Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

အွန်လိုင်းလောင်းကစားနှင့် ဆက်နွယ်မှု စွပ်စွဲချက်ဖြင့် မဲဆောက် အမတ်တစ်ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် ဆက်နွယ်မှု စွပ်စွဲချက်ဖြင့် တာ့ခ်ခရိုင်ကိုယ်စားပြု၊ နိုင်ငံရေးပါတီတစ်ခုက အမတ်ဖြစ်သူ မစ္စတာ Ratchapong ကို ထိုင်းရဲတပ်ဖွဲ့မှ ယမန်နေ့တွင် ဘန်ကောက်မြို့၌ ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများတွင် ရေးသားကြသည်။ အသက် ၃၂ နှစ်အရွယ်...

စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး KNU တပ်မဟာ (၇)ထံ ခိုလှုံ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စု၏အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် နှစ်ဦးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ထံသို့ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူက ဇန်နဝါရီ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၅၄၈ တပ်ဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် အသက်(၂၅)နှစ်အရွယ် စည်သူဟိန်းဆိုသူနှင့်...

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် “

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် " ကော်သူးလေနိုင်ငံ ကြေညာခြင်းအပေါ် တရားလွှတ်တော်ရှေ့ စောဘဦးလေနှင့် မေးမြန်းခြင်း ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကော်သူးလေအာမီ-KTLA ခေါင်းဆောင် စောနယ်ဒါးမြက ကော်သူးလေသမ္မတနိုင်ငံကို တည်ထောင်ကြောင်း ပြီးခဲ့သည့်...

ထိုင်းနိုင်ငံ၏ ဥပဒေစည်းမျဥ်းများကို လိုက်နာရန် ထိုင်းရောက်မြန်မာများအား NUG တိုက်တွန်း

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၏ ဥပဒေနှင့် ဒေသန္တရယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအပါအဝင် လေးစားလိုက်နာရန် အပါအဝင် အချက် (၄) ချက်ဖြင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းပြည်အခြေ အနေအရပ်ရပ်ကြောင့်...

ခလယ်လွီထူခရိုင်အတွင်း စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)/ ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အနီးအနား ရွာတချို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်...

ထိုင်းတွင် အမြန်ရထားပေါ် ကရိန်းပြုတ်ကျ၍ ခရီးသည် ၂၂ ဦးသေဆုံးပြီး ၅၀ ဦးထက်မနည်းဒဏ်ရာရ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ နခွန်ရတ်စီးမားခရိုင်၊ စီခီအို(Sikhio)ရှိ ဘန်ကောက်-အူဘွန်ရတ်ချတ်ဌာနီ အမြန်ရ ထားလမ်းပေါ်ဖြတ်သန်းသွားလာမည့် အမှတ်(၂၁) အထူးအမြန်ရထားပေါ်သို့ ယနေ့(ဇန်နဝါရီ ၁၄ရက်) နံနက်ပိုင်းက လုပ်ငန်းသုံးကရိန်းပြုတ်ကျသဖြင့် ရထားပေါ်ပါခရီးသည် ၂၂ ဦးသေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း...

ဒူးသထူခရိုင်တွင် စစ်အုပ်စု တပ်စွဲသည့် ဂိတ်စခန်းကို KNLA ပြန်သိမ်း၊ စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁)/ ဒူးသထူခရိုင်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းရွာအနီးရှိ ယာယီဂိတ်စခန်းတစ်ခု၌ လာရောက်တပ်စွဲသည့် စစ်အုပ်စုတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၈) ဦး...

ဘန်ကောက် အပါအဝင် ပြည်နယ် ၂၀ တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အပါအဝင် ပြည်နယ် ၂၀ ခုတွင် လေထုညစ်ညမ်းမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး လေထုမှာ အန္တရာယ်ရှိသည့် အမှုန်(PM2.5) ပါဝင်မှု များပြားနေပြီး အနီရောင်အဆင့် သတ်မှတ်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။ ယနေ့ ဇန်နဝါရီလ...

ICE အဖွဲ့ အဖမ်းအဆီးကြောင့် မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများ သတိထားနေထိုင်ရ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်အတွင်း အမေရိကန်လူဝင်မှုနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ -ICE က ဆက်တိုက် စစ်ဆေးဖမ်းဆီးများ ပြုလုပ်နေခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အသွားအလာ မလုပ်ရဲတော့ဘဲ သတိထားနေထိုင်ကြရကြောင်း မင်နီဆိုးတား ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။ မင်နီဆိုးတားပြည်နယ်ရောက် ကရင်အပါအဝင် မြန်မာနိုင်ငံမှ...

KNU တပ်မဟာ ၅ တွင် တစ်နှစ်အတွင်း G-3 အဆင့်အပါအဝင် စစ်အုပ်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံးခဲ့

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဒီဇင်ဘာလအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း G-3 အဆင့်အပါအဝင် စစ်အုပ်စု တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။ မူတြော်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း...
Donate