Home သတင်း ခိုက်ရန်ဖြစ်ပွားမှု‌ကြောင့် ဒုက္ခသည်လူငယ်(၂၀)‌ကျော် အလုပ်နှင့် ပြစ်ဒဏ်ချမှတ်ခံရ

ခိုက်ရန်ဖြစ်ပွားမှု‌ကြောင့် ဒုက္ခသည်လူငယ်(၂၀)‌ကျော် အလုပ်နှင့် ပြစ်ဒဏ်ချမှတ်ခံရ

1495
ဇန်နဝါရီလ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မယ်လအူးဒုက္ခသည်စခန်း၌ ရန်ဖြစ်ခဲ့ကြသည့် လူငယ်(၂၀)‌ကျော်ကို စခန်းလုံခြုံ‌ရေးတာဝန်ရှိသူများက အလုုပ်နှင့် ပြစ်ဒဏ် (၁)လ ယ‌နေ့ ချမှတ်လိုက်သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃)ရက်‌နေ့ည၌ မယ်လအူးစခန်း ပညာ‌ရေး‌ကော်မတီအဖွဲ့က ဦးစီးကျင်းပသည့် စခန်းအတွင်းရှိ ‌ကျောင်းများအတွက် ရံပုံ‌ငွေရှာပွဲတခုတွင် ‌ကျောင်းသားလူငယ်နှစ်ဦး ထိုးကြိတ်မှုအနည်းငယ်ရှိခဲ့ရာမှ ‌နောက်တ‌နေ့ မနက်တွင် အဖွဲ့လိုက်အထိ ချိန်း‌တွေ့ရန်ဖြစ်ခဲ့‌သော‌ကြောင့် စခန်းလုံခြုံ‌ရေးအဖွဲ့က ယခုလို အပြစ်‌ပေးအ‌ရေးယူခဲ့ခြင်းဖြစ်သည်။

ကရင်ဒုက္ခသည်များ‌ကော်မတီ(‌ကေအာရ်စီ)၏ ‌မြောက်ပိုင်းတာဝန်ခံ ‌စောထူးထူးက “ရံပုံ‌ငွေပွဲရှာတဲ့ညက ရပ်ကွက် (၂)နဲ့ (၃) က ‌ကျောင်းသား‌လေးနှစ်‌ယောက် ထိုးကြိတ်ခဲ့ကြတယ်။ ‌နောက်တရက်မှာ နှစ်ဖက်စလုံး လူစုပြီး ရပ်ကွက်နှစ်ခုကြားမှာ ချိန်းပြီး ရိုက်နှက်ထိုးကြိတ်ခဲ့ကြတယ်။ အဲလိုဖြစ်‌တော့ စခန်းလုံခြုံ‌ရေးအဖွဲ့က သူတို့ကို အကုန်လုံး ဖမ်းသွားကြတာပဲ။ စခန်းထဲမှာ ရန် ဖြစ်‌တော့ စခန်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ အပြစ်‌ပေးရတာ‌ပေါ့။ သူတို့ (၁)လ ထိန်းသိမ်းခံရမယ်။ ပြီး‌တော့ တ‌ယောက်ကို ဒဏ်‌ငွေ ဘတ် ၅၀ဝစီ ‌ဆောင်ရတယ်”ဟု ‌ပြောသည်။

အဆိုပါ ရန်ပွဲကို ဦး‌ဆောင်သူမှာ ရံပုံ‌ငွေရှာပွဲတွင် ထိုးကြိတ်ခဲ့ကြသည့် လူငယ်နှစ်ဦးဖြစ်ကြပြီး ၎င်းတို့သည် ခိုက်ရန်ဖြစ်ပွားမှု ‌ကြောင့် တဦးမှာ လက်ကျိုးကာ အခြားတဦးမှာ ‌ခြေသလုံးတွင် ဓါးဒဏ်ရာရှိသွားခဲ့သဖြင့် လက်ရှိအချိန်တွင် အတွင်းလူနာအ ဖြစ် ချင်းမိုင်‌ဆေးရုံတွင် ကုသထားရသည်ဟု သိရသည်။

ပြစ်ဒဏ်(၁)လ ချမှတ်ခံရသည့် ကျန်လူငယ်(၂၀)‌ကျော်ကိုမူ မယ်လအူးစခန်းတွင်းတ‌နေရာတွင် ထိန်းသိမ်းထားကာ စခန်းအ တွင်းသို့ ကားဖြင့် ယူ‌ဆောင်လာသည့် ဝါး၊ သစ်နှင့် အိမ်ဖက်တို့ကို ၎င်းတို့အား သယ်ထမ်းခိုင်း‌စေရမည်ဟု ‌စောတူးတူးက ‌ပြော သည်။

အလားတူ ပြီးခဲ့သည့် ၂၀၀၅ခုနှစ်တွင် မယ်လအူးစခန်းအတွင်းရှိ ခြင်းလုံးကစားပွဲတခု၌ လူငယ်တဦးက အခြားလူငယ်တဦးကို သစ်ပျဉ်ပြားနှင့်ရိုက်ခဲ့ရာ ထိုပျဉ်ပြားတွင် သံပါ‌သော‌ကြောင့် အရိုက်ခံရသည့်လူငယ်‌ခေါင်း‌ပေါက်သည်အထိ ရှိခဲ့ဖူးသည်။