
KIC News
အစိုးရစစ်တပ်မှ ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု ကေအဲန်ယူ ပြောဆို
ဇန်နဝါရီလ ၁၃ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် မြောက်ပိုင်း၊ ဖာပွန်မြို့နယ် အခြေစိုက် အစိုးရစစ်တပ်မှ တပ်ရင်းတစ်ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရွာသား များနေထိုင်ရာ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။
ဖာပွန်မြို့နယ် ဖလာခိုအခြေစိုက် စစ်ကွပ်ကဲရေးဋ္ဌာနချုပ် စကခ(၈)လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၄၀၁)တပ်ရင်းသည် တပ်ရိက္ခာများ...
ဖားအံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဦးဆောင်ကော်မတီ(KPC)မှ ဦးဆောင်၍ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၉ မှ ၁ဝရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမတောရကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ယခု ၂၀၁၄ခုနှစ် မတ်လ၌ ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်...
SYCB ၁၈ နှစ်ပြည့် အခမ်းအနား ကျင်းပ
ဇန်နဝါရီ ၉ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလူငယ် အဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် စုပေါင်းထားသည့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB) ဖွဲ့စည်းခြင်း ၁၈ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားတစ်ရပ်ကို မဲဆောက်မြို့၊ စီဒီစီအထက်တန်းကျောင်းတွင် ယနေ့ ပြုလုပ်ကျင်းပခဲ့သည်။
နံနက် ၉နာရီခွဲမှ နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားတွင်...
လူငယ်များရဲ့ စကားလက်ဆောင်
နော်လှအေး ၂ဝနှစ်
ပညာအရည်အချင်း ဆယ်တန်းအောင်
ဝါသနာ ဆေးဆရာမ
ကျမဇာတိက ဘီးလင်းမြို့နယ်၊ ကွီးလေးသဝေါဖျာရွာပါ။ အမိုးက နော်မအောင်၊ အပါးက စောရင်စိုးတို့ ဖြစ်ကြပြီး မောင်နှမ ၆ဦး မှာ ကျမက ငါးဦးမြောက်ပါ။ အသက်မွေးဝမ်းကျောင်းအနေနဲ့ မိသားစုတွေက တောင်ယာခုတ်၊ လယ်လုပ်ကြပါတယ်။ ငယ်ငယ် က ကွီးလေးရွာမှာပဲ မူလတန်းအောင်ခဲ့ပြီး လေးကေရွာက အထက်တန်းကျောင်းမှာ...
ကာချုပ်၏ သူရဲကောင်းလော ဒီမိုကရေစီပြည်သူ့ သူရဲကောင်းလော
မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၇ရက်)
(၁)
“သူရဲကောင်း” ဆိုသည်မှာ ဘာလဲ။
ပဒေသရာဇ်ခေတ်၌ “သူရဲကောင်း” ဆိုသည်မှာ အုပ်စိုးသူဘုရင်မင်းမြတ်၏ အကျိုးသစ္စာရှိစွာ သယ်ပိုးသူ။
လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေသော မြန်မာနိုင်ငံ၌လည်း အုပ်စိုးသူအစိုးရအဆက်ဆက်က သူတို့၏အကျိုး ကို သစ္စာရှိစွာ သယ်ပိုးထမ်းဆောင်သူ၊ “တုံးဆိုတိုက်၊ ကျားဆိုကိုက်”...
မကြာခင် စတင်မည့် ဒေါ်စု၏ ကရင်ပြည်နယ်ခရီးစဉ် လူထုနှင့် တွေ့ဆုံရန်ရှိ
ဇန်နဝါရီ ၈ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်သည် ဇန်နဝါရီလတတိယအပတ်အတွင်း ကရင်ပြည်နယ်သို့သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်၌ ဒေသခံလူထု နှင့် တွေ့ဆုံသွားရန်ရှိကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ပြောသည်။
နန်းခင်ထွေးမြင့်က “ဖားအံလူထုတွေ့ဆုံပွဲက...
မီဒီယာလွတ်လပ်ခွင့်အတွက် ရန်ကုန်တွင် မီဒီယာသမားများ ဆန္ဒထုတ်ဖေါ်
ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
မီဒီယာသမားများ သတင်းရယူခွင့် ခြိမ်းခြောက်ခံရခြင်းနှင့် မျှတမှုမရှိသည့် တရားစီရင်ချက်များကို အကြောင်းပြု၍ မြန်မာဂျာ နယ်လစ်ကွန်ရက်က ဦးဆောင်ကာ မီဒီယာသမား အများစု ပါဝင်သော ဆန္ဒဖေါ်ထုတ်ချီတက်ပွဲတစ်ရပ်ကို ယနေ့နံနက် ၇ရက်မှ ၁၁နာရီအထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။
သတင်းမီဒီယာ ခြိမ်းခြောက်ခံရမှု အလိုမရှိ၊ မှန်ကန်သည့်တရားစီရင်ရေး...
ကရင်ကျောင်းသားကွန်ယက်အဖွဲ့ ညီလာခံ ပြည်တွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့
ဇန်နဝါရီ ၆ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
အပစ်အခတ် ရပ်စဲရေးကာလ ကရင်ပြည်နယ်အတွင်း သွားလာမှုများ အနည်းငယ် လွတ်လပ်လာသည့်အပေါ် ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ကရင်ကျောင်းသားကွန်ယက်အဖွဲ့(KSNG)၏ (၂)နှစ်တစ်ကြိမ် ညီလာခံကို ကရင်ပြည်နယ်၊ ပိုင်ကျုြံမို့နယ် ထီးက ဟောကျေးရွာ၌ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂ရက်မှ ၄ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။
KSNG ဥက္ကဌအသစ်...
သမ္မတနှင့် ကာချုပ်တို့နှင့် တွေ့ဆုံရန် KNU ခရီးစဉ်စတင်
ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၁ဝဦးကျော်သည် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ယနေ့ညနေ ၄နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ်မှ ထွက်ခွါသွားပြီဖြစ်သည်။
KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “အခုခရီးစဉ်မှာ KNU...
ဒုံသမိချောင်းတစ်လျှောက်ရှိ လယ်ခင်းများ စပါးထွက်နှုန်း လျှော့နည်း
ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ ဒုံသမိချောင်း၏ အရှေ့အနောက် မြစ်ကမ်းတစ်လျှောက်ရှိ လယ်ခင်းများ၌ ယခုနှစ်တွင် စပါးထွက်နှုန်း အလွန်လျှော့ကျသည့်အတွက် စားသုံးရန် ဆန်လုံလောက်မှု မရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဖားအံမြို့နယ်ဘက်ခြမ်း ဒုံသမိချောင်းအရှေ့ဘက် ကြသောင်းဆိပ်ရွာသူ နော်ယားပူက “ဒီနှစ် စပါးရာသီကတော့...