Hay Htoo
ကေအဲန်ယူနှင့် နအဖ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား
နိုဝင်ဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ် အေ)က နအဖ စစ်တပ်ကို ယနေ့တရက်တည်းတွင် နှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်အယ်လ် အေ ဒုတပ်ရင်းမှူးတဦးက ပြော သည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ ဝေါ်လေအခြေစိုက် တပ်ရင်း(၂၀၁)မှ တပ်ဖွဲ့ဝင်များသည် မကြာသေး ခင်က...
ကရင်အမျိုးသမီးများ၏ တော်လှန်ရေးအတွက် စွမ်းဆောင်မှုများ
ဖိုးထူးထူး (ထူးဘီ-တပ်မဟာ ၁)
ဘယ်သမိုင်း၊ တော်လှန်ရေး တိုက်ပွဲတွေမှာမဆို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တထောင့်တနေရာ မှာ ပါဝင်စမြဲပါ။ သို့သော်လည်း သူတို့ရဲ့ ပါဝင်မှုကို အနည်းအကျဉ်းသာ အသိအမှတ်ပြုခံရတာ (သို့မဟုတ်) လုံးဝ အသိအမှတ်ပြုမခံရတာဟာ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်နေခဲ့တဲ့ အမှန်တရားဖြစ်သလို ယနေ့ထက်ထိတိုင်လဲ မှန်ကန်နေဆဲလို့ ပြောရင်...
ဒုတိယအကြိမ် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ရန် စတင်ဆော်ဩနေပြီ
နိုဝင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နန့်ရွှေကျင် တို့အား ရည်စူး၍ ၎င်းတို့၏ သားသမီးများ တည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းက ဒုတိယအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ချီးမြှင့်ရန် ယမန်နေ့က စတင်ဆော်ဩနေပြီဖြစ်သည်။
အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ...
ကရင်အဆိုတော် စောဘီးချာ (Beecher)ကွယ်လွန်
နိုဝင်ဘာလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နာမည်ကျော် တေးရေး၊ တေးဆို ကရင်အမျိုးသား အဆိုတော်တဦးဖြစ်သူ စောဘီးချာ(Beecher) ၄၁နှစ် သည် လွန်ခဲ့သည့် အောက်တိုဘာလ ၂၉ရက်နေ့က မတော်တဆ ကားတိုက်မှုကြောင့် ကွယ်လွန်သွားခဲ့ သည်။
ထိုနေ့က စောဘီးချာသည် ရုပ်ရှင်မင်းသား၊ အဆိုတော် စောဟက်ကက် အပါအဝင် သူ၏...
စစ်ရေးလှုပ်ရှားမှုကြောင့် ရွာသူရွာသား ၂၅၀ဝခန့် ရွှေ့ပြောင်းပုန်းအောင်း
နိုဝင်ဘာ ၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်ထားရာ ညောင်လေးပင်ခရိုင်အတွင်း နအဖ စစ် ကြောင်းများ ဝင်ရောက်စစ်ဆင်လှုပ်ရှားမှုကြောင့် ဒေသခံရွာသူရွာသား ၂၅၀ဝခန့်က အိုးအိမ်နှင့် လုပ်ငန်းများကိုစွန့်ပြီး တောတောင် ထဲတွင် ရွှေ့ပြောင်းပုန်းအောင်းနေကြရသည်ဟု သိရသည်။
ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ် အခြေစိုက် နအဖ ခမရ (၅၉၉)၊ ခလရ...
စစ်ပြေးဒုက္ခသည်များ မျက်စိနာရောဂါ ကူးစက်ဖြစ်ပွားနေ
နိုဝင်ဘာလ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံနေသော စစ်ပြေးဒုက္ခသည်စခန်းများမှ ဒုက္ခ သည်များမှာ မျက်စိနာရောဂါ များစွာ ကူးစက်ဖြစ်ပွားနေသည်ဟု ထိုစခန်းအတွင်းမှ ဆေးဝန်ထမ်းများက ပြောသည်။
အဆိုပါရောဂါသည် လွန်ခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော်လည်း ယခုအချိန်ထိ လျော့နည်းသွားခြင်း မရှိဘဲ ကူးစက်မှု...
မြစ်တို့၏မာယာ
ငြိမ့်ငြိမ့်လေးထင်ရနေ
စိမ့်စိမ့်လေးလား၊ ဝါးမျိုသွားပေ
မြေရှင်တွေ၊ ပဒေသရာဇ်လို
မျိုးချစ်ကမ်းပါးတွေကို၊ သူတိုက်ဖြိုသွားကြ။
တလိမ့်လိမ့်ဝင်ရော
တွေးတောမဆစ်၊ သွေးနှောစနစ်တွေ
ငါ့လယ်မြေစပါး၊ မြစ်ရေများနဲ့
ကမ်းပါးလွန်သူဖျက်ဆီး။
ဖားဖားချင်း၊ ငါးငါးချင်း
ဓားဓားချင်း၊ ဖြေရှင်းတဲ့စနစ်
မဟာခေတ်တွေက လာကြတယ်လေ။
နိုင်ငံရေး၊ လူမျိုးရေး
ပညာရေး၊ စီးပွားရေးမှာ
တွေးမတတ်၊ ရေးမတတ်
ဘေးကြပ်အောင်ထား၊ လုံးပါးပါးစေ
မဟာရူးတွေ ကြံစည်ခဲ့ကြပေါ့။
ကြိုးတူမျိုးရင်း၊ မောင်မယ်ချင်းတွေ
သတိနေထား၊ မှတ်သွားကြလေ
မြစ်တွေဓလေ့၊ အရှေ့အနောက်
ကွေ့ကောက်ခိုဝင်၊ တသွင်သွင်မျော
ညှင်ညှင်သောရာ၊ ဝဲပေါပါဘိလေ။
အပယ်တံခါးခေါက်သလို
နယ်ခြားစောင့်ဘဝမှာ
တောင့်တစရာ၊ ဘာကျန်မှာလဲ
မြစ်ဝဲဂယက်၊ နှစ်ဆွဲသတ်မှာမို့
မြစ်မာယာ၊ စစ်မာယာကြား
တို့ကို ပစ်ခွာမသွားနဲ့သူငယ်ချင်း။
(လကင်္ာဒီပ)
ထိုင်းနှင့် မြန်မာနယ်စပ်အာဏာပိုင်တို့ကြား တင်းမာမှု ခေတ္တဖြစ်ပွား
နိုဝင်ဘာလ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနှင့် မြန်မာ နယ်စပ်အာဏာပိုင်တို့အကြား တင်းမာမှု ခေတ္တဖြစ်ပွားခဲ့ရာမှ ယနေ့ ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း နယ်စပ်သွားလာမှုမှာ ပုံမှန်မဖြစ်သေးဟု သိရသည်။
အောက်တိုဘာလ ၃ဝရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတင်းမာမှုသည် တဖက်နှင့်တဖက် နယ် မြေကျူးကျော်မှုကြောင့်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကို နှစ်ဖက်အာဏာပိုင်များက ခေတ္တပိတ်ပင်ခဲ့ရာ...
ကေအဲန်အယ်လ်အေ၏ ဆွဲမိုင်းကြောင့် နအဖ ၇ဦး ထိခိုက်သေဆုံး
အောက်တိုဘာလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များ၏ ဆွဲမိုင်းကြောင့် နအဖစစ်တပ် ခမရ ၂၀၈တပ်ရင်း၊ စစ်ကြောင်း (၁)မှ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ၃ဦးက အပြင်းအထန်...
ကရင်နီဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်ကြောင်းမှူးတဦးအပါအဝင် တပ်သား(၉)ဦး ကျဆုံး
အောက်တိုဘာ ၃၁။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းရှိ ကရင်နီဒေသတွင် နအဖ တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ) ပူးပေါင်းတပ်ဖွဲ့တို့အကြား ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဘက်မှ စစ်ကြောင်းမှူး တဦးအပါအဝင် တပ်သား ၉ဦး ကျဆုံးသွားခဲ့ပြီး...





