Hay Htoo
ဓမ္မဘက်ကရပ်တည်တယ်ဆိုတာဘာလဲ (ဆောင်းပါး)
ဓမ္မဘက်ကရပ်တည်တယ်ဆိုတာဘာလဲ
မောင်ကျော်စွာ
(၂၀၂၂ခုနှစ်၊ ဇူလိုင် ၁၂ရက်)
မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုက ကြေညာထားတဲ့ ထွက်ပေါက်ကတော့ ၂၀၂၃ခုနှစ် ထဲမှာ ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေ ရွေးကောက်ပွဲ ဆိုတာပါပဲ။
အကြမ်းဖက် (စကစ) စစ်အုပ်စုက ကြေညာထားသလို ဒီရွေးကောက်ပွဲဟာ တကယ်ဖြစ်လာနိုင်ပါ့မလား ဆိုတာကလည်း မင်းအောင်လှိုင်အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တခုဖြစ်ပါတယ်။ အထင်အရှားမြင်နေရတာကတော့...
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုလောမြို့နယ်ရှိ စစ်ရှောင်များ အမိုးအကာလုံခြုံမှုမရှိ၍ အခက်အခဲကြုံတွေ့နေရ
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်(ဘိတ်)ခရိုင်အတွင်းရှိ၊ ပုလောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ရှိနေသည့် စစ်ရှောင်စခန်း (၃)ခုတွင် အမိုးအကာ လုံခြုံမှု မရှိသော အခက်အခဲများကို ကြုံတွေ့နေရကြောင်း ၎င်းစစ်ဘေးရှောင်များကို အကူအညီပေးနေသူ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယခု...
စစ်ကောင်စီအင်အားတိုးချဲ့သည့် ကျောက်ကြီးနှင့် မုန်းဒေသတွင် စစ်ဘေးရှောင်များ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဆဲ
ဇူလိုင်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)ရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်ဘက် တွင် စစ်ကောင်စီမှ တပ်အင်အား ထပ်မံတိုးချဲ့လာကာ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာသလို ၎င်းတို့အတွက် အမိုးအကာ၊ ဆေးဝါးနှင့် အခြေခံ စားနပ်ရိက္ခာများ လိုအပ်နေဆဲ...
တပ်မ ၄၄ မှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ပြီး KNLA ပူးပေါင်းတပ်ထံ ခိုလှုံ
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူးဒေသ စစ်ကူအင်အားတိုး စစ်ကြောင်းထိုးလာသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများမှ စစ်ကောင်စီတပ်သား ၅ဦး ဇူလိုင်လ ၉ ရက်နေ့ညတွင် စစ်ကြောင်းစွန့်ခွာ CDM(အာဏာဖီဆန်မှု) ပြုလုပ်ကြပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ထံ...
ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)
ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ပိုင်းရှိ ဥကရစ်ထ စစ်ဘေးရှောင်အခြေအနေနှင့် ၎င်းတို့၏ သားသမီးပညာရေး အခြေအနေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးလာခြင်းနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကေအိုင်စီက ဥကရစ်ထကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးအား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။
မေး - အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဘယ်လိုလုပ်ရပ်တွေကြောင့် ကျေးရွာရပ်မိရပ်ဖတို့ရယ်၊ အထူးသဖြင့် ရွာသား တွေရယ်၊ အိုးအိမ်စွန့်ခွာလာပြီးတော့ ထွက်ပြေးလာရတဲ့အကြောင်းရင်းကို ရှင်းပြပေးလို့ရမလား...
ကုန်တင်ကားသွားလာမှုကြောင့် ပျက်စီးသွားသည့် ရွာချင်းဆက်လမ်းများကို ဂိတ်ကြေးကောက်အဖွဲ့များ ပြုပြင်ပေးရန် ဒေသခံများ လိုလား
ဇူလိုင် ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်အတွင်းသို့ အကောက်အခွန်မဲ့ ကုန်စည်တင်ဆောင်သည့် ကားများသည် ဒေါနတောင်လမ်းကြောအဟောင်းမှတဆင့် ကော့ကရိတ်-နဘူး-ထီလုံ-ဖားအံလမ်းတွင် သွားလာရင်း လမ်းပျက်စီးသည့်အတွက် လမ်းရှိ ဂိတ်ကြေးကောက်အဖွဲ့များက လမ်းပြုပြင်ပေးရန် ဒေသခံပြည်သူများက လိုလား နေကြသည်။
စစ်အာဏာသိမ်းပြီးနောက် အဆိုပါ တရားမဝင် ကုန်တင်ကားများသည် မူလ...















