KIC News
ကရင်ပြည်နယ်ရှိ မြင်းများ ဗီယက်နမ်နိုင်ငံက ဝယ်ယူမှုများသည့်အတွက် စျေးကောင်းရနေ
ဩဂုတ် ၂၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်တွင် မွေးမြူသည့် မြင်းများအား ဗီယက်နမ်နိုင်ငံက ဝယ်ယူမှုများလာ သည့်အတွက် စျေးကောင်းရရှိနေသည်ဟု မြင်းမွေးမြူသူများထံမှ သိရသည်။
မြင်းပေါက်စ လသားအရွယ်တစ်ကောင်လျှင် ယခင်ကျပ်ငွေ ၆ သိန်းမှ ယခု ၁ဝ သိန်း ကျော်အထိ စျေးနှုန်းရှိပြီး အဆိုပါမြင်းများကို...
ညောင်လေးပင်ခရိုင် မြို့နယ် ၃ ခုတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့
သြဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မြို့နယ် ၃ ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။
ခလယ်ထွီထူခရိုင် မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး)နှင့် ဆောထိ(ရွှေကျင်) စသည့် မြို့နယ် ၃ ခုအတွင်းရှိ...
မြဝတီနယ်စပ်မြို့တွင် အကြမ်းဖက်လုယက်သတ်ဖြတ်မှုများရှိလာ၍ မြို့ခံများ စိုးရိမ်မြင့်တက်လာ
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ယခုရက်ပိုင်းတွင် အကြမ်းဖက်လုယက်သတ်ဖြတ်ခံရ သည့်ဖြစ်စဉ်များရှိလာသဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်လာနေကြောင်း မြဝတီမြို့ခံများက ပြောသည်။
ယမန်နေ့ ဩဂုတ်လ ၂၀ရက်၊ ည ၇နာရီအချိန်ခန့်တွင် မြဝတီမြို့ညစျေးအနီးရှိ ငွေလွှဲခုံပိုင်ရှင်တစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးက ငွေသားလုပြီး ဓားဖြင့်ထိုးသွားသည့်အတွက် သေဆုံးခဲ့ရသည့်အပြင်...
ရွာထဲစစ်ကောင်စီတပ်စွဲထားသဖြင့် ဇီးကုန်းဒေသခံများ နေရပ်ပြန်နေရန် အခက်အခဲရှိနေ
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာသို့ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီး ပစ်ခတ် မှုများလုပ်ဆောင်ခဲ့အတွက် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိ အချိန် အထိရွာအတွင်းတပ်စွဲနေထိုင်ကြသဖြင့် နေရပ်ပြန်ရန်အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ(၁၆)ရက်နေ့က...
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ထားရှိပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပြည်တွင်းနေထိုင်သူတစ်ဦးအနေဖြင့်သတ်မှတ်နိုင်ငံခြားငွေပမာဏအား သတ်မှတ် ကာလကျော်လွန်သည်အထိ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိပါက အရေးယူ မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ ဩဂုတ်လ(၂၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုစည်းမျဥ်းအရ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ သောင်း (သို့မဟုတ်)...
စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် ဆယ်ရက်တာအတွင်း နေအိမ် ၂၀၀ ကျော် ဖောက်ထွင်းဖျက်ဆီးခံရ
ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် ဆယ်ရက်အတွင်း ကျေး ရွာများမှ အရပ်သားနေအိမ် ၂၀၀ ကျော် ဖောက်ထွင်းခံခဲ့ရပြီး အချို့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများ ပြောစကားအရ သိရသည်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတဝိုက်ရှိ ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့်ဩဂုတ်လ...














