Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

မြ၀တီမြို့နယ်အတွင်း ရဲတပ်ဖွဲ့၀င်များ တရားမ၀င်ငွေကြေးရယူမှုများဖြင့် ၀င်ငွေကောင်းနေ

မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များသည် ဒေသအတွင်း တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်နေကြသူများ၊ ဒေသတွင်းလူငယ်လူရွယ်များအား ဖမ်းဆီးခြိမ်းခြောက်၊ ဆက်ကြေးကောက်ငွေညှစ်မှုများလုပ်ဆောင်ကာ လာဘ်ငွေရယူမှုကြီးထွားလာပြီး ရာထူးအဆင့် လိုက်၀င်ငွေကောင်းနေကြကြောင်း မြ၀တီမြို့ခံ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။ “လူထုထဲက တရားမ၀င် ဆိုင်ကယ်ကယ်ရီတို့...

တောင်ပိုင်းဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ပထမဆုံးအကြိမ် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှု သင်တန်းပြီးစီး

မတ်လ ၂၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃ ရှိ စစ်ကြောင်းများ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှုသင်တန်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု စစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ စစ်ကြောင်းအသီးသီးရှိ ပြည်သူ့ရဲဘော်များအား လက်နက်ကြီးများ...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ရွာဝင်တစ်ရွာထွက် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ လိုက်လံပြုလုပ်

မတ်လ ၂၂ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တစ်ရွာ ဝင်တစ်ရွာထွက်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ လိုက်လံပြုလုပ်ပြီး ဒေသခံ ပြည်သူ တစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံမြို့နယ်ရှိ ရွာနှစ်ရွာဖြစ်သည့် ညောပြင်ကျေးရွာနှင့်အောက်ကျောက်ဝပ်ကျေးရွာရှိ နေအိမ် များကို ယမန်နေ့ နေ့လည်...

KNU ခရိုင်နှစ်ခုတွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေ

မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများဖြစ်သော ညောင်လေးပင်ခရိုင်နှင့် သထုံခရိုင်အတွင်း မတ်လဒုတိယအပတ်မှစ၍ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် မတ်လ (၂၀)ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့်...

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီက လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ငွေကြေးကောက်ခံနေ

မတ်လ ၂၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်အုပ်ချုပ်ရေးအမိန့် (မာရှယ်လော)အဖြစ် ထုတ်ပြန် ထားသော်လည်း လက်ရှိ မြို့ပေါ်ရပ်ကွက်များတွင် လောင်းကစားဝိုင်းအမျိုးမျိုးဖြင့် ၂၄ နာရီလုံး ကစား နိုင်အောင် စစ်ကောင်စီတာဝန်ရှိသူများက ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံနေသည်ဟု မြို့ခံများထံမှ သိရသည်။ ကြာအင်းဆိပ်ကြီးမြို့ရှိ သင်္ချိုင်းကုန်းအနီး...
Donate