Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

အုန်းဖျန်စခန်း၌ ကရင်တူရိယာ အတီးအမှုတ်နှင့် ဒုံးအကသင်တန်း ဖွင့်လှစ်မည်

စက်တင်ဘာလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ဆယ်‌ကျော်သက် ကရင်‌ကျောင်းသားလူငယ်များအတွက် ကရင်တူရိယာအတီးအမှုတ်၊ ဒုံးအကနှင့် ပတ်သက်သည့် ရက်ရှည်သင်တန်း တခုကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် အုန်းဖျန်ဒုက္ခသည်စခန်းရှိ အထက်တန်း‌ကျောင်းများ၌ သင်ကြား‌ပေးသွားမည်ဟု သိရသည်။ ‌ကျောင်းသားလူငယ်များ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှုကို မ‌မေ့မ‌ပျောက်‌စေရန် ရည်စူး၍ အဆိုပါသင်တန်းကို အထက်တန်း‌ကျောင်းနှစ် ‌ကျောင်းတွင် တရက်လျှင်...

လက်နက်ကြီးငယ် ပစ်ခတ်မှု‌ကြောင့် ရွာသားများ ထိတ်လန့်

စက်တင်ဘာလ ၁၇။ နန်းထူးစံ(‌ကေအိုင်စီ) ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၆)၊ ဝင်း‌ရေးမြို့နယ် မဲ့ကသာဂွင်တွင် ဝင်‌ရောက် လှုပ်ရှားသည့် နအဖ တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့တို့က ‌ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသားများ အထိတ်တလန့်ဖြစ်‌နေကြသည်ဟု သိရသည်။ နအဖ ‌ခြေမြန်တပ်ရင်း-ခမရ (၃၅၆)မှ တပ်ခွဲ(၄)နှင့် ဒီ‌ကေဘီ‌အေ...

ကရင်လူထု ၇,၀၀၀‌ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံ‌နေရ

စက်တင်ဘာလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ဘူးသိုနှင့် လူ‌သောမြို့နယ်အတွင်းရှိ ကရင်လူထု ၇,၀၀၀‌ကျော်သည် ၂၀၀၉ခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်အထိ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်‌နေရသည်ဟု သိရသည်။ အဆိုပါ ကရင်လူထုများသည် ၎င်းတို့အ‌ခြေချရာ ‌နေရပ်ရင်းများ၌ စစ်အစိုးရတပ်များ၏ နယ်‌မြေစိုးမိုး‌ရေး လှုပ်ရှားမှု‌ကြောင့် နီးစပ်ရာ ‌တောတွင်းသို့...

‌ကေအဲန်ယူ ဗိုလ်‌လောင်း သင်တန်းဆင်းပွဲပြီးစီး

စက်တင်ဘာ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ ဗဟိုအဆင့် ပြုလုပ်ခဲ့သည့် ဗိုလ်‌လောင်းသင်တန်းဆင်းပွဲ ကို စက်တင်ဘာလ ၁၁ရက်‌နေ့က တပ်မဟာ (၅)နယ်‌မြေတွင် ကျင်းပပြီးစီးခဲ့သည်။ ယခု ဗိုလ်‌လောင်းသင်တန်းသည် အမှတ်စဉ်(၄) ‌စောဘဦးကြီးတပ်ခွဲဖြစ်ပြီး သင်တန်းပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်ကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် ‌ကေအဲန်အယ်လ်‌အေ ဗိုလ်ချုပ်ကြီး‌စောမူတူး...

မြစ်‌ရေကြီးမှု‌ကြောင့် အိမ်‌ခြေ ၅၀ဝခန့် ‌ရေနှစ်မြှုပ်

စက်တင်ဘာ ၁၁ရက်။ ‌ကေအိုင်စီ တနသင်္ာရီမြို့နယ်အတွင်း စက်တင်ဘာလ ၈ရက်‌နေ့အထိ မြစ်‌ရေကြီးမှု‌ကြောင့် စာသင်‌ကျောင်းများ အပါအဝင် လူ‌နေအိမ်‌ခြေ ၅၀ဝခန့် ‌ရေနှစ်မြှုပ်ခံရသည်ဟု ‌ဒေသသတင်းများအရ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှစ၍ မိုးပြင်းထန်စွာ ရွာသွန်းသည့်အတွက် တနသင်္ာရီမြစ်‌ရေမှာ လျှံတက်လာပြီး တနသင်္ာရီ တိုင်း၊ မြိတ်ခရိုင် တနသင်္ာရီမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၉ဝနှင့်...

ထိုင်းစစ်တပ်က ဒုက္ခသည်အသစ်များကို ‌နေရပ်အတင်းပြန်ပို့

စက်တင်ဘာလ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ နိုဘိုးဒုက္ခသည်စခန်းသစ်သို့ ယမန်‌နေ့ ‌နေ့လည်ပိုင်းတွင် ထွက်‌ပြေးလာသည့် ကရင်ရွာသား ၁၅ဦးကို ‌ရောက်ရှိပြီး နာရီ ပိုင်းအကြာတွင် ထိုင်းစစ်တပ်က ကားဖြင့် အတင်းအဓမ္မ ‌နေရပ်ပြန်ပို့လိုက်သည်ဟု သိရသည်။ ဖားအံမြို့နယ်အတွင်းရှိ မဲ့တနာ့ခီးရွာမှ မိသားစု (၂)စုနှင့် ပိုင်ကျုံမြို့နယ်၊ တ‌ငေါရွာမှ မိသားစု...

မိုးညို့ညို့ ဟန်‌တွေပြင်

(လကင်္ာဒီပ) အသားငါး စားမယ်ပြင်တိုင်း ‌တောရိုင်းပင်ပျို၊ ဗီးစပ်ချို‌တွေ ဟင်းချို‌သောက်‌နေကြရ သူတို့ ဘဝ‌လေး ကျုပ်....‌ပြေးမြင်မိတယ်။ အဆင်းလှလှ အချင်းလှလှ‌တွေမြင်တိုင်း ဘဝလှိုင်းကြား အ‌ပြေးအလွှား ‌တေးသွားမညီကြ သူတို့ ဘဝ‌လေး ကျုပ်...ရင်‌လေး‌နေမိတယ်။ အိမ်ယာ၊‌မြေယာ တိုက်ကြီးတာကြီး ကား‌တွေစီးလို့ ‌ရေမီးကြွယ်ဝ မြို့ပြလှ‌တွေနဲ့ ဟိုး...သူတို့‌တွေရဲ့ အခင်းမဲ့‌နေ ‌မြေကမ္ဗလာ အိပ်ယာ‌လေး ယှဉ်‌တွေးနှိုင်းဆ ကျုပ်...ကွာဟချက်‌တွေ ရှာ‌နေမိတယ်။ တတိယနိုင်ငံလား ကျုပ်မှာ‌တော့...။ ကြက်ဥ‌ကြော်‌လေး တိတ်တိတ်‌လေးမျို။ သင့်မြတ်သီချင်း‌လေး တိတ်တိတ်‌လေးဆို။ ပူ‌လောင်ခြင်း အပြင်းစား‌တွေနဲ့ တိတ်တိတ်‌လေးညိုခဲ့ရ။ ဟို‌တောင်ရိုး မိုးညို့ညို့ ဟန်‌တွေပြင် ဒီရင်ထဲ စိုးထိတ်လို့‌နေမိသူ။ ယမ်း‌ငွေ့နဲ့ တိမ်ညို ကျုပ်...အပြိုမ‌စော‌စေချင်ဘူးကွယ်။ ။

သာပါ‌တော့လား ‌ရွှေဖားစည်

(လကင်္ာဒီပ) ရန်ညိုးအာဃာတ မာနဖွဲ့တည် ချည်‌နှောင်မှုမမြဲ ကွဲခဲ့ကမ္ဘာ သံသာ‌လေကမ်း လမ်းခွဲရှာသူ‌တွေ လူမျိုးမ‌ထောက် ရူးဘုံ‌မြောက်ကြသတဲ့ ကျည်းတန်တဲ့ဖြစ်ရပ်များ။ သမိုင်းမလှ မိုက်မဲ‌နေ ဂိုဏ်းဂဏတိုက်ပွဲ‌တွေနဲ့ ‌ပွေလီတဲ့ မီးပင်လယ် ‌သေပြီးဟဲ့ ခရီးစဉ်ကျယ်မှာ မျက်နှာမွဲ ရင်‌သွေးများအ‌ရေး ဟင်း.. စဉ်‌တွေးမထား‌ပေ‌ရော့လား။ ရွာစွန်‌မြေမနီး‌ဝေး တာဝန်‌တွေ မပြီး‌သေးခင်မှာ တခါတခါ ဟီးမြည်တတ် ဖားစည်ခတ်သံကြား ရှင်‌တော်ဘုရား‌ရေ... အရှင့်‌ခြေ‌တော်ရင်းထံ အ‌ရောက်ပြန်ခဲ့ချင်ပါ‌ပေါ့။ ။

အုန်းဖျန်စခန်းအတွင်း ဓါးထိုးမှုဖြစ်ပွား လူတဦး‌သေဆုံး

စက်တင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ရပ်ကွက်(၈)၌ ယ‌နေ့နံနက် ၅နာရီ ဝန်းကျင်အချိန်တွင် ဓါးထိုးမှု တခုဖြစ်ပွားရာ တဦး‌သေဆုံးသွားသည်ဟု စခန်းလုံခြုံ‌ရေးမှူး မန်းထွန်း‌နောင်က ‌ကေအိုင်စီကို ‌ပြောသည်။ ဓါးဖြင့် အထိုးခံရသူ မွတ်ဆလင်မ် အမျိုးသား ဘချို ၂၃နှစ်သည် အခြားမွတ်ဆလင်မ် ညီအကိုသုံးဦးဖြစ်သူ...

မဲ‌ဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား တစ်‌သောင်း‌ကျော်အလှူခံ

စက်တင်ဘာလ ၉။ နန်းထူးစံ (‌ကေအိုင်စီ) မဲ‌ဆောက်မြို့ရှိ တရုတ်ဘုံ‌ကျောင်းတွင် ယ‌နေ့ ဆန်လှူပွဲကျင်းပခဲ့ရာ မဲ‌ဆောက်နှင့် မြဝတီမြို့မှ မြန်မာပြည်သား တစ်‌သောင်း‌ကျော် လာ‌ရောက်အလှူခံခဲ့သည်။ အဆိုပါ ဆန်လှူပွဲကို မဲ‌ဆောက်မြို့ရှိ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် စု‌ပေါင်းကုသိုလ်ပြု ဘုံ ‌ကျောင်း‌ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခြင်းဖြစ်ရာ လူမျိုးဘာသာမခွဲခြားဘဲ ‌ရောက်ရှိအလှူခံသည့် မြန်မာပြည်သားများကို ဆန်(၅)ကီလို၊...
Donate