Home သတင်း ထိုင်းစစ်တပ်မှ ယာယီဒုက္ခသည်များ ပြန်ထားမည့်‌နေရာ သွား‌ရောက်ကြည့်ရှုခဲ့

ထိုင်းစစ်တပ်မှ ယာယီဒုက္ခသည်များ ပြန်ထားမည့်‌နေရာ သွား‌ရောက်ကြည့်ရှုခဲ့

1819
ဇန်နဝါရီလ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ကရင်စစ်‌ပြေးဒုက္ခသည်များကို ‌နေရပ်ပြန်ပို့ရန် ထိုင်းစစ်တပ်မှ တပ်ဗိုလ်တပ် မှူးအချို့သည် မြန်မာဘက်ကမ်းရှိ ဒုက္ခသည်‌နေရာများကို ယ‌နေ့ သွား‌ရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ ပြန်ထားမည့် မြန်မာပြည်ဘက်ခြမ်းသို့ သွား‌ရောက်ကြည့်ရှုရာတွင် နိုဘိုးကျးရွာတွင် ရှိသည့် စစ်‌ပြေးဒုက္ခသည် (၅၀)‌ကျော်ကို ၎င်းတို့နှင့်အတူ ‌ခေါ်‌ဆောင်သွားခဲ့သည်ဟု ‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော ‌အောင်‌မော်‌အေးက ‌ပြောသည်။

“ဒီမနက် ၉နာရီ‌လောက်မှာ ထိုင်းစစ်တပ်က‌နေပြီး ဒုက္ခသည် အ‌ယောက် ၅၀‌ကျော်ကို ‌ခေါ်သွားပြီး‌တော့ အရင်က ရွာသား‌တွေ ‌နေတဲ့ ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ လယ်‌ပေါ်ဟဲ‌နေရာ သွားကြည့်တယ်။ ဒီ‌ကေဘီ‌အေ‌တွေလည်း လာကြိုတယ်။ သူများ (ထိုင်းစစ်တပ်)က အတင်းအဓမ္မ ပြန်ကြည့်ခိုင်း‌တော့ ဒုက္ခသည်‌တွေလည်း လိုက်သွားရတာ‌ပေါ့။ တရက် တရက် သုံး‌လေးငါးခါ ‌လောက် သွားပြီး ဖိအား‌ပေး‌ပြောဆို‌နေ‌တော့ ဒုက္ခသည်‌တွေလည်း ဆုပ်လည်းဆူး၊ စားလည်းရူး ဘဝအ‌ခြေအ‌နေမျိုးဖြစ်‌နေ တယ်‌လေ”ဟု ‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။

ယင်းသို့ သွား‌ရောက်ကြည့်ရှုရာတွင် ထိုင်းစစ်တပ်နှင့် ဒုက္ခသည်ရွာသားများအား ဒီ‌ကေဘီ‌အေက လမ်းပြ‌ခေါ်‌ဆောင်သွားခြင်း ဖြစ်ပြီး ထို‌နေရာသည် မိုင်းဗုံး အများအပြားရှိ‌သော‌ကြောင့် ပြန်လည်‌နေထိုင်မည်ဆိုပါက ၎င်းတို့အတွက် လုံခြုံမှု လုံးဝ မရှိ ‌ကြောင်း ထိုင်းစစ်တပ်၏ ‌ခေါ်‌ဆောင်ရာ‌နောက် ပါသွားခဲ့သူ နိုဘိုးဒုက္ခသည်တဦးက ‌ပြောသည်။

သူက “ကျ‌နော်တို့ ဒီ‌နေ့သွားတာ ဒီ‌ကေဘီ‌အေ လမ်းပြတဲ့အတိုင်းပဲ လိုက်သွားရတယ်။ မိုင်းဗုံးအန္တရာယ်ကို‌တော့ သူတို့ တာဝန် မယူဘူးတဲ့။ ဒီအ‌ခြေအ‌နေနဲ့ဆို မိသားစုလိုက် ပြန်‌နေလို့ မရဲဘူး။ က‌လေးအတွက်လည်း ကြည့်ရ‌သေးတယ်‌လေ။ ရွာထဲမှာ ဗုံးမရှိဘူးလို့ ‌ပြောလို့ မရဘူး။ ကျ‌နော် ဘာမှ‌တောင် မစဉ်းစားတတ်‌တော့ဘူး။ ‌တော်‌တော်ဆိုးတဲ့ အ‌ခြေအ‌နေပဲ”ဟု ဆိုသည်။
Thai armies (artmg)
၎င်းစစ်‌ပြေးဒုက္ခသည်များ ‌နေရပ်ပြန်ပို့မည့်ကိစ္စတွင် ဒီ‌ကေဘီ‌အေအ‌နေဖြင့် နအဖ စစ်တပ်မှ ရွာသားများကို အကြမ်းဖက်မှု၊ အတင်းအဓမ္မ ခိုင်း‌စေမှုများ မရှိရန် တာဝန်ယူနိုင်‌သော်လည်း မိုင်းကိစ္စကို တာဝန်မယူရဲ‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) တပ်ရင်း (၇)ဒုတပ်ရင်းမှူး ဗိုလ်မှူး ‌စောကြည်လင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“လူထု‌တွေကို ပြန်လာပါလို့လည်း ကျ‌နော်တို့ အတင်းမ‌ခေါ်ပါဘူး။ သူတို့ဆန္ဒရှိရင် ပြန်လာလို့ရပါတယ်။ ကျ‌နော်တို့ ရှိ‌နေသမျှ ကာလပတ်လုံးမှာ ရွာသား‌တွေကို နအဖက‌နေပြီး‌တော့ အနိုင်ကျင့်တာတို့၊ အကြမ်းဖက်တာတို့ လုံးဝမရှိ‌စေရဘူးဆိုတာ ကျ‌နော် အာမခံရဲပါတယ်။ ဒါ‌ပေမယ့် ‌ကော်သူး‌လေ(‌ကေအဲန်ယူ)‌တွေ‌ထောင်ထားတဲ့ မိုင်းဗုံးကို‌တော့ ကျ‌နော်တို့ တာဝန်မယူရဲ ဘူးဆိုတာကို ဟို‌နေ့က အစည်းအ‌ဝေးမှာ ကျ‌နော် ပြတ်ပြတ်သားသားပဲ ‌ပြောခဲ့ပြီးသားပါ”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် ထိုင်းလွှတ်‌တော်များအစည်းအ‌ဝေးတွင် ၎င်းစစ်‌ပြေးဒုက္ခသည်များအား ‌နေရပ်ပြန်ပို့မည့် ထိုင်းအစိုးရ ဆုံးဖြတ်ချက်ကို ထိုင်းအထက်လွှတ်‌တော် လူ့အခွင့်အ‌ရေးဆိုင်ရာ ‌ကော်မရှင်က ကန့်ကွက်လိုက်သည်ဟု ဘီဘီစီသတင်းဌာန တွင် ‌ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ရက်‌နေ့က နိုဘိုး‌ကျေးရွာတွင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အပါအဝင် UNHCR, TBBC၊ ‌ကေ အဲန်ယူ တပ်မဟာ (၇)‌ခေါင်း‌ဆောင်တချို့နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) တပ်ရင်း(၇)မှ ‌ခေါင်း‌ဆောင်တချို့တို့ ‌တွေ့ဆုံခဲ့ ပြီး ဒုက္ခသည်များ ‌နေရပ်ပြန်ထားမည်ဟု ဆုံးဖြတ်ကာ ယခုလို မြန်မာဘက်ခြမ်းသို့ သွား‌ရောက်ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
Meeting for refugee1
အဆိုပါဒုက္ခသည်များသည် ယမန်နှစ်က နအဖနှင့် ဒီ‌ကေဘီ‌အေတို့ ပူး‌ပေါင်းကာ ‌ကေအဲန်ယူအား ထိုးစစ်ဆင်မှု‌ကြောင့် ထွက် ‌ပြေး‌ရောက်ရှိလာကြသည့် ဖားအံခရိုင်မှ ကရင်ရွာသူရွာသားများဖြစ်ကြပြီး ထိုင်းအာဏာပိုင်များ၏ ဖိအား‌ပေးမှုများ‌ကြောင့် ယခင် ဒုက္ခသည်ဦး‌ရေ ၄,၀၀၀‌ကျော်ထဲမှ အချို့မှာ ‌နေရပ်သို့ ပြန်သွားခဲ့သဖြင့် လက်ရှိတွင် ဒုက္ခသည် ၁,၀၀၀‌ကျော်သာ ကျန်ရှိ သည်ဟု သိရသည်။

တဆက်တည်းတွင် ထိုင်းအမှတ်(၃)စစ်တိုင်းမှူး နိုင်ထနွန်ဆာ့အဖိလာ့ယူထီက နိုဘိုး‌ကျေးရွာရှိ ယာယီဒုက္ခသည်စခန်းသို့ လာ ‌ရောက်ကာ ဒုက္ခသည်များအ‌နေဖြင့် ‌နေရပ်သို့ ပြန်သင့်‌ကြောင်း လာ‌ရောက်‌ပြောကြားခဲ့သည်ဟု သိရသည်။

(အမှတ်-၃ စစ်တိုင်းမှူး နိုင်ထနွန်ဆာ့ အဖိလာ့ယူထီ နိုဘိုး‌ကျေးရွာရှိ ဒုက္ခသည်များထံ ယ‌နေ့ လာ‌ရောက်စဉ်)
(ဇန်နဝါရီ ၂၆ရက်‌နေ့က ထိုင်း၊ ယူအဲန် အပါအဝင် အဖွဲ့စုံ ယခုလို ‌ဆွေး‌နွေးခဲ့ကြသည်)