Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

အဖက်ဖက်မှ အခွန်‌ဆောင်ရ‌သော‌ကြောင့် မြဝတီမြို့ရှိ ပြည့်တန်ဆာများ ငြီးတွား‌နေ

ဩဂုတ်လ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) စားဝတ်‌နေ‌ရေးအခက်အခဲ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ မှာ ပြည့်တန်ဆာအလုပ်နှင့် အသက်‌မွေး‌နေကြသည့် အမျိုးသမီးများကို သက် ဆိုင်ရာ အာဏာပိုင်များက အဆမတန် ‌ငွေညှစ်‌နေ‌သော ‌ကြောင့် အဆင်မ ‌ပြေဖြစ်‌နေ ကြရသည်ဟု ၎င်းတို့ အသိုင်းဝိုင်းနှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ...

စစ်‌ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့‌ဆောင်ရန် စီစဉ်

ဩဂုတ်လ ၂၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) နအဖဒီ ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့၏ ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်အတွင်း ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ပြေးကရင်ဒုက္ခသည်များကို မယ်လဒုက္ခသည်စခန်းသို့ ပို့‌ဆောင်ရန် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များက စီစဉ်‌နေသည်ဟု လယ်‌ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဌ ‌စောတာစူးညါးက ယ‌နေ့‌ပြောသည်။ ၎င်း “ဒီမှာ‌နေတာ ‌သောင်ရင်းမြစ်နဲ့အရမ်းနီးတဲ့အတွက် လုံခြုံမှုမရှိဘူး‌လေ။...

ဆရာ‌တော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှု ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာ တုန့်ပြန်‌ဖြေကြားခြင်းမရှိ

ဩတ်ဂုတ်လ ၂၂ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနထံမှ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှုကို လက်မခံသည့် ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာမှ တုန့်ပြန်‌ဖြေကြားခြင်းမရှိ‌သေး‌ကြောင်း ဖားပြ‌ကျေး ရွာရှိ သိပ္ပံ‌ကျောင်းတိုက် ဆရာ‌တော်က မိန့်ကြားသည်။ ဆရာ‌တော် ဦးပညာစာရက “အခုအချိန်‌တော့ နားစွင့်‌နေတုန်းပဲ၊ အဲဒီကိစ္စဟာ အထက် က‌နေ လာတာမဟုတ်ဘူး။ ‌အောက်‌ခြေတပ်ရင်းက...

‌တောင်ငူတွင် ‌ရေကြီးမှု‌ကြောင့် လယ်သမားများ ဒုက္ခ‌ရောက်

ဩဂုတ်လ ၂၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ‌တောင်ငူ‌ဒေသတွင် ယခုနှစ်မိုးရာသီအတွင်း မိုးပြင်းထန်စွာရွာသွန်း‌သော‌ကြောင့် ‌ရေကြီးမှုဖြစ်ပွားကာ ‌ဒေသတွင်းရှိ လယ်ယာ ဧက‌ပေါင်း (၁,၀၀၀)‌ကျော်ခန့် ‌ရေလွမ်းမိုးမှုခံရပြီး စိုက်ပျိုးထားသည့်စပါးပင်များ ‌သေ‌ကြေပျက်ဆီးသွားသည့်အတွက် လယ်သမားများ အခက်‌တွေ့ ရသည်ဟု သိရသည်။ လွန်ခဲ့သည် ဩဂုတ်လဆန်းပိုင်းက မိုးတအားသွန်းသည့်အတွက် ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အ တွင်းရှိ...

အိမ် ပြန်ချင်ပြီ

ဩဂုတ်လ ၂ဝရက်။ နန်းထူးစံ(‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ‌ရောက်ရှိကာ အိမ်‌ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်‌သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်‌သေးဘဲ ဖြစ်‌နေပြီး အိမ်တွင် မိသားစုများနှင့် ‌အေး‌အေး‌ဆေး‌ဆေး ပြန်‌နေချင်ပြီဟု ဆိုသည့် ‌ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။ သူမက “ထိုင်းနိုင်ငံမှာ ‌ရောက်လာတာ (၄)နှစ်ရှိသွားပြီ၊...

မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ

ဩဂုတ်လ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အဂင်္လိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု ဩဂုတ်လအထိ များပြားလာသည်ဟု သိရသည်။ တတိယနိုင်ငံ ‌လျှောက်ထားသူများသည် ၎င်းတို့ သွား‌ရောက်အ‌ခြေချမည့် နိုင်ငံတွင်...

မြန်မာအသံလွင့်အစီအစဉ်တခု ဩစ‌တြေးလျား‌ရေဒီယိုမှ ထုတ်လွင့်မည်

ဩဂုတ်လ ၁၇။ ‌စောအယ်‌ကော်(‌ကေအိုင်စီ) ဩစ‌တြေးလျား‌ရေဒီယိုတခုဖြစ်သည့် (ABC) အာရှနှင့် ပစိဖိတ်အစီအစဉ်မှ မြန်မာပြည် အတွက် အသံလွင့်အစီ အစဉ်တခု အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး မြန်မာဘာသာအထူးအစီအစဉ်တရပ်လည်း ပါဝင် မည်ဟု သိရသည်။ မြန်မာပြည်တွင် နာဂစ်ဆိုင်ကလုန်း‌ကြောင့် ထိခိုက်ပျက်စီးခဲ့မှု မကြာမှီက စီရင်ချက်ထပ်မံ ကျခံရသည့် အမျိုးသား ဒီမို က‌ရေစီ‌ခေါင်း‌ဆောင်...

ဒုက္ခသည်များ ‌နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းစီစဉ်

ဩဂုတ်လ ၁၇။ နန်းထူးစံ (‌ကေအိုင်စီ) မကြာ‌သေးခင်က တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်‌ပြေး‌ရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အဖွဲ့မှ တာဝန်ရှိသူများက ပူး‌ပေါင်းစီစဉ်‌နေကြသည်ဟု သိရသည်။ ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ...

တပ်ရိက္ခာအတွက် ရွာသူရွာသားများထံ ဒီ‌ကေဘီ‌အေ ဆန်‌ကောက်ခံ

ဩဂုတ်လ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ၃၃၃ တပ်မဟာ၊ လက်‌အောက်ခံ တပ်ရင်းမှ တပ်ခွဲမှူး ‌စော ‌ကျော်မင်း ဦး‌ဆောင်၍ သထုံခရိုင် ဘီလင်းမြို့နယ်အတွင်းရှိ ‌ကျေးရွာများ၌ ဩဂုတ်လ ဆန်းပိုင်းမှစ၍ တပ်ရိက္ခာအတွက် ဆန်‌ကောက်ခံ ‌နေသည်ဟု သိရသည်။ အဆိုပါဒီ‌ကေဘီ‌အေတပ်ဖွဲ့က ထို‌ဒေသရှိ...

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည်

ဩဂုတ်လ ၁၈ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ )တပ်မဟာ (၉၉၉) က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်‌ကောက်ခံရန်အတွက် ဂိတ်သစ်တခုထပ်ဖွင့်မည်ဟု သိရသည်။ ဒီ‌ကေဘီ‌အေ ထပ်ဖွင့်မည့်ဂိတ်သည် ထိုင်းနိုင်ငံ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မဲစရိ‌ကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာရှိပြီး ယခင်‌ကေအဲန်ယူ တပ်မဟာ...
Donate