း သက်ဆိုင်ရာ လုပ် ငန်းရှင်များထံမှ သိရသည်။
ထိုသို့ လျှပ်စစ်မီးမှာ နေ့စဉ် ပြတ်တောက်မှုရှိနေသဖြင့်...
လုပ်ငန်းခွင်ပြန်ဝင်သည့် ပညာရေးဝန်ထမ်း ၂၀၀ကျော်ကို ပြည်နယ်ကောင်စီဥက္ကဌ ခေါ်ယူတွေ့ဆုံ
မတ်လ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဌ စောမြင့်ဦးက လုပ်ငန်းခွင်ပြန်လည်ဝင်သည့် CDM ပညာရေးဝန်ထမ်း ၂၆၅ဦးကို မတ်လ ၁ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး ဆုံးမဩဝါဒပေးခဲ့သည်ဟု ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဝန်ထမ်းများသည် CDM မှ Non-CDM အဖြစ်...















