Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ကရင်ပြည်နယ်မဲရလဒ် တရားဝင်မထုတ်ပြန်သေး၍ လေ့လာစောင့်ကြည့်သူအချို့ ဝေဖန်

ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)ခုတွင် စစ်အုပ်စုကျင်းပသည့်ရွေးကောက်ပွဲရလဒ်အနိုင်ရ ပါတီစာရင်းအား ယနေ့ (ဒီဇင်ဘာ၂၉ ရက်) လက်ရှိသတင်းတင်ဆက်နေချိန်အထိ ပြည်နယ်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဘက်မှ တရားဝင်မထုတ်ပြန်သေးသဖြင့် လေ့လာစောင့်ကြည့်သူအသိုင်းအဝိုင်းမှ ဝေဖန်သံတချို့ထွက်နေကြောင်း သိရသည်။ အတုအယောင်ပွဲဟု ပြည်သူလက်ခံထားသည့် ရွေးကောက်ပွဲကို စစ်အုပ်စုက ကရင်ပြည်နယ်၌ကျင်းပရာတွင် ပထမပိုင်းအဖြစ်...

ဒူးသထူခရိုင်၊ ဖားအံဘက် ကျေးရွာအချို့ စစ်မှုထမ်းဖြင့် ခြိမ်းခြောက်ခံရ၍ မဲထည့်ခဲ့ရ

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ဖားအံမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စုမှ မဲမထည့်ပါက စစ်မှုထမ်းခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်သဖြင့် မဲထည့်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲအတွက် သွားရောက်မဲထည့်လိုသူနည်းပါးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စု...

မဲအနိုင်ရ USDP ၏ သံတောင်ကြီးမြို့နယ်ဆန္ဒမဲ တပ်အသိုင်းအဝိုင်းမှအပ မဲပေးပြည်သူမရှိခဲ့

ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ အတုအယောင်ရွေးကောက်ပွဲပထမပိုင်း၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မဲရလဒ်စာရင်းရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDPမှ ကရင်ပါတီများကို ကျော်လွန်၍ အနိုင်ရရှိသွားသော်လည်း စစ်အုပ်စုမိသားစုအသိုင်းအဝိုင်းမှလွဲ၍ ဆန္ဒမဲသွားပေးသူမရှိခဲ့ကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။ ကရင်ပြည်နယ်မဲအနိုင်ရပါတီစာရင်းကို စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် မထုတ်ပြန်သေးသော်လည်း ဖားအံ၊ မြဝတီ၊ သံတောင်ကြီး...

ဒိုက်ဦးထောင်၌ ခရစ္စမတ်ဆုတောင်းသည့် နိုင်ငံရေးကျဉ်းသူများကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ထားကြောင်း နိုင်ငံရေးအကျဥ်းသားများကို ကူညီနေသည့် အဖွဲ့အစည်း (၄) ဖွဲ့က ယနေ့...

အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးတာကို မြင်ပြီး NUG ဝန်ကြီးနှုတ်ထွက် ဆိုပြီး စစ်လော်ဘီတွေ သတင်းအမှားဖြန့်

အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးတာကို မြင်ပြီး NUG ဝန်ကြီးနှုတ်ထွက် ဆိုပြီး စစ်လော်ဘီတွေ သတင်းအမှားဖြန့် ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။ KIC/ The Arakan Express News/ The Red Flag/ MFCN အနှစ်ချုပ်အကြောင်းအရာ “ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးနေတာကိုမြင်ပြီး...

နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးကြတယ်ဆိုတဲ့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ချိမှုကို စိစစ်ချက်

နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးကြတယ်ဆိုတဲ့ စစ်ကော်မရှင်လော်ဘီတွေရဲ့ ဖြန့်ချိမှုကို စိစစ်ချက် Fact Check၊ Dawei Watch / The Red Flag စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင်...

မြဝတီ မဲရုံလေးဆယ်ကျော်မှာ ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူ ၁ ထောင်ပင်မပြည့်

ဒီဇင်ဘာ (၂၈)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ယနေ့(ဒီဇင်ဘာ ၂၈ ရက်)ပြုလုပ်သော စစ်အုပ်စု၏ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိမဲရုံများသို့ လာရောက်ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူအရေအတွက်(၁,၀၀၀)ပင် မပြည့်ကြောင်း မဲရုံအခြေအနေစောင့်ကြည့်လေ့လာသည့် သတင်းအရင်းအမြစ်မှ သိရသည်။ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အရ မြ၀တီမြို့ပေါ် ရပ်ကွက် (၇)ခုအပါအဝင် ပူလွဲပူ၊ ဖားကလူ၊ မဲကနယ်၊...

မြဝတီမြို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော စစ်အုပ်စု၏ ပထမပိုင်း ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း သိရသည်။ မြဝတီမြို့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက် (၁) မှ ရပ်ကွက် (၇)...

မြဝတီမြို့အတွင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း ယနေ့ ဒီဇင်ဘာ၂၇ ညပိုင်းတွင် ပေါက်ကွဲဖြစ်စဉ် ဆက်တိုင်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။ ယနေ့ ဒီဇင်ဘာ၂၇ ည ၈ နာရီ ၃၉ မိနစ်အချိန်တွင် မြဝတီမြို့ အမှတ်...

ခရစ်စမတ်ပွဲတော်ရက်များအတွင်း ဖလူးဘက် စစ်အုပ်စုစစ်ကြောင်းထိုး၍ တိုက်ပွဲများပြင်းထန်

ဒီဇင်ဘာ (၂၇) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ပိုင်း၊ ဖလူးကျေးရွာအုပ်စုဘက်တွင် ခရစ်စမတ်နေ့ ဒီဇင်ဘာ (၂၅) ရက်နေ့မနက်ပိုင်းမှစ၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကြားဖြတ်တိုက်ခိုက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်စစ်ကြောင်းများ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။ ဖလူးကြီး၊ဖလူးလေးနှင့် မင်းလက်ပံကျေးရွာလမ်းပိုင်းများအား ထိန်းချုပ်နိုင်ရန် လက်နက်ကြီးနှင့်အသေခံ(ကာမီကာဇေ)ဒရုန်းများ ပစ်ခတ်တိုက်ခိုက်ပြီး...
Donate