KIC News
အကြမ်းဖက် (စကစ) စစ်အုပ်စုအတွက် ထွက်ပေါက် မဖြစ်စေနဲ့
အကြမ်းဖက် (စကစ) စစ်အုပ်စုအတွက် ထွက်ပေါက် မဖြစ်စေနဲ့
မောင်ကျော်စွာ
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ရက်)
အကြမ်းဖက်သမား မင်းအောင်လှိုင်က (၂၂-၄-၂၀၂၂)ရက်စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်။ ဒီဖိတ်ခေါ်ချက်ထဲမှာ အောက်ပါ အချက်အလက်တွေ ပါဝင်ပါတယ်။
- နိုင်ငံတော်အစိုးရ/တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုက ရေစီနဲ့ ဖက်ဒရယ်စနစ်ကို...
ခလယ်-တံခွန်တိုင်ကျေးရွာများမှ ဒေသခံ ၃ဝ ကျော် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်
ဧပြီ ၂၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုများမှ ဒေသခံ ၃ဝ ကျော်ကို ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ရွာသားများသည် ဝင်းရော်ဒေသ၏ အနောက်ဘက်...
၁၅ ရက်အတွင်း စခန်းများကို အပြီးတိုင်ရုပ်သိမ်းရန် စစ်ကောင်စီကို KNDO တပ်ရင်း ၄ သတိပေး
ဧပြီ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒေသခံ လူထုများအတွက် ဘေးဒုက္ခနှင့် စိုးရိမ်ကြောက်ရွံ့မှု ဖြစ်စေသည့် စစ်ကောင်စီ တပ်စခန်း ၂ ခုကို ယနေ့ ဧပြီလ ၂၅ ရက်နေ့မှစ၍ ၁၅ ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းပေးရန် ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ...
ကျိုက်ဒုံအနီး မိတန်ရွာတွင် ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးဒဏ်ရာရ
ဧပြီ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ -မိတန်ကျေးရွာတွင် ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့အကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂ဦး...
မာထောရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရ
ဧပြီလ ၂၄ ရက်။ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် မထောအခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈)လက် အောက်ခံ ခမရ(၄၀၈)တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေတွင် ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။...
မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းမလုပ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ခရီးသည် တင်မော်တော်ယာဉ်များ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များအား အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြန်လုပ်ရန် သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူးတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ်...
ကတိုင်တိ BGF- စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ်၊ ကတိုင်တိကျေးရွာရှိ (BGF-၁၀၁၃) စခန်းမှ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်တွင် လက်နက်ကြီး (၁၂၀ မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာ(တာအိုနီ) မှ...
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ရွာသားများ ထောင်ချီစစ်ဘေးရှောင်နေရ
ဧပြီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ကျေးရွာများထဲသို့ ဧပြီလ ၂၃ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ အမြှောက်လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် သည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံရွာသားများဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရ သည်ဟု သိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်...
မြ၀တီ တံတားထိပ်ပေါက်ကွဲမှု နေအိမ်ဆိုင်ခန်းများထိခိုက်ပျက်စီးမှုများပြား၊ တံတားအနီး၀န်းကျင်ရှိ နေအိမ် CCTV များ စစ်ဆေးမှုများ လုပ်ဆောင်နေ
ဧပြီလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီမြို့ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ မြန်မာဘက်အခြမ်းနေရာတွင် ဧပြီလ ၂၃ ရက် ည ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော အကြီးစား မိုင်းပေါက်ကွဲမှုတွင် နေအိမ်ဆိုင်ခန်းများအပါအဝင် ထိခိုက်ပျက်စီးမှု များပြားလျက်ရှိသည်ဟု သိရသည်။...















