Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ ကားများရာနှင့်ချီ ပိတ်မိနေ

ဧပြီလ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာနှင့် နီးစပ်သည့် နေရာများတွင် ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းက နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင် စီတပ်များ အကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယာဉ်များ ရာနှင့်ချီ ပိတ်မိနေကြောင်း...

ကရင်ဒေသတွင် အာဏာသိမ်းကာလအတွင်း ထိခိုက်သေဆုံးခဲ့သော ကလေးသူငယ် ၄၀ ကျော်ရှိနေ

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ အာဏာသိမ်းယူထားသည့်ကာလအတွင်း ပဋိပက္ခများကြောင့် ကရင်တိုင်းရင်း သားဒေသများတွင် ထိခိုက်သေဆုံးခဲ့ရသော ကလေးသူငယ်ဦးရေ ၄၀ကျော်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG ၏ မှတ်တမ်းတင်ပြုစုထားသည့်စာရင်းများအရ သိရသည်။ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၈...

မဲကနယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ပြီး လေယာဉ်ဖြင့်ပစ်ကူ‌ပေးနေ

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာ ကျောက်တောင်၊ ကျောက်မဲ နေရာများတွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးနေကြောင်း မဲကနယ်ဒေသခံ များက ပြောသည်။ ယနေ့နံနက်အစောပိုင်းတွင်...

ပြိုကျပျက်စီးသွားသော တံတားပြုပြင်ခြင်းမရှိ၍ သယ်ယူပို့ဆောင်ရေး သွားလာရေး အခက်အခဲဖြစ်နေ

ဧပြီ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ပိုင်ကျုံမြိုနယ် ကျိပလီးရွာအဝင်ရှိ ချောင်းကူးကွန်ကရစ်တံတားကို တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျပျက်စီး သွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေသော်လည်း ပြန်လည်ပြုပြင်ခြင်းမရှိသောကြောင့် ဒေသခံများ၏ သွားလာရေး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။ အဆိုပါ တံတားကို ကရင်ပြည်နယ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် သူးမွဲထအောင်မြေကုမ္ပဏီက...

KNU ဥက္ကဋ္ဌ သတိလစ်၍ ဆေးရုံတင်ထားရ၊ ပြန်လည်သက်သာလာပြီးဟု ဆို

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် သွေးတိုးတက်ပြီး မူးဝေအော့အန် သတိလစ်သွားခြင်းကြောင့် ၎င်းနေထိုင်ရာ နေအိမ်မှတဆင့် မဲဆောက်မြို့ရှိ ( Maesotram Hospital) ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း...
Donate