KIC News
လက်နက်ကြီးကြောင့် အလူးလေးတွင် အမျိုးသမီးများအပါအဝင် ၃ ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရ
ဇန်နဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ယနေ့ ဇန်နဝါရီလ(၂)ရက်နေ့က စစ် အုပ်စုတပ် ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ အလူးလေးကျေးရွာသို့ ယနေ့နံနက်ပိုင်းက...
KNA ပြောင်းလဲဖွဲ့စည်းမှုအတွင်း BGF တပ်ဖွဲ့ အုပ်စုနှစ်စုကွဲ
ဇန်နဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နှင့် မွန်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များသည် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းမှုအတွင်း တပ်နယ်မြေများအလိုက် တစ်ပြေးညီ မဖြစ်ပေါ်သေးဘဲ BGF အဖြစ် ဆက်လက်ရပ်တည်ကာ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် တပ်ဖွဲ့အချို့လည်းရှိနေကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်...
ပုလောမြို့နယ် CDM ဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု တရားမျှတမှုရရှိရေး NUG နှင့် KNU ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့...
ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာနေ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်သည်အထိ...
ရွေးကောက်ပွဲမဲရလဒ်အတိုင်း လက်ခံမည်ဖြစ်ကြောင်း KNDP ပြော
ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရွေးကောက်ပွဲပထမအဆင့် ကရင်ပြည်နယ် မဲရလဒ်စာရင်းရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP နှင့်အကြိတ်အနယ်ဖြစ်ခဲ့သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP က ထွက်လာသည့်ဆန္ဒမဲရလဒ်အတိုင်း လက်ခံမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်၊ ဖားအံ၊ သံတောင်ကြီး၊ မြဝတီမြို့နယ်တို့တွင် စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ-USDP နှင့်အပြိုင် KNDP၊...
ဖာပွန်ဗျူဟာမကျရေးနှင့် ကာကင်းစခန်းများပြန်ရရေး စစ်အုပ်စု လေကြောင်းသုံးတိုက်ခိုက်
ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)/ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ဖာပွန်ဗျူ ဟာကုန်းစခန်းမကျရေးနှင့် သိမ်းပိုက်ခံထားရသည့် ကာကင်းစခန်းများပြန်ရရေး စစ်အုပ်စုက လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း တပ်မဟာ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။
ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်က တိုက်ခိုက်...
ကရင်ပြည်နယ်မဲရလဒ် တရားဝင်မထုတ်ပြန်သေး၍ လေ့လာစောင့်ကြည့်သူအချို့ ဝေဖန်
ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)ခုတွင် စစ်အုပ်စုကျင်းပသည့်ရွေးကောက်ပွဲရလဒ်အနိုင်ရ ပါတီစာရင်းအား ယနေ့ (ဒီဇင်ဘာ၂၉ ရက်) လက်ရှိသတင်းတင်ဆက်နေချိန်အထိ ပြည်နယ်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဘက်မှ တရားဝင်မထုတ်ပြန်သေးသဖြင့် လေ့လာစောင့်ကြည့်သူအသိုင်းအဝိုင်းမှ ဝေဖန်သံတချို့ထွက်နေကြောင်း သိရသည်။
အတုအယောင်ပွဲဟု ပြည်သူလက်ခံထားသည့် ရွေးကောက်ပွဲကို စစ်အုပ်စုက ကရင်ပြည်နယ်၌ကျင်းပရာတွင် ပထမပိုင်းအဖြစ်...
ဒူးသထူခရိုင်၊ ဖားအံဘက် ကျေးရွာအချို့ စစ်မှုထမ်းဖြင့် ခြိမ်းခြောက်ခံရ၍ မဲထည့်ခဲ့ရ
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ဖားအံမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စုမှ မဲမထည့်ပါက စစ်မှုထမ်းခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်သဖြင့် မဲထည့်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲအတွက် သွားရောက်မဲထည့်လိုသူနည်းပါးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စု...
မဲအနိုင်ရ USDP ၏ သံတောင်ကြီးမြို့နယ်ဆန္ဒမဲ တပ်အသိုင်းအဝိုင်းမှအပ မဲပေးပြည်သူမရှိခဲ့
ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အတုအယောင်ရွေးကောက်ပွဲပထမပိုင်း၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မဲရလဒ်စာရင်းရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDPမှ ကရင်ပါတီများကို ကျော်လွန်၍ အနိုင်ရရှိသွားသော်လည်း စစ်အုပ်စုမိသားစုအသိုင်းအဝိုင်းမှလွဲ၍ ဆန္ဒမဲသွားပေးသူမရှိခဲ့ကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်မဲအနိုင်ရပါတီစာရင်းကို စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် မထုတ်ပြန်သေးသော်လည်း ဖားအံ၊ မြဝတီ၊ သံတောင်ကြီး...
ဒိုက်ဦးထောင်၌ ခရစ္စမတ်ဆုတောင်းသည့် နိုင်ငံရေးကျဉ်းသူများကို ရိုက်နှက်ပြီး ၁၅ ဦး တိုက်ပိတ်ထား
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ထားကြောင်း နိုင်ငံရေးအကျဥ်းသားများကို ကူညီနေသည့် အဖွဲ့အစည်း (၄) ဖွဲ့က ယနေ့...
အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးတာကို မြင်ပြီး NUG ဝန်ကြီးနှုတ်ထွက် ဆိုပြီး စစ်လော်ဘီတွေ သတင်းအမှားဖြန့်
အတုအယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးတာကို မြင်ပြီး NUG ဝန်ကြီးနှုတ်ထွက် ဆိုပြီး စစ်လော်ဘီတွေ သတင်းအမှားဖြန့်
ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၅ ခုနှစ်။
KIC/ The Arakan Express News/ The Red Flag/ MFCN
အနှစ်ချုပ်အကြောင်းအရာ
“ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးနေတာကိုမြင်ပြီး...















