Hay Htoo
မော်လမြိုင်-ရန်ကုန်လမ်းကြောဂိတ်များတွင် စကဲန်ဖတ်သည့်စက်များ အသုံးပြုကာ စစ်ဆေးသဖြင့် လမ်းခရီးကြန့်ကြာမှုများရှိနေ
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်−မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီတပ်က အီတလီနိုင်ငံထုတ် (X-RAY) စကဲန်ဖတ်သည့် စက်များဖြင့် စစ်ဆေးနေသောကြောင့် လမ်းခရီးကြန့်ကြာမှုများ ရှိနေသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။
နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် မွန်ပြည်နယ်၊ စစ်တောင်းတံတား၊ ညောင်ခါးရှည်လမ်းဆုံရှိ မရမ်းချောင်းဂိတ်တွင်...
စစ်ရှောင်သံဃာများအတွက် သင်္ကန်းနှင့် ဆွမ်းဆန်များကို ကေအဲန်ယူ ဆက်ကပ်လှူဒါန်း
အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကြီးအား ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းကြီးပျက်စီးသွားပြီး စစ်ရှောင်နေသော သံဃာအပါး ၅၀ အား ပရိယတ္တိ ဗုဒ္ဓအဆုံးအမစာပေများ...
အလုပ်အကိုင်အခွင့်အလမ်းအတွက် အခက်အခဲရှိနေသူများအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်းသင်ကြားပေး
အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မဲဆောက်ဒေသတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လိုသည့်သူများအတွက် အခြေခံမော်တာစက်ချုပ် သင်တန်းကို အောက်တိုဘာလ ၁၁ ရက်မှ ၁၆ရက်နေ့အထိ အခမဲ့ စရိတ်ငြိမ်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဝင် အထည်ချုပ် စက်ရုံလုပ်ငန်းအတွေ့အကြုံရှိသူ...
စစ်ကောင်စီယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများကြောင်း ထားဝယ်-ပကဖပြော
အောက်တိုဘာ ၁၂ ရက်၊ ကေအိုင်စီ၊၊ ၂၀၂၂ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် ယမန်နေ့က အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက် ကျဆုံးမှုများနိုင်ကြောင်း Dawei Guerrilla Revolutionary Force –DGRF...
ဖားအံ-ဇာသပြင်လမ်းတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သဖြင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုရှိနေ
အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် ဖားအံ-ဇာသပြင်အဖြောင့်လမ်းတွင် ယနေ့အောက်တိုဘာလ ၁၂ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဇာသပြင်မှ ဖားအံသို့ ပြန်လာသည့် ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းမှ လမ်းတစ်လျှောက်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ...
ဝင်းရော်ဒေသရှိ တောတောင်၊ လှိုဏ်ဂူများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ဝဝ ကျော် စားစရာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ
အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ဥယျာဉ်ခြံများနှင့် တောတောင်လှိုဏ်ဂူများတွင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ဒေသခံ ဦးရေ ၅ဝဝ ကျော်သည် လက်ရှိတွင် စားစရာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်ဒေသခံများထံမှ သိရသည်။
တောင်စွန်း၊ ခုံခံ၊ ဆင်ပြေး၊ ဖော့ဖာသော်၊ ရော်ကတော့၊...
မြ၀တီမြို့ ဖက်ထမင်းဆိုင် ဗုံးပစ်ပေါက်ခံမှုကြောင့် ဆိုင်အလုပ်သမားတစ်ဦးသေဆုံး
အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့ မြ၀တီချစ်ကြည်ရေးတံတား အမှတ် ၁ အနီး မိုးကုတ်စျေးလမ်းမအနီး ဖွင့်လှစ်ထားသော ဖက်ထုပ်ထမင်းဆိုင်နှင့် စတိုးဆိုင်အတွင်းသို့ ဗုံးပစ်သွင်းတိုက်ခိုက်ခံရမှုကြောင့် ဆိုင်လုပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာဖြင့် မြ၀တီဆေးရုံတွင်း တက်ရောက်ဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
“အခု ၇ နာရီလောက်က ဆိုင်ထဲဗုံးပစ်ထည့်လို့...
ဆန်နှင့်ဆီစျေးများ ကျဆင်းသွားသော်လည်း စစ်တပ်ထုတ်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တက်လျက်ရှိနေ
အောက်တိုဘာလ (၁၁)ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်ရှိ နေရာအနှံ့အပြားတွင် အောက်တိုဘာလ(၁)ရက်နေ့မှစပြီး ဆန်စျေးနှုန်း၊ ဆီစျေးနှုန်းများ ကျဆင်းသော်လည်း စစ်တပ်ပိုင်ထုတ်ကုန်ပစ္စည်းများမှာ စျေးနှုန်းကျဆင်းမှုမရှိဘဲ မြှင့်တက်လျက်ရှိနေသည်ဟု မြို့ခံ ကုန်ရောင်း ကုန်ဝယ်လုပ်ဆောင်သူများက ပြောသည်။
စစ်အာဏာသိမ်းမှု(၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် ဒေါ်လာစျေး၊ ရွှေစျေးနှုန်းများ အဆမတန်မြှင့်တက် လာပြီး မြန်မာငွေကျပ် တန်ဖိုးများကျဆင်းကာ ယခုအောက်တိုဘာလတွင်မူ...
ကျေးလက်နေ ကရင်လူငယ်အများစု ကျောင်းပညာရေးဆက်မတက်တော့ဘဲ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သား အဖြစ်များလာ
အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း လူငယ်အများစုမှာ ကျောင်းပညာရေးဆက်မတက်ကြတော့ဘဲ ထိုင်းတက်အလုပ် သွားလုပ်ကြသည့် အခြေအနေပိုများလာခြင်းကြောင့် ကျေးရွာများတွင် လူငယ်ထက်ဝက်ကျော်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သားအဖြစ် များလာနေကြောင်း ဒေသတွင်းအရပ်ဖက်အဖွဲ့ကျေးရွာတာ၀န်ခံများ ပြောဆိုချက်အရ သိရသည်။
စစ်အာဏာသိမ်းဖြစ်စဉ် တစ်နှစ်ကျော်ကာလတွင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေခြင်း၊ လူငယ်များအား စစ်သားသစ်စုဆောင်းခံရခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့်...
ခုဒုံကျေးရွာ၌ စုပေါင်းသီတင်းကျွတ်လပြည့် ဝါထွက်ပွဲ သံဃာ၊ဒါယိကာ ထောင်ချီဆင်နွဲ
အောက်တိုဘာ ၁၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်ရှိ ခုဒုံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အနီးဝန်းကျင် ကျေးရွာများ စုပေါင်းကာ သီတင်းကျွတ် လပြည့် ဝါထွက်ပွဲတော်ကို အောက်တိုဘာလ ၉ရက်နေ့က ကျင်းပခဲ့ကြရာ သံဃာနှင့် ဒါယိကာများ ထောင်နှင့်ချီ၍ ဆင်နွဲခဲ့ကြသည်။
လန်းဖား၊ အစွန်း၊ သုံးဆယ်သုံးဆူ၊ အံဖကြီး၊ စက္ကဝက်၊ ခုဒုံ အပါအဝင်...















