Home သတင်း ဒီ‌ကေဘီ‌အေတပ်သား (၃)ဦး ‌ကေအဲန်ယူ ဖမ်းမိ

ဒီ‌ကေဘီ‌အေတပ်သား (၃)ဦး ‌ကေအဲန်ယူ ဖမ်းမိ

1741
စက်တင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ဩဂုတ်လ ၃၁ရက်‌နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ဒီ‌ကေဘီ ‌အေတပ်သား (၃)ဦးကို ‌ကေအဲန်ယူက ဖမ်းဆီးရမိလိုက်သည်ဟု သိရသည်။

ထို‌နေ့ည သန်း‌ခေါင်‌ကျော်အချိန်တွင် ‌ကေအဲန်ယူ တပ်မဟာ (၇) လက်‌အောက်ခံ တပ်ရင်းများနှင့် ဒီ‌ကေ ဘီ‌အေ တပ်မဟာ (၅၅၅) တပ်ရင်း (၃)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲအတွင်း ဒီ‌ကေဘီ‌အေမှ တပ်သား ၁ဦးကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိကာ ၃ဦးကို အရှင်ဖမ်းဆီးရမိသည်ဟု ‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။

“ကျ‌နော်တို့လူ‌တွေက မု‌အေးပူကို ပြန်လာ‌ချောင်းကြည့်တဲ့အချိန်မှာ တပ်မဟာ(၅၅၅) တပ်ရင်း(၃)က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့နှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တာပဲ။ ကျ‌နော်တို့လူ‌တွေက အရင်ပစ်တယ်။ အဲဒီ မှာ ၁‌ယောက် ‌သေသွားပြီး ၂‌ယောက် ဒဏ်ရာရတယ်။ ၃‌ယောက်‌တော့ ‌သေနတ်‌တွေ လွှင့်ပစ်ပြီး ‌ချောင်း ထဲဆင်း‌ပြေးတဲ့အချိန်မှာ ကျ‌နော်တို့လူ‌တွေ ဝင်ဖမ်းလိုက်တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူမှ ဖမ်းဆီးမိသည့် ဒီ‌ကေဘီ‌အေတပ်သားများမှာ ‌စောဖားပလို့တူး ၁၃နှစ်၊ ‌စော‌ကျောစိန်ဝင်း ၁၆နှစ်နှင့် ‌စောထီးဒို့ ၁၇နှစ်တို့ဖြစ်ကြပြီး ၎င်းတို့သည် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ အတင်းအဓမ္မ စစ်သားသစ် စု‌ဆောင်းခံရသူများဖြစ်ကြပြီး နိုင်ငံတကာက သတ်မှတ်ထားသည့် က‌လေးစစ်သား အရွယ်သာ ရှိသည့်အ တွက် ‌ကေအဲန်ယူအ‌နေဖြင့် ၎င်းတို့ဖြစ်ချင်သည့် သ‌ဘောဆန္ဒအတိုင်းသာ လိုက်‌လျောသွားမည်ဖြစ် ‌ကြောင်း ပဒို‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။

(၁၅)မိနစ်ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ဒီ‌ကေဘီ‌အေဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့‌သော် လည်း ‌ကေအဲန်ယူဘက်က ထိခိုက်မှုမရှိ‌ကြောင်း သိရသည်။

၎င်းတိုက်ပွဲဖြစ်ပွားရာ ‌နေရာသည် ပြီးခဲ့သည့် ဇွန်လတုန်းက မြန်မာစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း တပ်တို့ သိမ်းပိုက်နိုင်ခဲ့‌သော တပ်မဟာ (၇)နယ်‌မြေအတွင်းရှိ ‌နေရာတ‌နေရာဖြစ်ပြီး လက်ရှိတွင် ဒီ‌ကေ ဘီ‌အေတပ်ဖွဲ့များက ၃လကြာ ထိန်းချုပ်ထား‌သော်လည်း မကြာခဏ ဗုံး‌ပေါက်ကွဲ‌နေ‌သော‌ကြောင့် ဒီ‌ကေ ဘီ‌အေ ရဲ‌ဘော်များမှာ ယခုအချိန်ထိ ထိခိုက်‌သေဆုံးမှုများနှင့် ရင်ဆိုင်လျှက်ရှိသည်ဟု သိရသည်။

‌သောင်ရင်းမြစ်တ‌လျှောက်ရှိ ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေဖြစ်သည့် နိုဘိုးမှ မဲ့သ‌ဝေါအထိ ဒီ‌ကေဘီ ‌အေ တပ်မဟာ (၅၅၅)၊ (၉၉၉)နှင့် (၉၉၉)သစ္စာတည်တပ်ရင်းတို့က တပ်အင်အား (၃၀၀)ဖြင့် လှုပ်ရှား လျှက်ရှိသလို ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံ တပ်ရင်းများ၊ တပ်မဟာ လုံခြုံ‌ရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (‌ကေအဲန်ဒီအို)များလည်း လှုပ်ရှား‌နေဆဲ ဖြစ်သည်။