Hay Htoo
မထသ ဒဏ် ယာဉ်တန်းပြေးဆွဲသူများ မခံနိုင်
မြဝတီခရိုင် မထသ ခေါ် မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဟာ တောင်ပေါ်လမ်းကြောတလျှောက် အခွန်တွေကို နင်းကန် ကောက်ခံနေတဲ့အတွက် ကားလိုင်းပြေးဆွဲနေသူတွေ မခံမရပ်နိုင် ဖြစ်နေပါတယ်။
မြဝတီမှာ မြတ်အိန္ဒြေ၊ အဆွေတော်၊ စိန်၊ ရွှေမင်းသား၊ သန်းထိုက်ရတနာ စသည့် အဝေးပြေး မှန်လုံကားတွေနဲ့ ဟိုင်းလက် ကားတွေ ပြေးဆွဲနေတယ်။ အခုဆို...
တိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ ဒုရင်းမှူးတဦး အပါအဝင် (၅)ဦး ဒဏ်ရာရ တပ်ခွဲမှူးတဦးကျဆုံး
နိုဝင်ဘာ (၂၁)ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဝေါ်လေဂွင်အတွင်း ယခုရက်ပိုင်းတွင် အသစ်ဝင်ရောက် လှုပ်ရှားလာသော နအဖတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဒုရင်းမှူးတဦးအပါအဝင် တပ်ဗိုလ်တပ်မှူး(၅)ဦး ဒဏ် ရာရရှိခဲ့ပြီး တပ်ခွဲမှူးတဦး ကျဆုံးခဲ့ကြောင်း ထိုဒေသမှ လာသည့်သတင်းရသိရသည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေရှိ...
လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို
နိုဝင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ချ်စီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေဟာ ဘာအပြစ်မှ...
ကျောင်းသားနှစ်ဦး ဓါးပြတိုက်ခံရ
နိုဝင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ (wide Horizon School)ဆယ်တန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဦးသည် ပြီးခဲ့သည့်အပတ် စနေနေ့ ညနေ ၆နာရီ အချိန်တွင် ဓါးပြတိုက်ခံရကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် ကျောင်းရှိ ကျောင်းသူကျောင်းသားများအတွက် ချက်စရာ၊ ပြုတ်စရာများ ကို...
အတင်းအဓမ္မခိုင်းစေခြင်းကြောင့် ရွာသူရွာသားများ ရွာလုံးကျွတ်ထွက်ပြေး
နိုဝင်ဘာလ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုရက်ပိုင်းအတွင်း နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့၏ အမျိုးမျိုးသော ဖိအားပေး ခိုင်းစေခြင်းများအပေါ် မခံနိုင်တော့သဖြင့် ဖာပွန်ခရိုင်ဒေသတွင်းရှိ ထွီသီးအုရွာမှ ရွာသူရွာသား(၉၀)ကျော်သည် လွှတ်မြောက်ရာ ဒေသများအတွင်းသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေကြသည်ဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ထွီသီးအုကျေးရွာတွင်...
ရွာသားများ ၂၄နာရီ အဓမ္မ လုပ်အားပေးနေရ
နိုဝင်ဘာ ၁၄ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များက ၎င်းတို့ လှုပ်ရှားရာ ဒေသများအတွင်း နေထိုင်ကြသည့် ရွာ သူရွာသားများအား ယခုလဆန်းပိုင်းမှစ၍ နေ့ရောညပါ အချိန်ပြည့် ခေါ်ယူခိုင်းစေလျှက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့တွင် အခြေစိုက်သည့် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်းက ၎င်းတို့တပ်ဖွဲ့နှင့် တပ်...
စာသင်ကျောင်းပြင်ဆင်ခွင့်မရသဖြင့် ကျောင်းသားကျောင်းသူများ စာသင်ရန်ခက်ခဲ
အောက်တိုဘာလ ၁၃ရက်။ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်ကျောင်းအဆောက်အဦး ပြင် ဆင်ခွင့် မရသည့်အတွက် ကျောင်းသူကျောင်းသား စာသင်ရန်အခက်အခဲဖြစ်နေပြီး ယခုချိန်တွင် ကျောင်းကို ပိတ်ထားရသည် ဟု ကျောင်းဆရာတဦး၏ ပြောပြချက်အရ သိရသည်။
အလယ်တန်းအထိ ဖွင့်လှစ်ထား အဆိုပါကျောင်းသည် ပထမအစမ်းစာမေးပွဲဖြေပြီး ကျောင်းသူကျောင်းသားများအတွက် အား...
မယ်လအူးစခန်းတွင် တတိယနိုင်ငံလျှောက်သူများ ပထမအဆင့် အင်တာဗျူးလုပ်ပြီ
နိုဝင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
မယ်လအူးဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံလျှောက်ထားသူများအတွက် ယခု နိုဝင်ဘာလ ၃ရက်နေ့မှစ၍ ၂ဝရက်နေ့အ ထိ ယူအဲန်အိတ်ချ်စီအာရ်က ပထမအဆင့် လူတွေ့မေးမြန်းခြင်း စတင်ပြုလုပ်နေပြီဟု ကရင်ဒုက္ခသည်များကော်မတီ (ကေအာ ရ်စီ) တာဝန်ခံ စောတူးတူးက ကေအိုင်စီကို ယနေ့ပြောသည်။
ပြီးခဲ့သည့် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ...
မြဝတီရှိ နအဖတပ်သား ၄ဦး ပျောက်ဆုံးနေ
နိုဝင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီအခြေစိုက် နအဖစစ်တပ် ခလရ ၂၇၅ တပ်ရင်းမှ တပ်သား ၄ဦး၊ လက်နက်ငယ် ၂ လက်နှင့်အတူ ပျောက်ဆုံးခဲ့ရာ ယခုအချိန်ထိ ရှာဖွေ္ဂတွေ့ရှိမှု မရှိသေးကြောင်း အဆိုပါ တပ်ရင်းနှင့် နီးစပ် သူများက ပြောသည်။
ယခုလ ၁၀နေ့...
နအဖ ထုတ်ပြန်သည့်သတင်း ဖြစ်နိုင်ခြေမရှိဟု ကေအဲန်ယူပြော
နိုဝင်ဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ခရီးသည်တင်သဘေင်္ာအား ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ထုတ်ပြန်ရေးသားခြင်းသည် ဖြစ်နိုင်ခြေမရှိကြောင်း ကေအဲန်ယူက ပြောသည်။
ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက “အဲဒီဂွင်မှာ...





