Home သတင်း ဒုက္ခသည်များကို ‌နေရပ်သို့ အဓမ္မ ပြန်မပို့ရန် ထိုင်းအစိုးရထံ ‌ကေဒဗလျူအို ‌မေတ္တာရပ်ခံစာ ‌ပေးပို့

ဒုက္ခသည်များကို ‌နေရပ်သို့ အဓမ္မ ပြန်မပို့ရန် ထိုင်းအစိုးရထံ ‌ကေဒဗလျူအို ‌မေတ္တာရပ်ခံစာ ‌ပေးပို့

1484
‌ဖေ‌ဖော်ဝါရီလ ၂ရက်။ ‌စောသိန်းမြင့်( ‌ကေအိုင်စီ)

ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံအတွင်း ‌ရောက်ရှိလာသည့် ယာယီ စစ်‌ပြေးကရင်ဒုက္ခသည် (၃,၀၀၀)‌ကျော်ကို လတ်တ‌လောအချိန် တွင် ‌နေရပ်များသို့ အတင်းအဓမ္မ ပြန်မပို့ရန် ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဗလျူအို)က ထိုင်းအစိုးရထံသို့ ‌မေတ္တာရပ်ခံ စာတ‌စောင် ယ‌နေ့ ‌ပေးပို့လိုက်သည်။

ထိုင်းအစိုးရထံ အ‌ရေး‌ပေါ် ‌မေတ္တာရပ်ခံချက်စာ‌ရေးပို့ရသည့် အ‌ကြောင်းရင်းနှင့်ပတ်သက်၍ (‌ကေဒဗလျူအို) တွဲဘက်အတွင်း ‌ရေးမှူး(၁) ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူမက “ထိုင်းစစ်တပ်က ဒီလ ၅ရက်‌နေ့မှာ ဒုက္ခသည်‌တွေကို ပြန်ပို့မယ်လို့‌ပြောတယ်။ လက်ရှိ ဒုက္ခသည်‌တွေကို ပြန်ပို့မယ့် ‌နေရာဟာ မိုင်းဧရိယာ‌တွေ ဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ လူထု‌တွေ အုပ်လိုက်ပြန်သွားရမယ်ဆိုရင် သူတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူတို့ရဲ့လုံခြုံ‌ရေးလည်း ဘယ်သူမှ တာဝန်ယူမှာလည်း မဟုတ်ဘူး။ ‌နောက်တခုက သူတို့ ရက်ရှည်လများ အစားအ‌သောက် ပြဿနာတက်လာလိမ့်မယ်။ သူတို့ ကိုယ်တိုင်လုပ်ကိုင်စား‌သောက်ဖို့ဆိုတာ မိုင်း‌တွေထားတဲ့‌နေရာကလည်း ဘယ်သူမှ သိတာလည်းမဟုတ်ဘူး။ ဒါ‌ကြောင့် ကျမတို့က အင်မတန်မှ စိုးရိမ်တဲ့အတွက် ဒါကို ရပ်တန့်ဖို့ ‌တောင်းဆိုတာပါ”ဟု ‌ပြောသည်။

ထိုင်းအစိုးရအ‌နေဖြင့် ဒုက္ခသည်များကို ‌နေရပ်သို့ ပြန်ပို့မည်ဆိုလျှင် ၎င်းတို့အတွက် စိုက်ပျိုးစား‌သောက်နိုင်သည့် အတိုင်းအ တာတခု လိုအပ်‌ကြောင်းနှင့် မိုင်းအန္တရာယ် လုံးဝ ကင်းရှင်းမှသာ ဖြစ်နိုင်‌ကြောင်း သို့မဟုတ်ပါက ဒုက္ခသည်များကို မိုင်းရှိသည့် ‌နေရာသို့ လူအုပ်လိုက် တွန်းပို့သလို ဖြစ်‌နေ‌ကြောင်း ‌နော်ဘလူးမင်းနိုက်က ထပ်‌လောင်း ‌ပြောဆိုသည်။

‌ကေဒဗလျူအို၏ စာထဲတွင် ‌နေရပ်သို့ ပြန်ပို့ခံရမည့် ဒုက္ခသည်များအနက် အများစုမှာ အမျိုးသမီးနှင့် က‌လေးငယ်များဖြစ်ကြပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ရက်‌နေ့ကလည်း ‌နေရပ်ပြန်သွားသည့် မိသားစုတစုမှ ကိုယ်ဝန်‌ဆောင်အမျိုးသမီးတဦး မိုင်းနင်းမိခဲ့ သည်။ ထို့အပြင် ၂၈ရက်‌နေ့တွင် ထိုင်းစစ်တပ်မှ ဒုက္ခသည် ၅ဝဦးကို ‌ခေါ်‌ဆောင်ကာ နယ်စပ်ကိုဖြတ်‌ကျော်၍ ‌နေရပ်ပြန်‌နေနိုင် ‌ရေး ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် လယ်‌ပေါ်ဟဲ‌ကျေးရွာရှိ ဒုက္ခသည်များ၏ ‌နေအိမ်များကို ပြန်လည်ရှင်းလင်းခဲ့ရာတွင် အမျိုး သမီး ၂ဝဦး ပါဝင်ခဲ့သည်ဟု ‌ရေးသား‌ဖော်ပြထားသည်။

၎င်းအပြင် ဒုက္ခသည်များအ‌နေဖြင့်လည်း လတ်တ‌လောအ‌ခြေအ‌နေတွင် ပြန်လည်‌နေထိုင်လိုသည့် ဆန္ဒမရှိကြ‌ကြောင်း၊ ယင်း နယ်‌မြေသည် ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေ သိမ်းပိုက်ခံခဲ့ရသည့်‌နောက်ပိုင်း ‌ဒေသခံရွာသားများ မကြာခဏ ‌မြေမြှုပ်မိုင်း များ တက်နင်းမိလျှက်ရှိရာ ဒုက္ခသည်များကို ထိုင်းနိုင်ငံအတွင်း၌ပင် ကာကွယ်‌နေထိုင်ခွင့်‌ပေး‌စေလို‌သေး‌ကြောင်း ‌မေတ္တာရပ်ခံ ထားသည်။

အဆိုပါယာယီဒုက္ခသည်များသည် ၂၀၀၉ခုနှစ်က နအဖနှင့် ဒီ‌ကေဘီ‌အေတို့ ‌ကေအဲန်ယူအား ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေး လာကြသည့် ဖားအံခရိုင်မှ ရွာသားများဖြစ်ကြပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ် နိုဘိုး၊ မဲ့စရီ၊ အူးသူးထာ့‌ကျေးရွာများတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်‌ပေးထားသည်။

ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)သည် ကရင်အမျိုးသမီးများ ဖိနှိပ်မှုမှ လွတ်‌မြောက်‌ရေး၊ လူမှုအဆင့်အတန်း မြင့် မား‌ရေး၊ အမျိုးသမီး အခွင့်အ‌ရေးနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း‌စောင့်‌ရှောက် ‌ဖော်ထုတ်‌ရေးကို ရည်ရွယ်လုပ်‌ဆောင်‌နေသည့် အဖွဲ့ တခု ဖြစ်သည်။