Hay Htoo
နယ်စပ်လူငယ်များကို ပန်းချီပညာသင်ကြားပေးသူ ဆရာမနော်လားစေးနှင့်မေးမြန်းခြင်း
နယ်စပ်လူငယ်များကို ပန်းချီပညာသင်ကြားပေးသူ ဆရာမနော်လားစေးနှင့်မေးမြန်းခြင်း
နယ်စပ်ဒေသ တိုင်းရင်းသားကျောင်းသား လူငယ်များကို ပန်းချီပညာရှင်များအဖြစ် မျှော်မှန်းပြီး သင်ကြားပေးခဲ့ သည့် သင်တန်းဆရာမနော်လားစေးအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ။ နယ်စပ်က ဆယ်ကျော်သက် ကရင်လူငယ်လေးတွေကို ပန်းချီသင်တန်းပြုလုပ်ဖြစ်လာပုံ အကြောင်း အရင်းလေး အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ။ ကျမအနေနဲ့...
ကော့ကရိတ်မြောက်ပိုင်းတွင် ကင်းထောက်လေယာဉ်များ နေ့ညပျံသန်းထောက်လှမ်းလာမှုကြောင့် ဒေသခံများလေကြောင်းရန် ကြောက်လန့်နေကြရ
အောက်တိုဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ မြောက်ပိုင်းကျေးရွာများဖြစ်သည့် ဒေါနတောင်လမ်းဟောင်းဘက်နှင့် KNU တပ်မဟာ ၇ နယ်မြေ ဒေသများဘက်တွင် စစ်ကောင်စီလေတပ်မှ ကင်းထောက်လေယာဉ် ပျံသန်းကင်းထောက်မှုများ နေ့/ည ပြုလုပ်နေသည့်အတွက် ဒေသအတွင်းကျေးရွာများမှ ဒေသခံများမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရသည်။
ယခုလ...
ကော်ဘရာပူးပေါင်းစစ်ကြောင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်သားထံမှ ရွှေ၊ ငွေများ သိမ်းဆည်းရမိ
အောက်တိုဘာလ (၈)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေဖြစ်သည့် တောင်နီကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေစဉ် ကျဆုံးသွားသည့် စစ်ကောင်စီတပ်သားထံမှ ရွှေ၊ ငွေ စသည့် ပြည်သူပိုင်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ကော်ဘရာပူးပေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ...
၆၇ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲအတွက် ငွေကြေးကောက်ခံမှု ဖားအံမြို့ခံများ စတင်ထည့်ဝင်နေရ
အောက်တိုဘာ(၈) ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လာမည့် (၆၇)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကျင်းပရန်အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖားအံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် အချို့ကျေးရွာများတွင် ငွေကြေး စတင်ကောက်ခံမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ငွေကြေးကောက်ခံရာတွင် ဖားအံမြို့ ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့်...
ပြည်နယ် လား – ဖက်ဒရယ် လား – စစ်အုပ်စုကို အရင်ဖယ်ရှား
ပြည်နယ် လား - ဖက်ဒရယ် လား - စစ်အုပ်စုကို အရင်ဖယ်ရှား
မောင်ကျော်စွာ
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ရက်)
“ဝ” ပြည်နယ် ဆိုတဲ့ကိစ္စကို အကြောင်းခံပြီး ကျနော့် သဘောထားအမြင်ကို ဆွေးနွေးတင်ပြချင်ပါတယ်။
“ဝ” ပြည်နယ် ဆိုတာနဲ့ပတ်သက်ပြီး အသံထွက်နေတာကြာပါပြီ။ ကျနော် သိထားသလောက်တော့...
လာမည့်တစ်နှစ်တာကာလ တော်လှန်ရေးကို အဆုံးဖြတ်ပေးမည့်နှစ်အဖြစ် ပြင်ဆင်ချမှတ် ထားဟု NUG ရှင်းလင်းပြောဆို
အောက်တိုဘာ ၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လာမည့် တစ်နှစ်တာကာလအတွင်း လက်ရှိ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ် ပြင်ဆင်ချမှတ်ထားပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ အောက်တိုဘာလ ၇ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့ခုခံ တော်လှန်စစ် တစ်နှစ်ပြည့်သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ယနေ့ညဘက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌...
မြဝတီ-မဲဆောက်အမှတ် (၂) တံတားပေါ် ဝင်ရောက်သည့် အိမ်စီးကားများ ခရီးသည်တင်ဆောင်ခွင့်မပြု
အောက်တိုဘာ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ထိုင်း−မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်တွင် အောက်တိုဘာလ (၆)ရက်နေ့ နံနက် ပိုင်းမှစ၍ အိမ်စီးကားများကို မဲဆောက်မြို့အတွင်းသို့ တစ်ရက်တာ စျေးဝယ်ရန် ခွင့်ပြုလိုက်သော်လည်း ခရီးသည်များကို တင်ဆောင်ခွင့်မပြုကြောင်း အမှတ်(၂)တံတားနှင့် နီးစပ်သူများထံမှ သိရသည်။
ကရင်ပြည်နယ်၊...
လေးဝေါ်(တောင်နီ)တွင် စစ်ဘေးရှောင် ဒေသခံတစ်ဦး၏ ဆိုင်ခန်း ဖောက်ထွင်းခံရ
အောက်တိုဘာလ (၇)ရက် ၂၀၂၂ ခုနှစ်။ ကေအိုင်စီ။
မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးဝေါ် (တောင်နီ)နှင့် သေ့ဘောဘိုးကြားရှိ အိမ်သုံးလုံးအစုတွင် ပြီးခဲ့သည့် စက်တင်ဘာလပိုင်းက စစ်ရှောင်နေရသည့် ဒေသခံတစ်ဦး၏ နေအိမ်ဆိုင်ခန်းတစ်လုံး ဖောက်ထွင်းခံခဲ့ရသည်ဟု အဖောက်ထွင်းခံရသူ ဆိုင်ရှင်က ကေအိုင်စီသို့ ပြောသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ဗဟို ဌာနချုပ်အနီး နေရာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့်...















