KIC News
ကော့ကရိတ် မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်း နေထိုင်သူများအား စစ်ကောင်စီ နေရာရွှေ့ပြောင်းခိုင်းနေ
ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်းတွင်း နေထိုင်သည့် ဒေသခံပြည်သူများအား ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကောင်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ရှောင်တခင်၀င်ရောက်စစ်ဆေးမှုလုပ်ဆောင်ကာ နေရာ ရွှေ့ပြောင်းခိုင်းနေကြောင်း သိရသည်။
ကော့ကရိတ် မြို့အနီး၀န်းကျင်တတန်ကူး၊ မြို့တော်ဦး၊ ခနိမ်းမူ ရပ်ကွက်အပိုင်းရှိ ဒေသခံနေအိမ်များအား စစ်ကောင်စီ...
မီးပြတ်တောက်မှုကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်လုပ်ကိုင်နေသည့် မြဝတီဒေသခံပြည်သူများ အခက်တွေ့
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ကြာမြင့်လာသောကြောင့် လျှပ်စစ်မီးအသုံးပြု၍ အလုပ်လုပ်ကိုင်ရသည့် ဒေသခံပြည်သူများအနေဖြင့် ခက်ခဲမှုများရှိနေကြောင်း သိရှိရသည်။
မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ပင်မထရန်စဖော်မာကို ဒီဇင်ဘာလ ၁၅ ရက်ညတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြဝတီမြို့တွင် ဒီဇင်ဘာလ ၁၆...
လက်နက်အင်အားဖြည့်ဆည်းပေးနိုင်မှု ယခင်ကထက် ပိုလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း NUG ပြော
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများအား ယခင်ကထက်စာလျှင် အတိုင်း အတာတစ်ခုအထိ ဖြည့်ဆည်းပေးထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်း၏...
နဘူးနယ်တွင် ကရင့်ရိုးရာကောက်သစ်စားပွဲ ပြန်လည်ဖော်ထုတ်ခြင်း ပြုလုပ်
ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ နဘူးမြိုနယ်၊ သာယာ ကုန်းကျေးရွာတွင် ဒေသခံလူထုများဦးဆောင်၍ ကရင့်ရိုးရာကောက်သစ်စားပွဲ ဖော်ထုတ်ခြင်းပွဲတော်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ကျေးရွာများစု ပေါင်းပြီး ပြုလုပ်ကြသည်။
ရိုးရာ ကောက်သစ်စားခြင်းကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ကောက်ပဲသီးနှံများ အထွက်တိုးစေကြောင်း...
ကော့ကရိတ်တောင်ပိုင်းဒေသခံများ မြောက်ပိုင်းဘက် နေရာရွှေ့ပြောင်း စစ်ဘေးရှောင် နေထိုင်နေကြရ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လတ်တလော တိုက်ပွဲ ပြင်းထန်နေသည့် ကော့ကရိတ်မြို့ တောင်ပိုင်းကျေးရွာမှ ဒေသခံများသည် မြောက်ပိုင်းကျေးရွာများဘက် နေရာရွှေ့ပြောင်း စစ်ဘေးရှောင် နေထိုင် နေကြရသည်ဟု သိရသည်။
စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကော့ကရိတ်တောင်ပိုင်းကျေးရွာ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးစစ်ရှောင်နေကြရသည့် ဒေသကျေးရွာများဘက်သို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊...
KNU နှင့် NMSP မဟာမိတ်အဖြစ် ပိုမိုပေါင်းစည်းနိုင်ရေး ကရင်နှင့်မွန်လူငယ်များ တိုက်တွန်းမည်
ဒီဇင်ဘာ ၂၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီ- NMSP တို့ကို မဟာမိတ်အဖြစ် ပိုမိုပေါင်းစည်းသွားနိုင်ရန် ကရင်နှင့် မွန်လူငယ်အဖွဲ့များက အတူတကွတိုက်တွန်းဆောင်ရွက်သွားမည်ဟု နှစ်ဖက် လူငယ်တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယအပတ်က ဝင်းရေးမြို့နယ်တွင် ပြုလုပ်သည့် မြို့နယ်ကရင်လူငယ်အစည်းအရုံးနှင့် မွန်ပြည်နယ်အခြေစိုက်...
ကော့ကရိတ်မြို့အနီးတွင် ရွာသူရွာသား၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
ဒီဇင်ဘာလ ၂၇ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာတွင် ယနေ့ဒီဇင်ဘာလ ၂၇ရက်၊ နေ့လည်အချိန်တွင် ရွာသားရွာသားများ၏ နေအိမ် ၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံရသည်ဟု ကိုယ်တိုင်တွေ့မြင်သူများက ပြောသည်။
ကော့ကရိတ်မြို့အနီး ကော့နွဲရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ ယနေ့...
ဘန့်ဒုံယမ်းဒုက္ခသည်စခန်း မီးလောင်မှုဖြစ်၍ နေအိမ် ၃၂လုံးပျက်စီးကာ လူ ၁၀၀ ကျော် မီးဘေးသင့်
ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဒီဇင် ဘာလ ၂၅ ရက်နေ့က ရပ်ကွက်(D) ထဲတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ၃၂ လုံးမီးလောင်ကာ လူ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ရသည်ဟု...














