Home သတင်း အာရှလမ်းမြေပြိုမှုကို လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ

အာရှလမ်းမြေပြိုမှုကို လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ

880
Photo: Crd.

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်အနီးတွင် ယနေ့ ဖြစ်ပေါ်သည့် မြေပြိုမှုအခြေအနေကို လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့ များ ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ‌ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရမှုတွင် ထိခိုက်သေဆုံးသူများကို ပြန်သယ်ဆောင်လာသည့် ကား လမ်းတွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့နှင့်နီး စပ်သူများထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “တောနော်အရှေ့နားမှာ လမ်းပျက် တာ လာကြည့်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်ခံရတာ ထိခိုက်သေဆုံးမှုရှိတယ်။ ထိခိုက်တဲ့သူတွေ ပြန်သယ်သွားချိန်မှာလည်း ကော့နွဲတံတားမှာ ထပ်ပြီးမိုင်း ဆွဲခံရ တယ်။ ကားတစ်စီးတော့ မီးခိုးထသွားတာပဲ။ ထိခိုက်သေဆုံးမှုအတိအကျ‌ တော့မသိရဘူး”ဟု ပြောသည်။

အလားတူ ယနေ့‌ တောနော်ရေတံခွန်အနီးမြေပြိုမှုတွင် ပိုက်ဆံတောင်းခံသည့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တစ်ဦးလည်း မြေပြိုမှုထဲပါသွား၍ သေဆုံးသွားကြောင်းလည်း ကားသမားများက ပြောသည်။

ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် မြေပြိုမှုကြောင့် ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားပြီး သွားလာ၍မရတော့သဖြင့် ခရီးသည်ကားများနှင့် ကုန်ပစ္စည်းကားများအားလုံး လှည့်ပြန်ခဲ့ကြရသည်ဟု သိရသည်။