Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

သထုံခရိုင်တွင် ဧကပေါင်းသုံးထောင်ကျော်ရှိသည့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်ခု သတ်မှတ်

ဩဂုတ် ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်ထိန်းသိမ်းရန်နှင့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများ ဟန့်တားရန် ရည်ရွယ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တွင် ဧကပေါင်း သုံးထောင်ကျော်ရှိသည့် တိရစ္ဆာန် ဘေးမဲ့ တောတစ်ခုကို ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့တွင် အခမ်းအနားနှင့် ကျင်းပပြုလုပ်ပြီး သတ်မှတ်အတည်ပြုလိုက် သည်ဟု...

KNU တပ်မဟာ (၁)တွင် ဇူလိုင်လအတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးရှိ

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေတွင် ယခုဇူလိုင်လ တစ်လအတွင်း CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦး ရှိကြောင်း သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။ အဆိုပါ CDM ပြုလုပ်လာသူများမှာ...

ယာဒိုတွင် လေကြောင်းတိုက်ခိုက်ခံရမှု (၃၃) ကြိမ်အထိရှိလာကြောင်း ကေအဲန်ယူ ထုတ်ပြန်

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ ယာဒိုဒေသအတွင်း ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ယာဒိုနှင့် အနီးအနားရှိကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု (၃၃)ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့(ဇူလိုင်လ ၃၀ရက်) ရုပ်သံသတင်းထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့်...

မွေးရပ်မြေစွန့်ခွာပြီး ရုန်းကန်ရှင်သန်နေရတဲ့ လူငယ့်ဘ၀များ

မွေးရပ်မြေစွန့်ခွာပြီး ရုန်းကန်ရှင်သန်နေရတဲ့ လူငယ့်ဘ၀များ ဇူလိုင် ၃၁ရက်၊ ၂၀၂၃ခုနှစ်။ နန်းဝေဖြိုးဇာ “ဝါဆို၊ ဝါခေါင်ရောက်ရင် အခုလိုအချိန်မျိုးမှာ ရွာဦးဘုန်းကြီးကျောင်းမှာ လူငယ်တွေအပြည့်ပဲ။ အဲဒီလိုအချိန်ဆိုရင် မြို့မှာ တက္ကသိုလ်တက်တဲ့လူငယ်တွေ ရွာပြန်လာပြီး ရွာမှာအရမ်းစည်ကားတယ်။ ပျော်စရာကြီး။ အခုတော့ တိတ်ဆိတ်သွားပါပြီး” ဆိုပြီး ပြောလာသူက ကျေးရွာလူငယ် အမျိုးသမီးခေါင်းဆောင် နန်းဖော့ထိုင်(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။ နန်းဖော့ထိုင်ဟာ သူနေထိုင်တဲ့...

စစ်ဘေးရှောင်နေရသူများ အိမ်ငှားခဈေးကြီးလာ၍ နေစရာရှားပါးမှု အခက်အခဲများ ကြုံတွေ့နေ

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ညောင်လေးပင်နှင့် တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှု များကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေထိုင်ရသူများ အိမ်ငှား ရမ်းခဈေးနှုန်းကြီး၍ နေစရာရှားပါးမှုများတွေ့ကြုံနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရ သည်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်စဉ်ကြောင့် သံတောင်ကြီးမြို့နယ်နှင့်...

ကုန်ကားကြီးများသွားလာ၍ ရွာချင်းဆက်လမ်းများ ပျက်စီးသော်လည်း အပစ်ရပ်အဖွဲ့ ဂိတ်များ ဝင်ငွေကောင်းနေ

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသအတွင်းမှ ဖြတ်သန်းသယ်ဆောင်နေသည့် တရားမ ဝင်ကုန်တင်ကားများသွားလာ၍ ကျေးလက်လမ်းများပိုပျက်စီးလာသော်လည်း ဒေသတွင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့များဂိတ်များမှာ နေ့စဥ် ဝင်ငွေကောင်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အကြားမှ ကြာ အင်းဆိပ်ကြီး၊ ဘုရားသုံးဆူဘက်မှ မြဝတီသို့ တရားမဝင် ခနောက်စိမ်းသတ္တု...
Donate