Hay Htoo
ရခိုင်အင်အားစုများကို စကစ က ဘယ်လိုသွေးခွဲလဲ
ရခိုင်အင်အားစုများကို စကစ က ဘယ်လိုသွေးခွဲလဲ
စောနေတိုး
(၅ ဩဂုတ်၊ ၂၀၂၂)
၂၀၁၀ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် အင်အားကြီးလာသော နိုင်ငံရေးအင်အားစုများအား ဖြိုခွဲရန် စစ်တပ်အနေ ဖြင့် တစိုက်မတ်မတ် ကြိုးစားခဲ့သည်။ အထူးသဖြင့် အချိန်တိုအတွင်း အင်အားကြီးလာသော ရခိုင်တပ်မတော် AA အား စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်၊ လေတပ်...
ကျောင်းနေအရွယ်နှင့် ရပ်ကွက်လူငယ်များကို ပြည်ခိုင်ဖြိုးပါတီဝင်များက ဘောလုံးပွဲများ ကျင်းပပေးနေ
ဩဂုတ်လ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီဝင်များနှင့် ရပ်ကွက်လူကြီး များ ဦးဆောင်ကာ သြဂုတ်လ (၁)ရက်နေ့ကစ၍ ကျောင်းတက်နေသည့် လူငယ်များနှင့် ရပ်ကွက်ထဲရှိ လူငယ်များကို အတင်းအဓမ္မ လိုက်လံစုရုံးပြီး ဘောလုံးပွဲများ ကျင်းပပေးနေကြောင်း ဖားအံမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ကို အားပေးထောက်ခံသည့်...
CDM လူငယ်ကျောင်းဆရာရဲ့ ကောက်ရိုးမီးလိုစိတ်ဓာတ်မဟုတ်တဲ့ နွေဦးတော်လှန်ရေးခံယူချက်
CDM လူငယ်ကျောင်းဆရာရဲ့ ကောက်ရိုးမီးလိုစိတ်ဓာတ်မဟုတ်တဲ့ နွေဦးတော်လှန်ရေးခံယူချက်
(၄ ဩဂုတ်၊ ၂၀၂၂)
“ကျနော်တို့ ဒီတော်လှန်ရေးကို အောင်ကိုအောင်မှာ။ အဲဒါကြောင့်မို့ ကျနော်တို့ ဇွဲမလျှော့ဘဲ တစိုက်မတ်မတ်နဲ့ ဖြည်း ဖြည်းခြင်းနဲ့ လုပ်ရမှာပဲ။ အချိန်ကတော့ စောင့်ရမှာပဲ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က စနစ်တစ်ခုလုံးကို တွန်းလှန်နေ တဲ့အတွက်ကြောင့်မို့လို့ အချိန်တော့ပေးရမယ်။ ကောက်ရိုးမီးလိုမျိုး...
တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါများ စတင်ဖြစ်ပွားနေ
ဩဂုတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင် ခြင်မှတဆင့် ဖြစ်ပေါ်သော ငှက်ဖျားရောဂါကို စတင်ခံစားနေကြရကြောင်း စစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်၊၊
တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တောတောင်ထဲသို့ စစ်ဘေးရှောင်နေကြရသည့် တောင်ပျောက်တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် လက်ရှိခြင်ပေါက်ပွားမှု အများဆုံးဖြစ်ပေါ်နေသည့် မိုးရာသီကာလအတွင်း အမိုးအကာနှင့်...
KNU နှင့် DKBA ပြန်လည်ပေါင်းစည်းရေး နှုတ်အားဖြင့် သဘောတူ၊ သဘောတူညီချက်အချို့ အဖွဲ့ ၏ သဘောထားနှင့် လုံးဝမတိုက်ဆိုင်ကြောင်း...
ဩဂုတ် ၄ ရက်။ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အကြား ပြန်လည် ပေါင်းစည်းရေးအတွက်နှုတ်အားဖြင့်သဘောတူပြီးဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက်စစ်ရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်ဆောင်များ တွေ့ဆုံမှုအပြီး သဘောတူခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၃ရက်နေ့က KNU ၏...
စာသင်ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းထောင်ထားခြင်းကြောင့် ရွာသားများ စိုးရိမ်မှုဖြင့် သွားလာနေရ
ဩဂုတ် ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ တောင်ကြာ အင်း(စံပြ)ကျေးရွာ အထက်တန်းကျောင်းဝင်းထဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျောင်းခြံစည်းရိုးနေရာ များတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်းကြောင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် သွားလာနေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။
အဆိုပါ စာသင်ကျောင်း၏ ခြံစည်းရိုးအနီးတွင် မိုင်းထောင်ထားမှုကို ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှအသိပေးပြောဆိုလာမှသာ သိရှိရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့...
PDF များကို ဆုကြေးငွေထုတ်ဖမ်းမှုနောက်ပိုင်း ကော့သောင်းမြို့တွင်း အစစ်အဆေးပိုမိုတင်းကြပ်လာ
ဩဂုတ်လ ၃ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပေးပါက ဆုကြေးငွေပေးမည်ဟု ထုတ်ပြန်ထားပြီးနောက်ပိုင်း မြို့အတွင်း ဝင်ထွက်သွားလာမှုများကို အစစ်အဆေးများပိုမိုတင်းကြပ်လာကြောင်း မြို့ခံများက ပြောသည်။
ကော့သောင်းမြို့တွင် ပြီးခဲ့သည့်လက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် (PDF)တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းပေးလျှင် မြန်မာကျပ်ငွေ(၁၅)သိန်းပေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း မြို့တွင်းစစ်ဆေးမှုများနှင့်...















