Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ကျောက်ကြီး မြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင်စခန်းတစ်ခုကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက အတည်ပြု ပြောဆိုသည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ယာယီ စစ်ဘေးရှောင်နေရသည့် စခန်းများထဲမှ...

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီ၏ သေဒဏ်ပေးခဲ့မှုအပေါ် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ထိုင်းရောက်မြန်မာနိုင်ငံသားများက အင်းစိန်ထောင်တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီကြိုးပေးစီရင်မှုနှင့်ပတ်သက်ပြီး ယနေ့နံနက် (၁၁)နာရီအချိန်တွင် မဲဆောက်မြို့စျေးကြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးဖြစ်သည့် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊...

၃ တပ်ကွေ့နှင့် ဥကရစ်ထတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဒေသတွင်းကျေးရွာသားများအခက်တွေ့နေ

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြ၀တီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇွန်လမှ ယခု အချိန်ထိ ဥကရစ်ထ စစ်ကောင်စီစခန်းအနီးတစ်ဝိုက်နှင့် ကဆောဝါးလေး ၃ ထပ် ကွေ့နေရာများတွင် စစ်ကောင်စီစစ်ကြောင်းများနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက် ဒေသတွင်းလမ်းပန်းဆက်သွယ် ရေးပြတ်တောက်ပြီး...

ဘုရားသုံးဆူမြို့တွင် စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

ဇူလိုင်လ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယမန်နေ့ ဇူလိုင်လ ၂၇ရက်၊ ညနေ (၄) နာရီခန့်က စည်ပင်ရုံးတွင် အမည်မသိလူအုပ်စုမှ လက်ပစ်ဗုံးဖြင့် ပစ်ဖောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းရုံးနှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေး စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ ဘုရားသုံးဆူမြို့၊ ရပ်ကွက်...
Donate