Hay Htoo
မိုးခေါင်၍ မိုးစပါးအတွက် ရေသွင်းစိုက်ပျိုးရာ၌ စပါးစိုက်တောင်သူများ ကုန်ကျစရိတ်များပြားနေ
ဩဂုတ် ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် မိုးခေါင်သဖြင့် မိုးစပါးအတွက် ရေသွင်းစိုက် ပျိုးရာ၌ ကုန်ကျစရိတ်များပြားသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု လယ်တောင်သူများထံမှ သိရသည်။
မိုးစပါးစိုက်တောင်သူအများစုသည် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် မျိုးစေ့ကြဲ၊ ပျိုးနုတ်စပါးစိုက်ကြသည့် အချိန်ဖြစ်သော်လည်း...
ထီးကပလယ်ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦး ပစ်ခတ်ခံရ
ဩဂုတ်လ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၊ စုကလိကျေးရွာအုပ်စု ထီးကပလယ်ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှင့် ဆွေမျိုး တော်စပ်သူတစ်ဦးတို့ ယမန်နေ့ ဇူလိုင်လ ၃၁ရက်နေ့ ည ၈ နာရီအချိန်ခန့်က အမည်မသိလက်နက်အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ၎င်းတို့နှင့်တော်စပ်သူများက ပြောသည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ တာဝန်ပေးခန့်အပ်ထားသည့်...
ကျေးရွာ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေး၀တ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း
ဩဂုတ် ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့တွင် ဇူလိုင်လ ၁၅ရက်နောက်ပိုင်းမှစတင်၍ စစ်ကောင်စီထောက်ခံသည့် မြို့နယ်အတွင်း ကျေးရွာများမှ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့-မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်တို့မှ စစ်သင်တန်းတက်ရောက်ပြီး သူ အရပ်သားအချို့အား ရဲနှင့်စစ်တပ်ယူနီဖောင်းများ ၀တ်ဆင်စေ၍ လှိုင်းဘွဲ-ဖားအံလမ်းပိုင်းရှိ စစ်ဆေးရေး ဂိတ်များနှင့် မြို့တွင်းလုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ညဘက်ဧည့်စာရင်းစစ်ဆေးမှုများတွင်...
စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်သို့ ထပ်မံစစ်ရှောင်ခိုလှုံနေရ
ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ ဝေါလေဒေသ ရွှေအေးမြိုင်ကျေးရွာဘက်တွင် ဝေါလေစစ်ဗျူဟာ စစ်ကောင်စီစစ် ကြောင်းနှင့်ကော်သူးလေ တပ်မတော်၏ Venom (ဗွီနွမ်)စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံစစ်ရှောင်ခိုလှုံနေကြရသည်ဟု သိရသည်။
ဇူလိုင်လ ၂၇ ရက် ယနေ့...
ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာတွင် လူထုသစ္စာအဓိဌာန်ပြုပွဲဆိုင်းဘုတ်ဖြင့် ဆန္ဒထုတ်ဖော်
ဇူလိုင်လ ၃၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ချောင်းဝကျေးရွာတွင် ယနေ့ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၁၀)ခွဲအချိန်တွင် ကျေးရွာပြည်သူလူထုများက စစ်အာဏာရှင်ကို ဆုံးခန်းတိုင်အောင် အမြစ်ပြတ်တိုက် ထုတ်သွားကြရန် လူထုသစ္စာအဓိဌာန်ပြုပွဲ ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။
ကျေးရွာပြည်သူလူထု အင်အား(၂၀၀)ခန့်ပါဝင်သော အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် အာဏာရှင်ဆန့်ကျင်ရေး ဆောင်ပုဒ်များကို လှည့်လည်...
လက်နက်ကြီးကျည်ထိမှန်၍ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး
ဇူလိုင်လ ၃၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် လူနေအိမ်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းဇရပ် ပျက်စီးဆုံးရှုံးကာ အိမ်မွေးတိရိစ္ဆာန်များ ထိခိုက် သေကြေမှုရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံတစ်ဦးက "စစ်ကောင်စီတွေ နေ့တိုင်း ကော့နွဲ၊ ရွာသစ်ကုန်း၊ အံကလော်ကျေး...
မီးသွေးတစ်အိတ် ၅၀၀၀ကျပ်ကြောင့် ကော့ကရိတ်ဒေသခံများ ထင်းကိုပါ မျှပြီးချွေတာသုံးနေရ
ဇူလိုင်လ ၃၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်လအတွင်း မီးသွေးတစ်အိတ်လျှင် ကျပ်ငွေ ၅၀၀၀အထိ ဈေးနှုန်းမြင့်တက်နေခြင်း ကြောင့် ထင်းကိုပါ မျှပြီးသုံးစွဲနေရသော်လည်း ချွေတာနေရသည်ဟု ဒေသခံပြည်သူများက ကေအိုင်စီသို့ ပြောသည်။
ဒေသတွင်း စစ်ရေးပဋိပက္ခများနှင့် လောင်စာဆီဈေး မြင့်တက်လာမှုသည့်အပြင် မီးသွေးဈေးနှုန်းမှာလည်း ယခင်က ထက် နှစ်ဆခန့် မြင့်တက်နေခြင်းဖြစ်ကြောင်း...















