Hay Htoo
နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်မခံ
အောက်တိုဘာ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ-ငြိမ်းချမ်းရေးကောင်စီအဖွဲ့က အောက်တိုဘာ (၂၀)ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင် သော...
ကရင်ခေါင်းဆောင်နေရာများကို ထိုင်းအာဏာပိုင်များ ရှောင်တခင် စစ်ဆေး
အောက်တိုဘာလ ၂၇ရက်။ ကေအိုင်စီ
နအဖ စစ်အစိုးရကို တော်လှန်နေသည့် ကရင်ခေါင်းဆောင်များ နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေရာအ ချို့ကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်စောစောပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုင်းစစ်တပ်၊ ရဲနှင့် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် အဖွဲ့ပေါင်းစုံက အာဏာပိုင်များသည် ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်များ...
ဇုံညွန်မှူး တကိုယ်တော်ဝင်ငွေ အလွန်ကောင်းနေ
န.က.သ ခေါ် မြဝတီကုန်သွယ်ရေးဇုံသည် မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်ရေးလုပ်ငန်း အမှတ်(၂) အဆင့် ရှိသည်။ ထိုကုန်သွယ်ရေးဇုံသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီဒေသတို့၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ဇုံတာ ဝန်ခံအဖြစ် ဦးစီးဆောင်ရွက်သူမှာ ယခင် မြန်မာတပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ န.က.သ နယ်စပ်ကုန်သွယ်ရေး ညွန်ကြားရေး...
လူငယ်များ၏ စကားလက်ဆောင် (အောက်တိုဘာ ၂၀၀၉)
စောဖိုးထူး ၁၉နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းအောင်
ကျနော်ရဲ့ဇာတိက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နို့လားကျေးရွာကပါ။ မောင်နှမ (၃)ယောက်ထဲမှာ ကျနော်က...
လူငယ်များ၏ စကားလက်ဆောင် (အောက်တိုဘာ ၂၀၀၉)
စောရေးနယာ ၂၃နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းလွန်ကျောင်း
ကျနော့်ဇာတိက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စီဂဲဒဲကျေးရွာပါ။ လက်ရှိမှာတော့ ကျနော့်တို့မိသားစု မယ်လအူးဒုက္ခသည် စခန်းမှာပဲ...
ရွှေနှင့် သစ်လုပ်ငန်းအတွက် ဒီကေဘီအေ အင်အား (၇၀၀)ခန့် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်သို့ ရောက်ရှိနေ
အောက်တိုဘာလ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် ဒီကေဘီအေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀ဝခန့်မှာ ယခုရက်ပိုင်းအတွင်း ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြားဒေသသို့ ရောက်ရှိလှုပ်ရှားနေကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။
အဆိုပါ ဒီကေဘီအေတပ်ဖွဲ့များမှာ (၃၃၃)တပ်မဟာမှ အင်အား ၄၀၀ကျော်ရှိ...
KNU တပ်မဟာ (၇)နယ်မြေတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းလှုပ်ရှား
အောက်တိုဘာလ (၂၄)ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် နအဖစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ယခု လလယ်ပိုင်းမှစ၍ ပူးပေါင်းလှုပ်ရှားနေသည်ဟု ကေအဲန်အယ်လ်အေ ဒုတပ်ရင်းမှူးတဦးက ပြောသည်။
ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က "ဒီလ (၁၄)ရက်ကနေစပြီးတော့ ဒီနေ့အထိ နအဖ စစ်...
မြဝတီမှာ ပေါက်ကွဲမှုဖြစ် အရပ်သား သေဆုံးထိခိုက်မှုရှိ
အောက်တိုဘာလ ၂၄ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယနေ့ည ၈နာရီခွဲကျော်အချိန်တွင် ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ အရပ် သားတဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အမည်မဖော်လိုသူ မြဝတီမြို့ခံတဦးက “အခုလေးတင်ပဲ ဗုံးပေါက်ကွဲသံအသံကြားလိုက်တယ်။ အသံက တော့ မိချောင်းကုန်းဘက်ကပဲ။ လက်ပစ်ဗုံးနဲ့ လှမ်းပစ်တာလို့ ပြောနေကြတယ်။ သုံးယောက်ထိတယ်။...
ဖာပွန်ခရိုင်အတွင်း ကူးစက်ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါနှင့် ပတ်သက်၍ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သား များအဖွဲ့တာဝန်ခံ ဆရာမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခန်း
- ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဖာပွန်ခရိုင်မှာ ရာသီအလိုက်ဖြစ်တဲ့ တုပ်ကွေးရောဂါ ကူးစက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ အဲဒါ ဘယ်ဒေသတွေမှာပါလဲ။
ဒီတုပ်ကွေးရောဂါ စဖြစ်တာကတော့ ဖာပွန်ခရိုင်၊ လူသောမြို့နယ်မြောက်ပိုင်းက ရွာကနေပေါ့နော်။ အဲဒီမှာ တရွာ၊ နှစ်ရွာ စဖြစ်တယ်။ အဲဒီကနေပြီး လေး ငါး ခြောက်ရွာလောက် ထပ်မံ...
အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား ၂၅၀ကျော် ရိက္ခာအခက်အခဲ ဖြစ်နေ
အောက်တိုဘာလ ၂ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ဖာပွန်ဒေသတွင် ယခုလဆန်းပိုင်းက အိုးအိမ်များကို စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးပုန်းရှောင် နေကြရသည့် ရွာသူရွာသား ၂၅၀ကျော်မှာ လက်ရှိအချိန်တွင် ဝမ်းရေးအတွက် ရိက္ခာအခက်အခဲများ ဖြစ်လာရသည်ဟု ထိုဒေ သမှလာသည့် သတင်းအရ သိရသည်။
အဆိုပါ ရွာသူရွာသားများသည် ဘူးသိုမြို့နယ်၊ မယ်မွဲကျေးနယ်ရှိ...





