KIC News
မိမိတပ်ဖွဲ့ဝင်များကို ကြပ်မတ်သွားရန် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များအား စစ်ကောင်စီ အသိပေးစာပေးပို့
ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသွားလာပါက သက်ဆိုင်ရာ အကြီးအကဲနှင့် ဆက်ဆံရေးရုံးများကို သတင်းပေးပို့သွားရန် ပြည်နယ်စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က သက်ဆိုင်ရာဆက်ဆံရေးရုံးများကို အသိပေးစာများပေးပို့ခဲ့သည်ဟု သိရသည်။
အဆိုပါ အသိပေးစာကို ဖားအံမြို့ရှိ NCA အပစ်ရပ်...
ကော့ကရိတ်၊ လှိုင်ဝရွာ ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ
ဧပြီလ ၄ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ ပြည်သူ့စစ်တစ်ဦး ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်အရွယ် သားငယ်ဆိုသူဖြစ်ပြီး...
မတ်လအတွင်း တိုက်ပွဲပေါင်း (၁၉၀) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်
ဧပြီလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် မတ်လ တစ် လတာအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့အကြား နှစ် ဖက်တိုက်ပွဲပေါင်း (၁၉၀)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်၏ ယမန်နေ့...
စစ်ကောင်စီတပ်က လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲထားသဖြင့် ဘီးလင်းဒေသခံများ စိုးရိမ် ထိတ်လန့်နေရ
ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးကြီး၊ အလူးလေး၊ ဝင်းပြန်အစရှိသည့် ကျေးရွာ များတွင် ပြီးခဲ့သည့် မတ်လ(၃၁)ရက်နေ့က စစ်ကောင်စီတပ်များ လက်နက်ကြီးများတပ်ဆင်ကာ ဝင်ရောက်တပ်စွဲထားသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က စစ်ကား(၂၃)စီးဖြင့်...
ကော့ကရိတ်၊ ကြောင်လျှာကုန်းရွာကို စစ်တပ်နှင့် BGF များ ပစ်ခတ်၀င်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်
ဧပြီ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ ဒေါနတောင် လမ်းဟောင်းဘက်ရှိ ကြောင်လျှာကုန်းကျေးရွာကို ဧပြီလ ၂ ရက်က ဖားအံ တပ်မ ၂၂ က စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် - BGF များ ပစ်ခတ်၀င်ရောက်ပြီးနောက်...
စစ်ကောင်စီ၏ ရဲစခန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒုတိယအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်
ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဒုတိယကြိမ် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပုလောမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Palaw Regional Defense Force (PRDF)၏ ယနေ့ (ဧပြီ ၃ ရက်)ထုတ်ပြန်ထားသည်။
ပုလောမြို့နယ်ရှိ...
ရေးတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရ
ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာတွင် ရာဘာခြံသွားသည့် ညီအစ်ကို ၂ ဦးကို ယမန်နေ့ ဧပြီလ (၂)ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း...
စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံဒိုးတွင် အသက် ၁၂ အရွယ်ကလေးငယ်တစ်ဦး သေဆုံး
ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ မနီကုန်း ( ရိုမဟာတစ်)ရွာတွင် ယနေ့ ဧပြီလ ၃ ရက် နံ နက် ၈နာရီဝန်းကျင်တွင် စစ်ကားပေါ်ရှိ စစ်ကောင်စီတပ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ်...
အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနှင့်ပတ်သက်၍ ကျုံပျော်တွင် အရပ်သား ၃ ဦး ထပ်မံအဖမ်းခံရ၊ တစ်ဦး သေဆုံး
ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စု၊ အင်းဖျားကျေးရွာရှိ စစ်ကောင်စီ ခန့်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် သံဃာတော်တစ်ပါးအပါအဝင် အင်းဖျား ဒေသခံ၇ ဦး အဖမ်းဆီးခံရပြီးနောက် နောက်ထပ်ဒေသခံ ၃ ဦး ထပ်တိုးအဖမ်းခံရကာ အဖမ်းဆီးခံရသူထဲမှတစ်ဦးမှာ...
မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားမှုဆက်ရှိနေသဖြင့် အရပ်သားအိုးအိမ်နှင့် လူထိခိုက်မှုဆက်ရှိနေ
ဧပြီလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား ယမန်နေ့ ဧပြီလ ၁ ရက်နေ့အထိ နှစ်ဖက်တိုက်ခိုက်မှုများ ဆက်ဖြစ်ပွားနေ...














