KIC News
မူတြော်တွင် လေယာဥ်နှင့်လက်နက်ကြီးကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး (၃) ဦး ဒဏ်ရာရ၊ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီး
ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်/ဖာပွန်ခရိုင်တွင် စစ်အုပ်စု၏ လေယာဥ်နှင့်လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဩဂုတ်(၅)ရက်နှင့်(၆)ရက်နေ့ နှစ်ရက်အတွင်း ဒေသခံအမျိုးသမီး(၁)ဦး သေဆုံး၊ (၃)ဦးဒဏ်ရာရခဲ့ပြီး ဘာသာရေးအဆောက်အအုံ အပါအဝင် နေအိမ်(၄၀) ထက်မနည်း ပျက်စီးသွားကြောင်း အာဏာပိုင်နှင့်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅...
ကန်ချနပူရီက ကလေးထိန်းကျောင်းကို ကားဝင်တိုက်၍ မူကြိုကလေး(၁၅)ဦး ဒဏ်ရာရ
ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ချနပူရီခရိုင်ရှိ ဘန်နောင်ဆောင်းတုန် မူကြိုကလေးထိန်းကျောင်းအတွင်း ယနေ့ ဩဂုတ်လ(၇)ရက်နေ့ နေ့လည်ပိုင်းက မော်တော်ယာဥ်တစ်စီး ဝင်တိုက်၍ ကလေးငယ်(၁၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
အဆိုပါမော်တော်ယာဥ်မှာ ကလေးငယ်များ နေ့လည်နေ့ခင်း အိပ်စက်အနားယူချိန်၌ စင်တာအဆောက်အအုံ စာသင်ခန်းထဲသို့...
ဘန်ကောက်နွန်ထဘူရီ၌ ကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၊ အဖိုးအဖွားအပါအဝင် ၉ ဦး သေဆုံး
ဩဂုတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်၊ ဘန်ခရွိုင်စီရင်စုရှိ Debsirin Nonthaburi စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောင်းသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် ၇ ဦးသေဆုံးခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ...
စစ်အုပ်စုကို ဖျက်သိမ်းမှ မြန်မာရှိ ဆိုက်ဘာရာဇဝတ်ဆင့်ပွား ကွန်ရက်ကြီးကို ရပ်တန့်နိုင်မည်ဟု JFM ထောက်ပြ
ဩဂုတ်၊ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုသည် မြန်မာနိုင်ငံရှိ ဆိုက်ဘာရာဇဝတ်လုပ်ငန်း(ကျားဖြန့်)၏ အဓိကဗဟိုချက်ဖြစ်သည့်အတွက် ၎င်းကိုရပ်တန့်နိုင်ရေး စစ်ရာဇဝတ်ဂိုဏ်းကိုဖျက်သိမ်းမှရမည်ဟု Justice for Myanmar (JFM) က ဩဂုတ်လ(၆)ရက်နေ့၊ ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုသည်။
မြန်မာနှင့်ထိုင်းအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ထိခိုက်နစ်နာဆုံးရှုံးမှုရှိစေသည့် ဆိုက်ဘာရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက် ကြီးထွားရေးအတွက်...
လေးမျက်နှာရေဘေး ကယ်ဆယ်ရေးလုပ်နေသူအချို့ အရေပြားယားနာရောဂါ ဖြစ်ပွားနေ
ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ပရဟိတလူငယ်၊ လူရွယ်အချို့ အရေပြားပေါ် အနီစက်များပေါက်ရောက်ပြီး ယားနာရောဂါ ဖြစ်ပွားနေကြောင်း ကယ်ဆယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။
ငဝန်မြစ်ရေကာတာကျိုးပေါက်မှုနှင့် မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် ဇူလိုင်လကုန်ပိုင်းမှ ယနေ့ထက်ထိဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်ရေဘေးအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများအပြားတွင်...
ကရင်နီပြည်တွင် နေရပ်စွန့်ခွာရမှု အကျပ်အတည်းကြောင့် မြေမြှုပ်မိုင်းများ အရေးပေါ်ရှင်းလင်းရန် လိုအပ်နေ
ကရင်နီပြည်တွင် နေရပ်စွန့်ခွာရမှု အကျပ်အတည်းကြောင့် မြေမြှုပ်မိုင်းများ အရေးပေါ်ရှင်းလင်းရန် လိုအပ်နေ
Insight Myanmar
(၆ ဩဂုတ် ၂၀၂၆)
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် တည်ထောင်ခဲ့ပြီး ပြည်နယ်အဆင့် အောက်ခြေအခြေပြု အုပ်ချုပ်ရေးစနစ် အပေါ်...
လေးမျက်နှာမြို့နယ် ရေကြီးမှုအတွင်း စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး
ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာ အပါအဝင် ကျေးရွာအများအပြားတွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုနှင့် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေဆက်လက်ကြီးလျက်ရှိရာ စပါးစိုက်ခင်းများလည်း ရေနစ်မြုပ်ပျက်စီးနေကြောင်း သိရသည်။
ဇူလိုင်လကုန်ပိုင်းမှ စတင်ဖြစ်ပေါ်လာသည့် ရေဘေးအတွင်း လေးမျက်နှာမြို့နယ်ရှိ လယ်စိုက်တောင်သူများ၏ စိုက်ပျိုးပြီးကာစ မိုးစပါးပင်ပေါက်များ ရေနစ်မြုပ်နေသည့်အပြင်...
ကေအဲန်ယူ ခရိုင်နှစ်ခုတွင် စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အမျိုးသမီး(၁)ဦး သေဆုံး
သြဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်နှင့် သထုံခရိုင် ကျိုက်ထိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ယခု သြဂုတ်လဆန်းကတည်းက လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၄)...
ထိုင်းရောက်မင်းအောင်လှိုင်ကို ဘန်ကောက်မြို့၊ UN ရုံးရှေ့တွင် မြန်မာလူငယ်တစ်စု ဆန္ဒပြ
ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌ ယနေ့ ဩဂုတ်လ (၆) ရက်တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ရန်ရောက်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြန်မာလူငယ်တစ်စု သွားရောက်စုဝေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြကြောင်း ထိုင်းသတင်းများအရ သိရသည်။
မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သော အစိုးရအဖွဲ့သည်...
မြန်မာ အာဏာသိမ်းသမ္မတ ထိုင်းရောက်နေစဥ် အရပ်ဖက်အဖွဲ့(၁၆)ဖွဲ့ ကန့်ကွက်စာထုတ်
ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့်တွေ့ဆုံရန် ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် မြန်မာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိနေစဥ် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဖက်(၁၆)ဖွဲ့က ကန့်ကွက်စာထုတ်ပြန်သည်။
ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့လည်း လိုက်ပါသွားသည့် မင်းအောင်လှိုင်၏ နှစ်ရက်တာ ခရီးစဥ်အတွင်း...














