KIC News
ဗိုလ်စလုံးဦးဆောင်သည့် DKBA အင်အား ၂၀၀ကျော် ဗိုလ်မှူးချုပ်စောနယ်ဒါးမြနှင့် ပေါင်းစည်း
ဧပြီလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လတ်တလော စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ဗိုလ်စလုံး ဦးဆောင်သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO အဖွဲ့နှင့် ပေါင်းစည်းလိုက်ကြောင်း သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးက အတည်ပြု...
ထင်း၊ မီးသွေး၊ အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည်စျေး အဆမတန် မြင့်တက်နေသောကြောင့် အိမ်ရှင်မများ အခက်တွေ့
ဧပြီ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များအကြား နေရာအနှံ့တိုက်ပွဲများ ဖြစ်ပွားနေ သည့်အတွက် လူထုအခြေခံ မီးဖိုချောင်သုံး ထင်း၊ မီးသွေး နှင့် အိမ်သုံးဂက်စ်ဓါတ်ငွေ့ရည် စျေးနှုန်းများ အဆမတန်...
လေယာဉ်ဖြင့် ကြဲချပေးသည့် စစ်ကောင်စီ၏ ရိက္ခာထုပ်များကို KNLA ကြားဖြတ်သိမ်းယူ
ဧပြီလ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်) စခန်းကို စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ကြဲချပေးသည့် ရိက္ခာထုပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များမှ ကြားဖြတ်သိမ်းယူနိုင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့...
CDM ၀န်ထမ်းများအား ခံ၀န်ထိုးရုံးပြန်လာတက်ရန် အကြောင်းကြားပြီး ဖမ်းဆီးစစ်ကြောခံနေကြရသူများရှိနေ
ဧပြီလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ၀န်ထမ်းသပိတ် ဆန္ဒထုတ်ဖော် မှုများတွင် ပါ၀င်ခဲ့ကြသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM ၀န်ထမ်းများအား စစ်ကောင်စီ ဌာနဆိုင်ရာများမှ ခံ၀န်ထိုး၍ ရုံးပြန်လာတက်ရန် မလိမ့်တစ်ပတ် အကြောင်းကြားပြီး ဖမ်းဆီး စစ်ကြောခံနေကြရသူများ...
စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ခလယ်-တံခွန်တိုင်ရွာသားအချို့ ပြန်လွတ်မြောက်လာ
ဧပြီ ၂၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ယနေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ကျေးရွာများရှိ တောင်ညိုတောင်တန်း တောင်ခြေများတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်းဖြင့် အသက်မွေးလုပ်ကိုင်ကြသည့် တောင်သူ ၃၀ ကျော်မှ အချို့ မှာ ပြန်လည်လွတ်မြောက်လာသည်ဟု...















