Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ကရင့်လက်နက်ကိုင်ပြန်လည်ပေါင်းစည်းရေးအတွက် ရည်မှန်းချက်ရှိကြောင်း DKBA ဦးစီးချုပ်သစ်ပြော

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ကရင်လက်နက်ကိုင်များကို ပြန်စုစည်းနိုင်ရန် ရည်မှန်းချက်ရှိသည်ဟု စစ်ဦးစီး ချုပ်တာဝန်အသစ်ခန့်အပ်ခံလိုက်ရသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ခေါင်း ဆောင်အသစ် က ပြောသည်။ ဒီဇင်ဘာလ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိပြုလုပ်ခဲ့သည့် DKBA၏...

စစ်အုပ်စုဖမ်းဆီးခံရမှုမှ ပြန်လွတ်လာသူ စိတ်ဝေဒနာသည်အမျိုးသမီး ကိုယ်ဝန်သုံးလကျော်လွယ်ထားရဟုဆို

ဒီဇင်ဘာ (၂၅) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု၏ ဖမ်းဆီးအဓမ္မပြုကျင့်ခံရသူ နောင်တပွဲရွာနေ စိတ်ဝေဒနာသည် အမျိုးသမီးမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ကိုယ်ဝန် ၁၃ ပတ် (သုံးလကျော်) လွယ်ထားရသည်ဟု သူမကိုကျန်းမာရေးစောင့်ရှောက်ပေးနေသည့် သတင်းအရင်းအမြစ်က ဆိုသည်။ ပြီးခဲ့သည့်စက်တင်ဘာလကတည်းက စစ်အုပ်စု ခြေမြန်တပ်ရင်း...

မြဝတီ-မဲဆောက်တံတားမှ ထိုင်းဘက်သွားလာသူများ အထောက်အထားတစ်မျိုးသာ သုံးခွင့်ပြု၍ အခက်ကြုံ

ဒီဇင်ဘာ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေး တံတား(၁)ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ဝင်ရာတွင် အထောက်အထားတစ်ခုသာကိုင်ဆောင်သွားလာရန် ထိုင်းလဝကဘက်က စစ်ဆေးကန့်သတ်ထားခြင်းကြောင့် သွားလာရခက်၍ ငွေကုန်ကြေးကျပိုများသည့်အခက်အခဲတွေ့ရကြောင်း ကိုယ်တိုင်ကြုံရသူတို့ထံမှသိရသည်။ ယခုဒီဇင်ဘာ(၁၀)ရက်နေ့နောက်ပိုင်းကစပြီး မြန်မာမှထိုင်းသို့ဝင်ရန် နိုင်ငံကူးလက်မှတ်စာအုပ်(Passport)နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် နှစ်မျိုးလုံး ကိုင်ဆောင်သွားလာနေသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးတွေ့ရှိပါက အထောက်အထားတစ်မျိုးသာကိုင်ဆောင်စေခြင်းနှင့်...

ဘီးလင်းတွင် ဘုန်းကြီးကျောင်းလာသည့် အမျိုးသမီး(၃)ဦး လက်နက်ကြီးထိမှန်သေဆုံး

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ ယနေ့(ဒီဇင်ဘာ ၂၄ ရက်နေ့)က စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး(၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ရွာခံများ၏ပြောပြချက်အရ သိရသည်။ ယနေ့မနက်ပိုင်းက အလူးကြီးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းဆောင်အရှေ့သို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသို့လာရောက်သူ...

လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ

လေကြောင်းရန်များနဲ့ လူသောဒေသ ပုံရိပ်လွှာ နန်းဝေဖြိုးဇာ (ဒီဇင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်) တော၊ တောင် သဘာဝများနဲ့ လူသောမြို့လေးဟာ ပုံမှန်အားဖြင့် အေးချမ်းသာယာလှပလျှက်ရှိပါတယ်။ လူသောြမို့ နယ်ဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၅၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာပါဝင်ပြီး ကေအဲန်ယူရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလရဲ့ ခြောက်သွေ့အေးမျှမှုနဲ့အတူ သဘာဝတော၊ တောင်များကြောင့် လူသောမြို့နယ်ဟာ...

ကေအဲန်ယူ-မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ကုလသမဂ္ဂက Global ICCA အဖြစ် မှတ်တမ်းတင်

ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကမ္ဘာ့ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဥ်(UNEP)က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေးဥယျာဥ်ကို ဌာနေတိုင်းရင်းသားဒေသခံလူထုက ထိန်းသိမ်းစောင့်ရှောက်ထားသောနယ်မြေ(Global ICCA Registry)အဖြစ် ဒီဇင်ဘာ(၁)ရက်နေ့က မှတ်တမ်းတင်အသိအမှတ်ပြုလိုက်ကြောင်း ခြောက်ကြိမ်မြောက်ဥယျာဥ်အထွေအထွေညီလာခံ ထုတ်ပြန်ချက်မှ သိရသည်။ UNEP ၏ အသိအမှတ်ပြုမှုသည် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အတွင်းရှိ...

နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် လောင်းလုံးတွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ်

ဒီဇင်ဘာ (၂၃) ရက်၊၂၀၂၅ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့်တော်လှန်ရေးတပ်များ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် စစ်အုပ်စုက တိုက်ပွဲနီးရာ စခန်းကြီးရွာဘက်သို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် လောင်းလုံးမြို့နယ် လက်သည်းရှည်တောင်သို့ ဝင်လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်မှအထိနာသဖြင့် လက်နက်ကြီးပစ်ခတ်မှုများ...

ကော့ကရိတ်၊ ကော့ဖန်ရပ်ရွာခံ နေရပ်ပြန်စစ်ရှောင်(၈)ဦး စစ်အုပ်စုဖမ်းဆီးခံရပြီး အဆက်အသွယ်မရ

ဒီဇင်ဘာ (၂၃)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရာမှနေရပ်ပြန်လာသူ ထီဖိုးစံကျေးရွာအုပ်စု၊ ကော့ဖန်ရပ်ရွာခံ (၈)ဦးအား စစ်အုပ်စုက ဒီဇင်ဘာ (၁၉) ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ အဆက်အသွယ်ပြတ်နေကြောင်း နီးစပ်သူများထံမှသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ကော့ဖန်ရပ်ရွာမှ စစ်ဘေးရှောင်နေရသည့် (၈)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင်...

သထုံခရိုင်တွင် ရွာနှစ်ရွာ ဂျက်ဖိုက်တာ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုရှိ

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ - ၂၁ ရက်နေ့) က စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခဲ့၍ ဥယျာဥ်ခြံနေရာနှင့်ဘုန်းကြီးကျောင်းအဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သထုံခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်းက...

ကော့ကရိတ်တွင် မိုးပျံပူဖောင်းဖြင့်ကင်းထောက် တိုက်ခိုက်မှုစနစ် စစ်အုပ်စုပြောင်းလဲအသုံးပြုလာ

ဒီဇင်ဘာ (၂၂) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိတိုက်ပွဲများအတွင်း စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေများကို ကင်မရာတပ်ဆင်ထားသည့် မိုးပျံပူဖောင်းများ လွှတ်တင်ထောက်လှမ်းပြီးမှတိုက်ခိုက်သည့်စနစ်ကို ပြောင်းလဲအသုံးပြုလာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။ ပြီးခဲ့သည့်လပိုင်းများတွင် ကော့ကရိတ်တောင်ပိုင်းနှင့်မြောက်ပိုင်းရှိ KNLA မဟာမိတ်တပ်နှင့်နှစ်ဖက်ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်ကအထိနာခဲ့ပြီးနောက် မိုးပျံပူဖောင်းလွှတ်တင်ထောက်လှမ်း၍ အသေခံဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်သည့်ပုံစံသို့...
Donate