Home သတင်း စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် ရွာသူရွာသား ၂၅၀ဝခန့် ‌ရွှေ့‌ပြောင်းပုန်း‌အောင်း

စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် ရွာသူရွာသား ၂၅၀ဝခန့် ‌ရွှေ့‌ပြောင်းပုန်း‌အောင်း

2059
နိုဝင်ဘာ ၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်ထားရာ ‌ညောင်‌လေးပင်ခရိုင်အတွင်း နအဖ စစ် ‌ကြောင်းများ ဝင်‌ရောက်စစ်ဆင်လှုပ်ရှားမှု‌ကြောင့် ‌ဒေသခံရွာသူရွာသား ၂၅၀ဝခန့်က အိုးအိမ်နှင့် လုပ်ငန်းများကိုစွန့်ပြီး ‌တော‌တောင် ထဲတွင် ‌ရွှေ့‌ပြောင်းပုန်း‌အောင်း‌နေကြရသည်ဟု သိရသည်။

‌ညောင်‌လေးပင်ခရိုင်၊ မုံးမြို့နယ် အ‌ခြေစိုက် နအဖ ခမရ (၅၉၉)၊ ခလရ (၇၃)နှင့် (၃၉)တပ်ရင်းတို့က စစ်‌ကြောင်း ၂‌ကြောင်းဖြင့် မုံး မြို့နယ်၏ အ‌ရှေ့ဘက်ခြမ်းးရှိ ‌ဒေသများအတွင်းသို့ ‌အောက်တိုဘာလဆန်းပိုင်းကစပြီး ဝင်‌ရောက်လှုပ်ရှားခဲ့ခြင်း‌ကြောင့် ထို‌ဒေသရှိ ရွာသူရွာသားများသည် အဆိုပါ နအဖ စစ်တပ်ရန်မှ လွတ်‌မြောက်ရန် ‌တောတွင်းသို့ ထွက်‌ပြေးပုန်း‌အောင်း‌နေထိုင်ကြရခြင်းဖြစ် သည်ဟု ကရင့်ကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး(‌ကေအိုအာရ်ဒီ)မှ တာဝန်ရှိသူတဦးက ‌ပြောသည်။

“ကျ‌နော်သိရတာက အဲဒီ‌ဒေသ‌တွေမှာ နအဖ တပ်‌တွေ ဝင်လှုပ်ရှားလာ‌တော့ ‌ဒေသခံရွာသူရွာသား‌တွေ (၂၅၀၀)‌လောက်ရှိမယ်၊ ‌တောထဲမှာ ထွက်‌ပြေးပုန်း‌အောင်း‌နေထိုင်ရတယ်။ နအဖ တပ်‌တွေ လှုပ်ရှား‌နေဆဲပဲဆို‌တော့ အဲဒီရွာသူရွာသား‌တွေက အစားခက်ခဲ၊ အ‌နေခက်ခဲနဲ့ ‌တောထဲမှာပဲ ပုန်း‌အောင်း‌နေကြတယ်”ဟု ‌ကေအိုအာရ်ဒီ အတွင်း‌ရေးမှူး ‌စောထူးကလိက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

မုံးမြို့နယ်အ‌ရှေ့ခြမ်းတွင် ‌နေထိုင်ကြသည့် ရွာသူရွာသားများက ဝမ်း‌ရေးအတွက် ‌တောင်ယာစပါးကို အဓိကထား လုပ်ကိုင်ကြသူများ ဖြစ်ပြီး ယခု စပါးရိတ်သိမ်း‌နေဆဲအချိန်မှာ နအဖ တပ်များ ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက် ‌တောင်ယာခင်း‌ပေါင်း (၂၀၀)ထက် မနည်း ပျက်ဆီးသွားမည့်အ‌နေအထားတွင် ဖြစ်‌နေသည်ဟု ‌စောထူးကလိက ဆိုသည်။

သူက “အခုချိန်မှာ ရွာသား‌တွေ စပါးရိတ်တဲ့အချိန်လည်းဖြစ်တယ်။ ‌တောင်ယာခင်း‌ပေါင်း (၂၀၀)ထက်မနည်း ရှိတယ်လို့ ကျ‌နော်တို့ သိရတယ်။ နအဖ တပ်‌တွေ ဝင်လာ‌တော့ ရွာသား‌တွေ ‌တောင်ယာထဲ မသွားရဲကြ‌တော့ဘူး။ လုပ်ရင်းတန်းလန်းနဲ့ ချန်ထားခဲ့ရ တယ်။ အဲဒီအတွက် ‌နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ စား‌ရေး‌သောက်‌ရေးအခက်အခဲ‌တွေက အများကြီး ကြုံလာရအုံးမယ်”ဟု ‌ပြောသည်။

နွား‌လေးခို ‌ကျေးရွာမှစစ်‌ပြေးဒုက္ခသည်များ (ဓါတ်ပုံ - FBR)
နွား‌လေးခို ‌ကျေးရွာမှစစ်‌ပြေးဒုက္ခသည်များ (ဓါတ်ပုံ - FBR)

အဆိုပါနအဖတပ်များသည် ‌အောက်တိုဘာ(၇)ရက်‌နေ့မှစ၍ မုံးမြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြင်‌တွေ့သမျှ ရွာသူရွာသားများကို လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ကာ အိုးအိမ်များကို မီးရှို့ပြီး ‌တောင်ယာများကိုလည်း ဖျက်ဆီးခဲ့သည်ဟု မြန်မာပြည်လွတ် ‌မြောက်‌ရေးကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့(အက်ဖ်ဘီအာရ်)က ‌အောက်တိုဘာ ၃ဝရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မုံးမြို့နယ်အ‌ရှေ့ခြမ်းရှိ နွား‌လေးခို၊ နွားထာ့၊ ကွီးဘ‌လေးထာ့၊ ‌ဆောဖိုးထာ့၊ နားထီးခို၊ ညာမူခီး၊ ‌တောဖိုးထာ့၊ ‌သေ‌ခေးယူ၊ ထီး‌တောခီး၊ တာနာထာ့ စသည့်‌ကျေးရွာများအတွင်း ‌နေထိုင်ကြသည့် ရွာသူရွာသားများသည် နအဖတပ်များကို အ‌တွေ့မခံသည့် ရွာပုန်းရွာ ‌ရှောင်များဖြစ်ကြသည့်အတွက် ‌ညောင်‌လေးပင်‌ဒေသအတွင်း နအဖတပ်များ ဝင်‌ရောက်လှုပ်ရှားချိန်ကတည်းကစ၍ ယခုအချိန်ထိ ‌နေရာတည်ငြိမ်မှုမရှိဘဲ အမြဲလိုလို ‌ရွှေ့‌ပြောင်း‌နေထိုင်ကြရသည်။