Home သတင်း အဓမ္မ‌ချောဆွဲမှု‌ကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်‌ပြေးတိမ်း‌ရှောင်

အဓမ္မ‌ချောဆွဲမှု‌ကြောင့် ရွာသားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်‌ပြေးတိမ်း‌ရှောင်

1444
‌ဖေ‌ဖော်ဝါရီလ ၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဝေါ်‌လေခီးဂွင်တွင် အ‌ခြေစိုက်လှုပ်ရှား‌နေ‌သော နအဖ စစ်တပ်သည် ၎င်းတို့တပ်ရိက္ခာပို့ ‌ဆောင်ရန်အတွက် ‌ဒေသခံ ရွာသားများကို ရက်အတန်ကြာ ‌ခေါ်ယူခိုင်း‌စေ‌နေသည့်အတွက် ပြီးခဲ့သည့်ရက်အနည်းငယ်က ရွာ သားသုံးဦး ထိုင်းနယ်စပ်သို့ ထွက်‌ပြေးလာခဲ့သည်။

‌ဝေါ်‌လေခီးဂွင်ရှိ ဘုရင့်‌နောင်‌တောင်ကုန်း‌ပေါ်တွင် စခန်းချသည့် ဒုဗိုလ်မှူးကြီး‌ကျော်မျိုးလှိုင် ဦးစီး‌သော နအဖ ခမရ(၄၀၉) တပ် ရင်းသည် ဇန်နဝါရီလ ‌နောက်ဆုံးအပတ်မှစ၍ ကနဲ‌လေး‌ကျေးရွာမှ ဘုရင့်‌နောင်‌တောင်ကုန်း‌ပေါ်သို့ ၎င်းတို့တပ်ရိက္ခာ ပို့‌ဆောင် ရန်အတွက် ရွာသားများကို ‌ခေါ်ယူခိုင်း‌စေရာတွင် ဆဲဆိုကြိမ်း‌မောင်းကာ အစာလုံ‌လောက်စွာ မ‌ကျွေးသည့်အတွက်‌ကြောင့် ထွက်‌ပြေးလာရခြင်းဖြစ်သည်ဟု ‌ဝေါ်‌လေဂွင်၊ ‌မောဖိုးကလိုးရွာသား ‌စောဆာထဲက ‌ပြောသည်။

၎င်းက “ကနဲ‌လေးရွာက‌နေ ဘုရင့်‌နောင်ကုန်းအထိ ကျ‌နော်တို့ ဆန်သွားထမ်း‌ပေးရတယ်။ ကျ‌နော်တို့ သွားတဲ့အ‌ခေါက်မှာ လူ အ‌ယောက် ၅၀‌ကျော်ပါတယ်။ တပတ်တခါ ပုံမှန် သွားထမ်းရတယ်။ ဆန်တအိတ်လုံးကို ထမ်းရ‌တော့ ၂‌ခေါက်‌လောက် ထမ်းရ ရင် မိုးချုပ်ပြီ။ ‌တောင်တက်‌နှေးရင် ကျ‌နော်တို့ကို ဆဲဆိုကြိမ်း‌မောင်းတယ်။ ထမင်းလည်း ဝ‌အောင် မ‌ကျွေးဘဲ တပတ်လုံးလုံး ထမ်းရ‌တော့ မခံနိုင်ဘူး‌လေ။ ဒါ‌ကြောင့် ထွက်‌ပြေးရင် အ‌ကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်”ဟု ‌ပြောသည်။

ယင်းသို့ ထွက်‌ပြေးလာသူ ‌မောဖိုးကလို့ရွာသားများမှာ ‌စောဆာထဲ ၂ဝနှစ်၊ ‌စောယုလား ၁၈နှစ်၊ ‌စောနာသူ ၁၈နှစ်တို့ဖြစ်ကြပြီး ထိုသို့ ရွာသားများ‌ခေါ်ယူခိုင်း‌စေရာတွင် အမျိုးသမီးများ ထက်ဝက်ခန့်ပါရှိသည်ဟု သိရသည်။

three boys imgအဆိုပါ‌ဒေသတွင် နအဖ စစ်တပ်သာမက ဒီ‌ကေဘီ‌အေတပ်ဖွဲ့များပါ ရွာသူရွာသားများကို အဓမ္မခိုင်း‌စေ‌နေခြင်းဖြစ်သည်ဟု ပြီး ခဲ့သည့် လအနည်းငယ်က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၂၀၁)ထံ လာ ‌ရောက်ပူး‌ပေါင်းခဲ့သူ ‌စော‌နော်တယာ ဦးစီး‌သော ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းမှ တပ်သား ‌စော‌မောင်ဘီက ‌ပြောသည်။

“ကျ‌နော် ဒီ‌ကေဘီ‌အေမှာ ‌နေတုန်းကဆို ရွာသား‌တွေကို ‌ပေါ်တာ‌ခေါ်တာတို့၊ လုပ်အား‌ပေး‌ခေါ်တာတို့ကို ဒီ‌ကေဘီ‌အေလည်း နအဖလို ခိုင်းတာပဲ။ ရွာသား‌တွေက‌တော့ ကိုယ့်အလုပ်ကို မလုပ်အား‌တော့‌ပေါ့။ ‌ယောက်ျားမသွားနိုင်ရင် မိန်းမ သွား‌ပေးရ တယ်။ အချို့မိန်းမ‌တွေဆို ထမ်းရတဲ့ဆန်အိတ်က ‌လေး‌နေ‌တော့ ငိုတဲ့သူလည်း ရှိတယ်”ဟု ဆို သည်။

၂၀၀၉-၁ဝခုနှစ်အတွင်း ကရင်ပြည်နယ်တွင် လှုပ်ရှား‌နေ‌သော နအဖစစ်တပ်များသည် စစ်ရိက္ခာသယ်ယူပို့‌ဆောင်ရန်အတွက် ကရင်ပြည်သူများကို ‌ပေါ်တာ‌ခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေခီးဂွင်တွင် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈)လက်‌အောက်ခံ ခမရ(၄၀၉) တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)လက်‌အောက်ခံ (၉၀၇)တပ်ရင်းနှင့် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှား လျှက်ရှိသည်။