KIC News
KNU တပ်မဟာ (၅)တွင် လဝက်အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၈၈ ဦးကျဆုံးပြီး ၆၈ ဒဏ်ရာရ
မေလ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ (တပ်မဟာ ၅) နယ်မြေတွင် ယခုမေလ၊ လဝက်အတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့ဝင် စုစုပေါင်း ၈၈ ဦးကျဆုံးပြီး ၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ မေလ (၁၇)ရက်နေ့တွင် ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။
ယခုလဝက်အတွင်း...
နိုင်ငံတကာ ပါဝင်ပတ်သက်မှုမရှိလျှင် ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ကြောင်း EAO တချို့ပြော
မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံတကာတိုင်းပြည်များ၏ ပါဝင်မှု မရှိလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိသည့် ဆွေးနွေးပွဲမဖြစ်နိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့က မေလ ၁၂ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်ပြီး ပြန်လည်တုန့်...
ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် လေးကေနှင့် ဝင်းတာပန်ရွာတွင် နေအိမ်အများအပြား ဖောက်ထွင်းခံရ
မေလ ၁၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသော သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများရှိ နေအိမ်အမြောက်အများကို စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF များက ဝင်ရောက်ဖောက်ထွင်းပြီး ပစ္စည်းအမြောက်အများ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာများရှိ နေအိမ်အလုံး ၃၀ကျော် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး...
ကြာအင်းတောင်ထိပ်တွင် စစ်အာဏာရှင်တော်လှန်ရေးစာတန်းချိတ်ဆွဲကာ ဆန္ဒပြ
မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့ ၊ အမှတ်(၉)ရပ်ကွက်ကြာအင်းတောင်ထိပ်တွင် ယနေ့ မေလ ၁၇ ရက် နံနက် ၁၁ နာရီတွင် တက်ကြွလှုပ်ရှားလူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲကာ ဆန္ဒပြလှုပ်ရှားခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်ကို သွေးမအေးဘဲ ဆန့်ကျင်တော်လှန်နေသည်ကို ပြသလိုသည့်အနေဖြင့်...
နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဒေသအတွင်းသွားလာခြင်း မပြုရန် နယ်မြေခံ KNLA တာဝန်ရှိသူများ သတိပေးထား
မေလ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဒေသဖြစ်သည့် လေးကေကော်ဒေသအတွင်း စစ်ကောင်စီတပ်ဘက်မှ မြေမြှုပ်မိုင်းများထောင်ထားသည့် အတွက် ဒေသခံများနေရပ်ပြန်လည်၀င်ရောက်သွားလာခြင်း မပြုကြရန် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ရေးတာ၀န်ရှိသူများက နိုးဆော်အသိပေးထားကြောင်း သိရသည်။
လေးကေကော်တိုက်ပွဲ ဖြစ်ပွားရာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲနေရာဒေသ ရပ်ကွက်များ၊ ကျေးရွာများ ၊ လမ်းမကြီးများ၊...
မိုးရာသီအတွင်း ခိုလှုံနိုင်ရန် ဒေါနအရှေ့ခြမ်းရှိ စစ်ဘေးရှောင်များအား ယာယီတဲအိမ်လေးများ ဆောက်လုပ်ပေး
မေလ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒေါနအရှေ့ဘက်ခြမ်းရှိ လေးကေကော်ဒေသအပါအဝင် သောင်ရင်းမြစ်ဘေးတစ်လျှောက် စစ်ဘေးရှောင် နေကြရသူများအနေဖြင့် ယခုနှစ် မိုးရာသီ ကာလအတွင်း မိသားစုအလိုက် လုံလုံခြုံခြုံဖြင့် နေထိုင်ရန် ယာယီတဲအိမ်လေးများ ဆောက်လုပ်ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
ယခုလို မိုးရာသီကာလအတွင်း စစ်ဘေးရှောင်ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကို ဒေသခံ...
ကျုံဒိုးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုအတွင်း ပါ၀င်ခဲ့ဖူးသူနေအိမ်များအား ၀င်ရောက်ဖမ်းဆီး၍ ဒေသခံ ၅ ဦးဖမ်းဆီးခံရ
မေလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် ရပ်ကွက်များတွင် စစ်အာဏာသိမ်းဖြစ်စဉ်ကာလအတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်ဖူးသည့် ဒေသခံအချို့၏ နေအိမ်များအား မေလ ၁၃ ရက်ညက စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီ သတင်းပေးအုပ်ချုပ်ရေးမှူးများ ပါ၀င်သည့် အဖွဲ့များမှ...















