Hay Htoo
သရက်ထောင်မှ ကေအဲန်ယူ အကျဉ်းသားတဦး ကျန်းမာရေးဆိုးရွား
စက်တင်ဘာလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကေအဲန်ယူ အကျဉ်းသား စသန်းမြင့်ရွှေသည် ကျန်းမာရေး အလွန်ဆိုးရွားပြီး လက်ရှိအချိန်တွင် နှစ်အတန်ကြာ ထောင်ဝင်စာနှင့်လည်း အဆက်အသွယ်ပြတ်လျှက်ရှိ သည်ဟု သိရသည်။
စက်တင်ဘာလ ၁၈ရက်နေ့တွင် သရက်ထောင်မှ လွတ်မြောက်လာသူ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ဟောင်း ကိုရန်အောင်ရွှေက ၎င်းပြန်လည်မလွတ်မြောက်ခင်...
နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်းမဟုတ်
စက်တင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က အကျဉ်းသား ၇၁၁၄ ဦးကို မြန်မာ စစ်အစိုးရ ပြန်လည်လွှတ်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား များကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခြင်း မဟုတ်ကြောင်း လွတ်မြောက် လာသူ နိုင်ငံရေး အကျဉ်းသား ကိုရန်အောင်ရွှေက...
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ
စက်တင်ဘာလ (၂၄)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၅) နယ်မြေတွင် နအဖ နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ယခုလ အစောပိုင်းမှစ၍ စစ်ရေး ပိုမိုလှုပ်ရှားလာခြင်းသည် တပ်မဟာ(၅) နယ်မြေ ထိုးစစ်ကို စတင်နေခြင်းဖြစ်ကြောင်း...
ကေအဲန်ယူတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်တပ် တပ်အပြောင်းအလဲ မလုပ်နိုင်သေး
စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တပ်မဟာ (၆)နယ်မြေတွင် ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် နအဖ ခမရ (၃၅၆)တပ်ရင်းနှင့် ခမရ(၃၅၅)တပ်ရင်းတို့ တပ်ပြောင်းရန် မဖြစ်သေးကြောင်း ကေအဲန်ယူ တပ်မဟာ(၆) ပြန်ကြားရေးဌာနက ပြောသည်။
တပ်မဟာ(၆)၏ ပြန်ကြားရေးဌာန တာဝန်ခံ စောထဲနေက “အခုအချိန်မှာ သူတို့(နအဖ)က အခြေအနေကို...
ရပ်ကွက်တွင်း စစ်ဆေးမှု ပိုများလာ
စက်တင်ဘာ ၂၃ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရပ်ကွက်တိုင်းတွင် ယခုလဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ ညစဉ် ကင်းလှည့်လည်စစ်ဆေးမှုများ ပိုမိုများပြားလာသည်ဟု မြဝတီမြို့ခံများက ပြောသည်။
အဆိုပါကင်းလှည့်စစ်ဆေးမှုကို ရပ်ကွက်မှူးများနှင့် ရပ်ကွက်လုံခြုံရေး တာဝန်ရှိသူများက ညဘက် (၉)နာရီအချိန်မှစ၍ အ လှည့်ကျစနစ်ဖြင့် ညစဉ် လုပ်ဆောင်သွားကြသည်ဟုလည်း သိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ယခင်လမကုန်ခင်က “ပြည်သူများ...
ဒီကေဘီအေတပ်ဖွဲ့ စောင့်ကြည့်စစ်ဆေးမှုကြောင့် ရွာသားများ အနေကြပ်
စက်တင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့က ကရင်ပြည်နယ် ဝင်းရေးမြို့နယ်ရှိ မဲ့က သာရွာသားများ၏ သွားလာရေးကို စက်တင်ဘာလ ၂ဝရက်နေ့ နောက်ပိုင်းတွင် စောင့်ကြည့်စစ်ဆေးနေသည့်အတွက် ရွာ သားများ အနေကြပ်ကြရသည်ဟု သိရသည်။
ရွာသားတဦးက “ဒီကေဘီအေက ရွာသားတွေ...
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မဲဆောက်တွင် လမ်းလျှောက်ချီတက်
စက်တင်ဘာလ ၂၁ ရက်။ ကေအိုင်စီ
ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် သံဃာတော်များ ဦးဆောင်သော လူဦးရေ ၁၀၀ကျော်သည် ထိုင်းနိုင် ငံ၊ မဲဆောက်မြို့ အဝေးပြေးလမ်းမကြီးမှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ရည်ရွယ်၍ ဂျာမဏီနိုင်ငံမှ အရှင်ဦးသောဘာဂနှင့် ထိုင်းနိုင်ငံ၊ သံဃာ့ဥ သျှောင်အတွင်းရေးမှူး အရှင်ဣဿရိယ...
ဖာပွန်ဒေသ၌ ရက်ပိုင်းအတွင်း လူ ၃၀၀ကျော် ကူးစက်ရောဂါဖြစ်ပွား
စက်တင်ဘာ ၂ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကေအဲန်ယူ ထိန်းချုပ်ရာဒေသဖြစ်သည့် ဖာပွန်ခရိုင် လူသောမြို့နယ်တွင် ယခုလ(၁၁)ရက်နေ့မှစ၍ တုပ်ကွေးရောဂါ အမျိုးအစားဟု ထင်မှတ်ရ သည့် ကူးစက်ရောဂါတခုဖြစ်ပွားရာ ဆယ်ရက်အတွင်း ထိုဒေသရှိ ရွာသူရွာသား ၃၀၀ကျော် ကူးစက်ခံရသည်ဟု သိရသည်။
“လွန်ခဲ့တဲ့အပတ်က စဖြစ်တာ ဆယ်ရက်အတွင်းမှာ လူ ၃၀၀ကျော်လောက် ကူးစက်သွားတယ်။...
နိုင်ငံရေးအကျဉ်းသားများကို စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု အေအေပီပီပြော
စက်တင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
စစ်အစိုးရသည် ယမန်နေ့က အကျဉ်းသား ၇၁၁၄ဦးကို ပြန်လွှတ်ပေးလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့သော် လည်း ၎င်းမှာ စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေ အေပီပီ)က ထုတ်ဖော်ပြောဆိုုလိုက်သည်။
"စစ်အစိုးရ လွှတ်ပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်တယ်လို့ ပြောတယ်။ သေချာစစ်ကြည့်...






