Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မြဝတီမြို့အတွင်း စစ်ကောင်စီတပ်နှင့် (BGF) တပ်ဖွဲ့ဝင်များ ကင်းစခန်းချ၊ လုံခြုံရေး ပိုမိုတင်းကြပ်လာ

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယခုရက် ပိုင်းအတွင်း မြို့တွင်းမြို့ပြင် ပတ်ကင်းနှင့် လှည့်ကင်းများ ပိုမိုလုပ်ဆောင်လာပြီး ဘုရားကုန်းများပေါ်တွင် ကင်းစခန်း ချကာ လုံခြုံရေး တိုးချဲ့လုပ်ဆောင်လာနေကြောင်း မြို့ခံပြည်သူများက ပြောသည်။ မြဝတီမြို့တွင်းရှိ မြေနီကုန်း၊ ကုန်သွယ်ရေးဇုန်၊ ဖားချောင်း၊...

ကော့ကရိတ်-မြ၀တီ အာရှလမ်းကြောတွင် တပ်စွဲစစ်ကောင်စီများ ခြိမ်းခြောက်ငွေတောင်းမှု များရှိနေ

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်-မြ၀တီသွားသည့် အာရှလမ်းသစ် လမ်းကြောင်းပေါ်တွင် တပ်စွဲနေရာယူလျှက်ရှိသည့် စစ်ကောင်စီတပ် များသည် ၎င်းလမ်းကိုအသုံးပြုသွားလာနေသည့် ကုန်ကားများ၊ ခရီးသည်တင်ကားများကို ရံဖန်ရံခါ ငွေတောင်းခံမှုများ ပြုလုပ်ရာတွင် ခြိမ်းခြောက်မှုများရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောပြသည်။ အဆိုပါလမ်းကြောရှိ နတ်စင်ကုန်းနှင့် တောနော်ရေတံခွန်ကြား လမ်းပိုင်းတွင် လမ်းမပေါ် စခန်းချထားခြင်း...

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲကြောင့် ထိုင်းနယ်ခြားစောင့်တပ် အင်အားတိုးစောင့်ကြပ်နေ၍ စစ်ရှောင်ကူညီရေးအဖွဲ့များ အခက်တွေ့နေ

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ဝေါလေ-အူးကရိထဒေသ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ထိုင်းနယ်ခြားစောင့် စစ်တပ်မှ စစ်အင်အားတိုးချဲ့ ကင်းလှည့် စောင့်ကြပ်လျှက်ရှိရာ ထိုနယ်မြေတစ်ကြောရှိ စစ်ဘေးရှောင်များထံ ရိက္ခာနှင့် အခြားထောက်ပံ့ကူညီမှုများအတွက် သွားရောက်လုပ်ဆောင်ပေးရန် ခက်ခဲနေကြောင်း သိရသည်။ အဆိုပါ ထိုင်းနယ်ခြားစောင့်တပ်များအနေဖြင့် ထိုင်းနယ်စပ် ကျေးရွာဒေသခံ မဟုတ်သူများအား...
Donate