KIC News
မြန်မာ့နိုင်ငံရေးအကျဉ်းသားများအတွက် Blue Shirt Day Campaign တွင် ပါဝင်ကြရန် Burma Campaign – UK...
ဧပြီလ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
(Blue Shirt Day Campaign) ရှပ်အပြာရောင်နေ့ သို့မဟုတ် အပြာရောင် အဝတ်အစားများကို လာမည့် ဧပြီလ ၂၁ရက်နေ့တွင် ဝတ်ဆင်ခြင်းဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြန်မာ့နိုင်ငံရေး အကျဉ်းသားများအ တွက် အသံထုတ်ဖော်ပေးကြရန် Burma Campaign...
အကြပ်အတည်းကာလတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့၌ ပုရစ်ဖမ်းကာ ဝင်ငွေရှာနေ
ဧပြီလ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများသည် စစ်အာဏာသိမ်းပြီးနောက် စားဝတ်နေ ရေး အကြပ်အတည်းကာလတွင် တစ်ဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် ယခုဧပြီလတွင် သဘာဝပုရစ်များကို ဖမ်းကာ ဝင်ငွေနေကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်၊ ကွင်းကလေး၊ ပိုင်ကလန်ဒုံနှင့် မိကသို့ စသည့်ကျေးရွာများတွင်...
လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါပစ်ခတ်ခြင်းများလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား KNLA တန်ပြန်တိုက်ခိုက်၍ ၅ ဦးထက်မနည်း သေဆုံး
ဧပြီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ စနိုက်ပါ ချောင်မြောင်းပစ်ခတ်ခြင်းများနေ့စဉ်လိုလိုလုပ်ဆောင်သည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားဖြင့် တန်ပြန်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဘက်က ပြောသည်။...
သံတောင်တွင် ကင်းလှည့်စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ လက်နက် (၂)လက် KNLA သိမ်းဆည်းရမိ
ဧပြီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့နှင့်ပျားစခန်းရွာအကြားရှိ ၁၁ မိုင်ကုန်းအနားတွင် ယနေ့ ဧပြီလ ၂၀ရက်နေ့ နံနက် ၆နာရီခွဲခန့်က ခြေလျင်ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က ...
“ကြည်သာရွှင်မြူး လတန်ခူး”
"ကြည်သာရွှင်မြူး လတန်ခူး"
နှစ်ဟောင်းကုန်လို့ နှစ်သစ်ဝင်
မိဿရာသီခွင်
တန်ခူးလပင် ဆင်ယင်နွှဲ
အတာကူးတဲ့ပွဲ... ။
အေးချမ်းစိုရွှဲ မွှေးနံ့သာ
ယဥ်ကျေးမှုစုံကာ
ရွှင်လန်းကြည်သာ အပြစ်ဆေး
ဝန်ချကန်တော့သေး ... ။
သဒ္ဓါမွှေးတဲ့ အလှူတော်
စတုဒီသာခေါ်
မုန့်လုံးရေပေါ် မုန့်လက်ဆောင်း
ရွှေရင်အေးစေကြောင်း... ။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ဝင်
နှစ်ဆန်းတစ်ရက်တွင်
ရွတ်ဖတ်သံလွင် ပရိတ်တရား
ဘေးရန်ကင်းစေသား ... ။
လူငယ်အများ သာသနာ့ဘောင်
ဝပ်တွားခိုလှုံဆောင်
နောင်သံသရာ နိဗ္ဗာန်လမ်း
ဆောင်ကြဥ်းဖို့ ရည်မှန်း... ။
ကံ့ကော်စိန်ပန်း ငုရွှေဝါ
ပန်းပိတောက် ဝေဖြာ
ဇလပ်ဇီဇဝါ...
ဝါးဘိုးတောလမ်းဆုံရဲဂိတ် တိုက်ခိုက်ခံရပြီး ရဲ(၆) ဦးသေဆုံး
ဧပြီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁ နယ်မြေ)ရှိ ဝါးဘိုးတော လမ်းဆုံ ရဲဂိတ်ကို ယနေ့ ဧပြီလ ၁၉ ရက်နေ့နံနက်တွင် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဖားအံ-သထုံ-ကမမောင်းသွားသည့်...
လဝက်အတွင်း KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေတွင် တိုက်ပွဲပေါင်း ၂၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်...
ဧပြီ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး နယ်မြေ တပ်မဟာ(၅) မူတြော်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား ဧပြီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၂၉ ကြိမ်အထိ...
အဝိုင်းခံထားရသည့် ထီးကပလယ်စခန်းကို စစ်ကူအင်အားဖြည့်တင်းရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ
ဧပြီလ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံထားရသော ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ထီးကပလယ်စခန်းကို စစ်ကောင်စီဘက်မှ စစ်ကူပေးနိုင်ရေး စစ်ကြောင်းချီတက်၍ အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO တပ်မှူးတစ်ဦးက ကေအိုင်စီသို့...















