Hay Htoo
ဂျပန်နိုင်ငံသို့ အခြေချမည့် ဒုက္ခသည်များ လူတွေ့စစ်ဆေးနေပြီ
ဖေဖော်ဝါရီလ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဂျပန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်မည့် ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည် များအား ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ မဲဆောက်မြို့တွင် ယမန်နေ့က အင်တာဗျူး စတင်လုပ် ဆောင်နေပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဂျပန်နိုင်ငံမှ တာဝန်ရှိသူများသည် ယခုလ ၁ရက်နေ့တွင် မယ်လစခန်းကော်မတီများနှင့် လာရောက်တွေ့...
ရင်ဆိုင်တိုက်ပွဲကြောင့် ဒီကေဘီအေ (၂)ဦး ပျောက်ဆုံးနေ
ဖေဖော်ဝါရီလ ၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကနဲလေးရွာအနီးတဝိုက်၌ လှုပ်ရှားနေသော နအဖ၊ ဒီကေဘီအေပူးပေါင်းတပ် ဖွဲ့သည် ယမန်နေ့ည ၉နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ ရာ ဒီကေဘီအေဘက်မှ (၂)ဦးပျောက်ဆုံးနေသည်ဟု သိရသည်။
၁၅မိနစ်ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ ပျောက်ဆုံးနေသူနှစ်ဦးသာ ပျောက်ဆုံးနေပြီး ယခုအ...
ဒုက္ခသည်များကို နေရပ်သို့ အဓမ္မ ပြန်မပို့ရန် ထိုင်းအစိုးရထံ ကေဒဗလျူအို မေတ္တာရပ်ခံစာ ပေးပို့
ဖေဖော်ဝါရီလ ၂ရက်။ စောသိန်းမြင့်( ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာသည့် ယာယီ စစ်ပြေးကရင်ဒုက္ခသည် (၃,၀၀၀)ကျော်ကို လတ်တလောအချိန် တွင် နေရပ်များသို့ အတင်းအဓမ္မ ပြန်မပို့ရန် ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)က ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံ စာတစောင် ယနေ့ ပေးပို့လိုက်သည်။
ထိုင်းအစိုးရထံ အရေးပေါ် မေတ္တာရပ်ခံချက်စာရေးပို့ရသည့်...
ဘေးတွေ့မည့် ရွေးကောက်ပွဲသာ ကြုံရအံ့
အယ်ဒီတာ့အာဘော်
ယခုလပိုင်း၊ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ ဖောက်ခွဲမှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု နောက် ထပ် ဖောက်ခွဲမှု စသည့်သတင်းများကို ထပ်ခါထပ်ခါ ကြားနေရသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ် များ ဖြစ်ပေါ်လာတိုင်း အပြစ်မဲ့ ပြည်သူလူထုမှာ မြေဇာပင်သာ ဖြစ်ကြရသည်။ နိုင်ငံတော်ဟု စစ်အုပ်စုက သုံးနှုံးခေါ်ဝေါ်လေ့ရှိသော အမိဗမာပြည်ကြီးတွင်...
အဓမ္မချောဆွဲမှုကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်
ဖေဖော်ဝါရီလ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်တွင် အခြေစိုက်လှုပ်ရှားနေသော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ဆောင်ရန်အတွက် ဒေသခံ ရွာသားများကို ရက်အတန်ကြာ ခေါ်ယူခိုင်းစေနေသည့်အတွက် ပြီးခဲ့သည့်ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။
ဝေါ်လေခီးဂွင်ရှိ ဘုရင့်နောင်တောင်ကုန်းပေါ်တွင် စခန်းချသည့် ဒုဗိုလ်မှူးကြီးကျော်မျိုးလှိုင်...
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်ကျန်းမာရေးလုပ်သား စောညွန့်ဝင်း ဆွတ်ခူးရရှိ
ဇန်နဝါရီလ ၃၁ရက်။ ကေအိုင်စီ
(၆၁)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့တွင် ပေးအပ်သည့် ၂၀၀၉ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ကို ကရင်ပြည်နယ်၊ ဖာပွန်(မူတရော်)ခရိုင်မှ ကျန်းမာရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ဖန်းဖောင်ဒေးရှင်း တည်ထောင်ခဲ့သူ ဒါရိုက်တာ နမ့်ဇိုယာဖန်းက “ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဖန်းဖောင်ဒေးရှင်းက နေ...
ဆစ်ဒနီ ကရင်လူငယ်များ နှီးနှောဖလှယ်ပွဲ ပြီးစီး
ဇန်နဝါရီ ၃၁ရက်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ငါးကြိမ်မြောက် ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကမ် ဘာရာ၊ မဲလ်ဘုမ်းနှင့် ဆစ်ဒနီမြို့များရှိ ကရင်လူကြီးလူငယ် ၁၂၀ကျော် တက်ရောက်ခဲ့ကြသည်။
ကရင်လူငယ်များ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြားမှုရှိလာစေရန် ရည်ရွယ်၍ ၂နှစ်တကြိမ် ကျင်းပပြုလုပ်လေ့သည့် အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို...
အကြမ်းဖက် ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ကေအဲန်ယူဆို
ဇန်နဝါရီလ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
လာမည့် ရွေးကောက်ပွဲ ပျက်ပြားစေရန်အတွက် အကြမ်းဖက် ဗုံးခွဲမှုလုပ်ငန်းများ ကြံစည်လုပ်ဆောင်နေသည်ဟု စစ်အစိုးရ၏ စွပ်စွဲ ချက်အရ ၎င်းတို့၏ လမ်းစဉ်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ သိမ်တန်းရပ်ကွက်နှင့် မေတ္တာရပ်ကွက်တို့တွင် ကေအဲန်ယူ...
ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒုက္ခသည်လူငယ်(၂၀)ကျော် အလုပ်နှင့် ပြစ်ဒဏ်ချမှတ်ခံရ
ဇန်နဝါရီလ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
မယ်လအူးဒုက္ခသည်စခန်း၌ ရန်ဖြစ်ခဲ့ကြသည့် လူငယ်(၂၀)ကျော်ကို စခန်းလုံခြုံရေးတာဝန်ရှိသူများက အလုုပ်နှင့် ပြစ်ဒဏ် (၁)လ ယနေ့ ချမှတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃)ရက်နေ့ည၌ မယ်လအူးစခန်း ပညာရေးကော်မတီအဖွဲ့က ဦးစီးကျင်းပသည့် စခန်းအတွင်းရှိ ကျောင်းများအတွက် ရံပုံငွေရှာပွဲတခုတွင် ကျောင်းသားလူငယ်နှစ်ဦး ထိုးကြိတ်မှုအနည်းငယ်ရှိခဲ့ရာမှ...
ထိုင်းစစ်တပ်မှ ယာယီဒုက္ခသည်များ ပြန်ထားမည့်နေရာ သွားရောက်ကြည့်ရှုခဲ့
ဇန်နဝါရီလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ထိုင်းစစ်တပ်မှ တပ်ဗိုလ်တပ် မှူးအချို့သည် မြန်မာဘက်ကမ်းရှိ ဒုက္ခသည်နေရာများကို ယနေ့ သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ ပြန်ထားမည့် မြန်မာပြည်ဘက်ခြမ်းသို့ သွားရောက်ကြည့်ရှုရာတွင် နိုဘိုးကျးရွာတွင် ရှိသည့် စစ်ပြေးဒုက္ခသည်...





