Home သတင်း ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ကရင်ကျန်းမာ‌ရေးလုပ်သား ‌စောညွန့်ဝင်း ဆွတ်ခူးရရှိ

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ကရင်ကျန်းမာ‌ရေးလုပ်သား ‌စောညွန့်ဝင်း ဆွတ်ခူးရရှိ

1297
ဇန်နဝါရီလ ၃၁ရက်။ ‌ကေအိုင်စီ

(၆၁)နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင် ‌ပေးအပ်သည့် ၂၀၀၉ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ကို ကရင်ပြည်နယ်၊ ဖာပွန်(မူတ‌ရော်)ခရိုင်မှ ကျန်းမာ‌ရေးဝန်ထမ်း ‌စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်ဟု ဖန်း‌ဖောင်‌ဒေးရှင်းမှ ယ‌နေ့ ထုတ်ပြန်‌ကြေညာလိုက်သည်။

ဖန်း‌ဖောင်‌ဒေးရှင်း တည်‌ထောင်ခဲ့သူ ဒါရိုက်တာ နမ့်ဇိုယာဖန်းက “ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ဖန်း‌ဖောင်‌ဒေးရှင်းက ‌နေ ‌စောညွန့်ဝင်းကို ‌ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ဒီဆုအတွက် အဆိုတင်သွင်းလာသူ‌တွေ အများကြီးထဲက သူ ရရှိသွားခဲ့တာ ပါ”ဟု ‌ကြေညာချက်တွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

အသက် ၃၂နှစ်အရွယ်ရှိ ‌စောညွန့်ဝင်းသည် ဖာပွန်ခရိုင်အတွင်းရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေဖြစ်သည့် တာအို့ဒဲ‌ကျေးရွာတွင် ‌ဆေးခန်းတာဝန်ခံအဖြစ် တာဝန်ယူထားသူဖြစ်ပြီး အသက် ၁၂နှစ်အရွယ်ကတည်းက လူမှုအသိုင်းအဝိုင်းတွင် ပါဝင်လုပ်ကိုင် လာခဲ့ရာ ယခု ဆုရရှိချိန်တွင် သူသည် တာဝန်အရ ခရီးလွန်‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ဆု‌ကြေး‌ငွေအဖြစ် အ‌မေရိကန်‌ဒေါ်လာ ၂,၀၀ဝ ‌ပေးအပ်ခြင်းဖြစ်ရာ ၎င်းမှာ ‌စောညွန့်ဝင်း အတွက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်ကို များစွာ အ‌ထောက်အကူ ဖြစ်‌စေသည်ဟု ဖာပွန်ခရိုင်၊ ‌ဆေးတာဝန်ခံ ‌စောဝင်း‌ကျော် က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“‌စောညွန့်ဝင်းဟာ သူ့မှာ လူထုအတွက် လုပ်‌ဆောင်‌ပေးချင်တဲ့ဆန္ဒ‌တွေ အများကြီးပဲ။ ခ‌နော်ခနဲ့ဖြစ်‌နေတဲ့ ဝါးနဲ့ ဖြစ်သလို ‌ဆောက်ထားတဲ့ သူ့‌ဆေးခန်း‌လေးကို ‌သေချာခိုင်ခံ့‌အောင် ပြင်ဆင်ချင်တယ်။ ရွာထဲက သူ့လို ‌စေတနာ့ဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမ‌တွေကိုလည်း သူ ကူညီ‌ပေးချင်‌ပေမဲ့ မတတ်နိုင်ဘူးဖြစ်‌နေတယ်။ အခု‌တော့ ဒီဆုကိုရလို့ သူ အ‌ကောင်အထည်‌ဖော်ချင် တာ‌လေး‌တွေ ပြည့်စုံသွားတာ‌ပေါ့။ သူ့အတွက် ကျ‌နော်တို့လည်း ဂုဏ်ယူဝမ်းသာပါတယ်”ဟု ဆိုသည်။

DSC04998

အဆိုပါဆုကို ၂၀၀၈ခုနှစ်အတွက် ‌ပေးအပ်ခဲ့ရာ ‌ညောင်‌လေးပင်ခရိုင်တွင် တာဝန်ထမ်း‌ဆောင်‌နေသူ ‌နော်‌ဖောကဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး သူမကို ပြီးခဲ့သည့် နှစ်(၆၀)‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၄)ရက်‌နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ပဒိုမန်းရှာလားဖန်း၏ သားသမီးများက တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး ယခု‌ပေးအပ်သည့်ဆုသည် ဒုတိယအကြိမ် ‌မြောက် ဖြစ်သည်။