KIC News
ကျောင်းသူ/သားများ ဖျားနာမှုများပြားသဖြင့် ပိုင်ကျုံတာကရား ကော်သူးလေစာသင်ကျောင်း ယာယီပိတ်ထားရ
ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ခုနှစ်၊ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ တာကရားကျေးရွာအနောက် ကော်သူးလေအလယ်တန်း စာသင်က ကျောင်းတွင် ဩဂုတ်လ ၁၆ ရက်နေ့မှစပြီး ဆရာ/မများနှင့်ကျောင်းသားကျောင်းသူများအကြား နေမကောင်းဖျားနာမှုများပြားသောကြောင့် စာသင်ကျောင်း ယာယီပိတ်ထားရသည်ဟု သိရသည်။
ကျောင်းသူ/သား ဦးရေ (၁၉၂)ဦးရှိသည့် တာကရားကျေးရွာအနောက် စာသင်ကျောင်းတွင် လက်ရှိ ကျောင်းသူ/သားထက်ဝက်ခန့်မှာ...
ဖားအံမြို့တွင် ပစ္စည်းခိုးခံရမှုများပြီး နေအိမ်ဖောက်ထွင်း ခိုးယူသည့်အထိရှိလာနေ
ဩဂုတ်လ ၂၂ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏မြို့တော် ဖားအံတွင် ယခုတလော ပစ္စည်းခိုးယူသူများပေါများကာ အိမ်တွင်းအထိ ဖောက်ထွင်းပစ္စည်းခိုးယူမှုဖြစ်စဉ်များ အဖြစ်များလာနေကြောင်း ဖားအံမြို့ဒေသခံများက ပြောသည်။
ပစ္စည်းခိုးယူသူများသည် ယခင်ကတည်းကပင်ရှိသော်လည်း ယခုနောက်ပိုင်းတွင် သူခိုးများပို၍ အတင့်ရဲလာကြကြောင်း ဖားအံဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြေသည်။
"ဖားအံမြို့ထဲမှာတော့ ဆိုင်ကယ်တွေခဏခဏ ပျောက်တယ်။ ဈေးနားမှာဆိုလည်း ခုပဲထား၊...
တစ်လအတွင်း ဆန်နှင့်ဆီဈေးနှုန်းများ ဆက်တိုက်တက်၍ စစ်ဘေးရှောင်ဒေသခံများ ပိုမိုကြပ်တည်းလာ
ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တစ်လအတွင်း ဆန်နှင့်ဆီဈေးနှုန်း အဆမတန်မြှင့်တက်လာသော ကြောင့် မြို့ပေါ် သို့ စစ်ဘေးလာရောက်တိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ပိုမိုအခက်တွေ့ နေကြရကြောင်း ၎င်းစစ်ရှောင်ပြည်သူများက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ယခုလ ဩဂုတ်လ ပထမအပတ်မှစ၍ ဆန်နှင့်ဆီဈေးနှုန်းများသည် ယခင်လများထက်...
လက်ခတ်တောင် တာဝါတိုင် စစ်စခန်းအား တိုက်ပွဲကြီးစစ်ဆင်ပြီး သိမ်းပိုက်မည့်သတင်းများ ထွက်ပေါ်နေ
ဩဂုတ်လ ၂၂ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်က မြဝတီ မြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်စစ်စခန်း ပြန်ရရှိရေး ထိုး စစ်ဆင် တိုက်ပွဲကြီးတိုက်ခိုက်ရန် စစ်ကူအင်အားလက်နက်ခဲယမ်းအင်အား ဖြည့်တင်းမှုများ နေ့စဥ် လုပ်ဆောင်နေကြောင်း ဒေသခံအရပ်သားများက ပြောသည်။
လက်ခတ်တာ စစ်စခန်းကို တိုက်ခိုက်နေမှုတစ်လကျော်ကြာပြီဖြစ်သော်လည်း သိမ်းပိုက်မရရှိသေး သည့်အခြေအနေအပေါ်...














