Hay Htoo
ဖာပွန်-ကမမောင်း ကားလမ်း ကေအဲန်ယူ ပိတ်ပင်ထား
စက်တင်ဘာ ၉ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖာပွန်နှင့် ကမမောင်းကားလမ်းကို စက်တင်ဘာလမှစ၍ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက ပိတ်ပင် လိုက်သည်ဟု ထိုဒေသတဝိုက်တွင် နေထိုင်သူများက ပြောသည်။
ထိုဒေသသည် ကေအဲန်ယူ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်း တည်ရှိပြီး ယင်းသို့ပိတ်ပင်ရခြင်းအပေါ် ဒေသဆိုင်ရာ ကေအဲန် အယ်လ်အေ တပ်မှူးတဦးက ကေအိုင်စီကို ယခုလို...
စစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်းနှင့် ဆေးခန်းပိတ်လိုက်ရ
စက်တင်ဘာ ၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်ထားရာ မဲ့ကသာဂွင်တွင် ဩဂုတ်လကုန်ပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေ တပ်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် ဒေသတွင်းရှိ မူလတန်းကျောင်းတလုံးနှင့် ဆေးပေးခန်းတလုံး ပိတ်လိုက်ရသည်ဟု ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။
ဩဂုတ်လ (၃၀)ရက်နေ့က ဗိုလ်မှူးစောနော်တယာ ဦးစီးသော...
သံလွင်ရေတွေလည်း မခမ်းသရွေ့ကွယ်
လကင်္ာဒီပ
စစ်ပြေးဘဝများ
လုံးပါးကြုံဆုံ လူ့ဂုဏ်သိက္ခာ
ပြိုကာသုဉ်း မုန်းစစ်ပွဲကြား
သနားညှာတွေး မင့်ရင်သွေးရေးတွေ
ကျန်းမာရေး ပညာရေး
အရေးတွေခမ်း လမ်းတွေမဲ့
ကမ်းမဲ့ဗေဒါ မရေရာမှုမျိုးနဲ့
ဖုန်းဆိုးထောင်းထ ဘဝမောတွေ
ပျံသင်နေလေဆဲ လမ်းအကွေ့မယ်။
ညစ်ထေးလှတကား
တို့များဘဝ ဆင်းမလှ
နွမ်းလျစွာတည် ရာသီစစ်ပြေးဖြစ်
စစ်ဘေး၊ စစ်ဒဏ်၊ စစ်လက်သံတွေ
မတန်မရာ ယူကာခံရ
ကံဆိုးမမျိုး ငြိုးခံရထင့်
ကစဉ့်ကလျား ပြေးလွှားရှောင်ရင်း
ဖားစည်သံဆိတ် ဒုံးသံတိတ်ခဲ့
အို .... မြေကမ္ဘာရေ
တောတွေ တောင်တွေ လျှိုမြောင်တွေကြား
ငြီးတွားငိုသံ နာကျည်းသံတွေနဲ့
သံစဉ်တွေဝေမြဲ အလွမ်းအတွေ့ဝယ်။
စစ်ခွေးဓားပြများ
ညီသားပြည်သူ မည်သူမသိပါ
သံဃာသင်းခွဲ...
မယ်လဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါဖြစ်ပွားမှု များပြားလာ
စက်တင်ဘာ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ဝက် သက်ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ဝက်သက်ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း လျှော့ကျမှု မရှိသေးကြောင်း...
နအဖ တပ်များ စွမ်းအားရှင်အသင်းဝင် စုဆောင်း
စက်တင်ဘာ ၅ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုလဆန်းပိုင်းအတွင်း တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို အတင်းဓါတ်ပုံရိုက်ခိုင်းပြီး စွမ်းအားရှင်အသင်းဝင်အဖြစ် စုဆောင်းရန် မြို့နယ်မှူးဦးသန်းဝင်းက အမိန့်စာထုတ်ပြန်ထားသည်ဟု တောင်ငူဒေသမှ လာသည့်သတင်းအရ သိရသည်။
သံတောင်မြို့နယ်အတွင်းရှိ ပြောင်တိုဂွင်နှင့် သံတောင်မြို့သစ်ခေါ် (၁၃)မိုင် ကားလမ်းဒေသအတွင်းရှိ ရွာသူရွာသားများကို စွမ်းအားရှင်အသင်း ဝင်ဖြစ်ရန်အတွက် ဘောဂလိသို့...
မြဝတီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်နေ
စက်တင်ဘာလ ၄ရက်။ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ရဲမင်းကြီး ဦးခင်မောင်လွင်သည် လိုင်စင်မဲ့ကား၊ ဥပဒေ မဲ့ကားများကို အခွန်လွတ်စနစ်ဖြင့် ကုန်ကူးနေသည်ဟု ဒီကေဘီအေ အသိုင်းအဝိုင်းများက ပြောသည်။
လိုင်စင်မဲ့ကားများ၊ ဥပဒေမဲ့ကားများကို ကုန်ကူးမှုများ လုပ်ဆောင်ရာတွင် ရဲမင်းကြီးကိုယ်တိုင် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ၎င်း၏သားနှင့် မိတ်ဆွေအသိုင်းဝိုင်းများက တဆင့်ခံ...
အာဇာနည်ခေါင်းဆောင်ကြီးများသို ့
ဘ ဝအမှောင်
ဦး ဆောင်ဖြိုခွင်း
ကြီး သောလင်းစေ
မူ ခြွေရဲရင့်
လေး ဆင့်တရား
ချက် လက်ထားရစ်
ဆုတ် မနစ်ဇွဲ
ကိုင် နိုင်စွဲထိ
မြဲ သည့်သည်းမာခေါင်းဆောင်များ။
အာ မဖွဲ ့ခဲ့
ဇာ မချဲ ့ခဲ့
နည် (နီ)တဲ့သွေးဟေ့
နေ ့ နေ ့ညည
မ ဆုတ်မနစ်
မေ့ ပြစ်မထား
သင့် သားမြေးရေး
ပေ ရေဘဝများဆေးကြောသူ။
ကောင်း မြတ်စိတ်စဉ်
ရာ ဇဝင်မယ်
သု...
လူငယ့်အားမာန်
ဖွင့်မရ ဖြတ်မရလို့ ထင်ရတဲ့
သံကွန်ချာ အထပ်ထပ်အုပ်ထား
သံမဏိတံခါးများနဲ့ စည်းခြားကန့်သတ်ထားပေမဲ့
ဦးနေဝင်းစစ်အစိုးရအာဏာရှင်ရဲ့
ယန ္တရားကို ကျိုးပြတ်ပျက်စီးသွားစေတာ
လူငယ့်အားမာန် အဓိကပဲ။
မဟုတ်မခံ စိတ်ဓာတ်ကိုအရင်းတည်
ဘာမထီအာဇာနည်ဝိဉာဉ်နဲ့ စစ်သွေးကြွနေတဲ့
နအဖ စစ်အစိုးရ ဟိုငနဲသန်းရွှေကြီးကို
အသက်ကိုအမှုမထား ကြံ့ကြံ့ခံတော်လှန်ခဲ့တာ
လူငယ့်အားမာန်ပါ။
လူငယ်ဟာ အများအတွက်အကျိုးရှိဖို့
ရိုးသားတယ် ကြိုးစားတယ် အနစ်နာခံတယ်
လူငယ်ဟာအများအတွက်
ဖောက်ပြန်နေတဲ့သန်းရွှေကြီးကို
ဆန့်ကျင်တယ် တော်လှန်တယ် ချေမှုန်းတယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ
တကယ်ဆိုရင်
မှန်ကန်တဲ့လူကြီးတွေအကြံနဲ့
ရိုးသားတက်ကြွတဲ့ လူငယ့်အားမာန်ကို
ပေါင်းစပ်လိုက်ရင်
ကောင်းကင်ကိုဖြိုချ
ပင်လယ်ရေခမ်းခြောက်သွားအောင်
ခပ်ထုတ်နိုင်တယ်နော်။
သုံးဆူ (KTB)
တယောက်အားနဲ့ဆိုသော် မရ
မတရား အရေးယူဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့ သည့် ဩဂုတ်လ ၁၁ရက် နေ့တွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် တနှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ထပ်မံ ကျ ခံစေခဲ့သည်။ တဆက်တည်းမှာပင် သူမ၏နေအိမ်ကို ရေကူးခိုးဝင်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျှံယက်...
ဒီကေဘီအေတပ်သား (၃)ဦး ကေအဲန်ယူ ဖမ်းမိ
စက်တင်ဘာလ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ဩဂုတ်လ ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကေဘီ အေတပ်သား (၃)ဦးကို ကေအဲန်ယူက ဖမ်းဆီးရမိလိုက်သည်ဟု သိရသည်။
ထိုနေ့ည သန်းခေါင်ကျော်အချိန်တွင် ကေအဲန်ယူ တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်းများနှင့် ဒီကေ ဘီအေ တပ်မဟာ...





