KIC News
မြဝတီမြို့တွင်း မြို့ပြင် ဘုန်းကြီးကျောင်းများတွင် စစ်ရှောင် ၃၀၀၀ ကျော် အတွက် အကူအညီတွေလိုအပ်နေ
ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းနှင့် မြို့အပြင်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီစစ်ဘေးရှောင်နေကြရသည့် ဒေသခံထောင် ၃,၀၀၀ ကျော်အတွက် စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် နေသည်ဟု မဲကနယ်ကျေးရွာစစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်...
ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ
ဧပြီလ(၂၀)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလုံတောင်တွင် တပ်စွဲထားသော စစ် ကောင်စီတပ်က အလူးရွာသို့ ယမန့်နေ့ ဧပြီလ(၁၉) ရက်၊ နေ့လည်ပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထပ်မံစစ်ဘေးတိမ်းရှောင်နေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ(၁၂)ရက်နေ့က အလူးရွာငါးရွာရှိ...
လောင်းလုံမြို့နယ်တွင် အမည်မသိလက်နက်ကိုင် ပေါ်ပေါက်လာ၍ ပြည်သူများ စိုးရိမ်နေ
ဧပြီလ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက် လာသောကြောင့် ပြည်သူများအနေဖြင့် သွားလာရေးနှင့်စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာအနီးတွင် ယမန်နေ့ ၁၉ရက်နေ့ ည ၉ နာရီ အချိန်ဝန်းကျင်ခန့်တွင် ဒေသခံ...
မဲကနယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်
ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသတွင် ယမန်နေ့ ဧပြီလ(၁၉)ရက် နေ့က ကော်ဘရာစစ်ကြောင်း (Cobra Column ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း...
စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ
ဧပြီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စစ်ကောင်စီ၏ လယ်တိုးစခန်းရှိ စစ်ကောင်စီတပ်သား (၄)ဦးသည် အစားအစာအပြည့်အဝ မစားရသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၅)ထံ လက်နက်နှင့်အတူ ဝင်ရောက်လက်နက်ချခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ဧပြီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရှေ့တန်းထွက်စစ်မြေပြင်...
ပကာရီကျေးရွာတွင် စစ်ကောင်စီ အင်အား ၂၀၀ခန့် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်နေကြရ
ဧပြီလ၂၀ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်ကို အာဏာသိမ်းစစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာအတွင်း နေထိုင်သူများသည် ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာကို ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ယနေ့ဧပြီလ၂၀ရက်နေ့ထိ ထားဝယ်မြို့နယ် ဗျောတောဝမှ...
စစ်ရှောင်ကာလ လနှင့်ချီကြာလာ၍ ကော့နွဲဒေသခံများ စားသောက်ရေး ပိုမိုခက်ခဲလာနေ
ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးအသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာမှ ဒေသခံများသည် စစ်ရှောင်ကာလ လနှင့် ချီကြာလာသဖြင့် လက်ရှိတွင် စားသောက်ရေး ပိုမိုအခက်အခဲရှိလာကြောင်း မြေပြင် သတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊...
အကြောက်တရားများအောက်တွင် ရှင်သန်နေရသည့် မြေစာပင်များ
အကြောက်တရားများအောက်တွင် ရှင်သန်နေရသည့် မြေစာပင်များ
စအိုင်ဆူး ( ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်)
“ကျမကလေးတွေဆိုရင် လေယာဉ်သံမြည်တာနဲ့ တန်းပြေးတော့တာပဲ။ အငယ်ဆုံးက ၅နှစ်ပဲ ရှိသေး တယ်။ သူက လေယာဉ်သံကြားပြီးဆိုရင် အမေရေ လေယာဉ်လေယာဉ် ပြေးပြေးဆိုပြီး သူလည်း ပြေး ရော။ ပြန်လာပြန်လာဆိုပြီး...














