Home သတင်း တပ်မ ၄၄ မှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ပြီး KNLA ပူးပေါင်းတပ်ထံ ခိုလှုံ

တပ်မ ၄၄ မှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ပြီး KNLA ပူးပေါင်းတပ်ထံ ခိုလှုံ

1073

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူးဒေသ စစ်ကူအင်အားတိုး စစ်ကြောင်းထိုးလာသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများမှ စစ်ကောင်စီတပ်သား ၅ဦး ဇူလိုင်လ ၉ ရက်နေ့ညတွင် စစ်ကြောင်းစွန့်ခွာ CDM(အာဏာဖီဆန်မှု) ပြုလုပ်ကြပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ထံ ခိုလှုံလိုက်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဇူလိုင်လ ၉ ရက်ညက ဒဏ်ရာရ စစ်သားလူနာများအား ပို့ဆောင်ပြီးအပြန်လမ်းတွင် KNLA ပူးပေါင်းတပ်နှင့် ဆက်သွယ်ကာ CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။

ထို CDM ပြုလုပ်လာသူများအား KNU တပ်မဟာ ၆ တာဝန်ရှိသူများမှ နွေးထွေးစွာ ကြိုဆို စောင့်ရှောက်ထားသည်ဟု လေးကေကော်ဒေသ စစ်ရေးတာဝန်ရှိသူများက ပြောသည်။