Hay Htoo
ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ဦး ထိခိုက်သေဆုံး
ဖေဖော်ဝါရီလ ၁၉ရက်။ စောထွန်းနိုင် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၉ဦး ဒဏ်ရာရရှိကာ ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးက “ဒီနေ့ ကော့ကရိတ်မြို့ နာရီစင်အနီးမှာ ဗုံးတလုံး အရင် ပေါက်ကွဲ တာ...
ထိုင်းရွာသားတဦး ပစ်သတ်ခံရ
ဖေဖော်ဝါရီလ ၁၇ရက်။ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ နိုဘိုး(နောင်ဘွား)ရွာသားတဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်တွင် မြန်မာဘက်ခြမ်းရှိ ဒီ ကေဘီအေ တပ်ဖွဲ့ဝင်တဦးက ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပစ်သတ်ခံရသူ နိုဘိုးရွာသား စောဖားဒါးဖိုး၏ နေအိမ်၌ ယနေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် မြန်မာပြည်ဘက်ခြမ်းရှိ ကရင် ပြည်နယ်၊ ကေအဲန်ယူ...
မိုင်းကြောင့် တောတောင်ထဲ မသွားရန် ရွာသားများ တားမြစ်ခံရ
ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် မိုင်းဗုံးကြောင့် တောတောင်ထဲ သွား ရောက်ခြင်းမပြုရန် ဒေသခံ ရွာသူရွာသားများကို ယခင်လကတည်းက တားမြစ်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ တောထဲမသွားရန် ပိတ်ပင်ထားခံရသည့် ရွာများမှာ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ဝင်းမောင်း(ဝါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊...
မိန်းကလေး(၇)ဦးကို ပြည့်တန်ဆာရုံ ပို့ဆောင်ခဲ့သူအား ဖမ်းဆီး
ဖေဖော်ဝါရီလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ မိန်းကလေးငယ် (၇)ဦးကို ပြည့်တန်ဆာရုံသို့ ပို့ဆောင်ခဲ့သည့် စခန်းတွင်း နေ ထိုင်သူ အမျိုးသမီးတဦးအား ယခုလ (၁၃)ရက်နေ့တွင် စခန်းတာဝန်ရှိသူများက ဖမ်းဆီးထားလိုက်သည်ဟု သတင်းရရှိ သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က မယ်လဒုက္ခသည်စခန်းမှ အသက် ၂၅နှစ်ရှိ အမျိုးသမီးတဦးသည်...
မြစ်ဖြတ်ကူးခ ဒီကေဘီအေ ကောက်ခံနေ
ဖေဖော်ဝါရီလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ်ရှိ သောင်ရင်းမြစ်ကို ဖြတ်သန်းသွားလာသူ၊ ဖြတ်ကူးသူများအား ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဒီကေဘီအေတပ်ဖွဲ့က မြစ်ဖြတ်ကူးခ ကောက်ခံလျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
သောင်ရင်းမြစ်ကမ်း တဖက်တချက်ကို စက်လှေဖြင့်သော်လည်းကောင်း၊ ရေတိမ်သည့်နေရာတွင် လူကိုယ်တိုင် ဖြတ်ကူး၍ သော်လည်းကောင်း သွားလာပါက မည်သူမဆို တဦးလျှင်...
ကင်းခြေများ
ဒို့ရဲ့ရှင်သန်ခြင်းမှာ
အသားတစ် တတုံးနဲ့
ကုလားထိုင်တလုံး မလိုဘူးကွဲ့
မိတ်ဆွေ ့ ့ ့ ့ နူးညံ့ပျော့ပျောင်းတဲ့
သံမဏိကြောရိုးဆက်ရယ်
စူးထက်တဲ့ အပ်ချွန်ခြေချောင်းလေးတွေနဲ့
ကင်းခြေများတစ်ကောင် သင်မွေးမြူဘူးပါသလား။
ဒီမှာ ့ ့ ့ ့ သွေးအလိမ်းလိမ်းနဲ့
အသားစရဲ့ ဆဲလ်တွေ
တမျှင်ခြင်းပြန်ဆက်စေတဲ့
စကြင်္ာကြိမ်လုံး (ဒါမှမဟုတ်)
ဗီတာမင်တွေ ထုတ်လုပ်တဲ့
မီးခိုးမအူတဲ့ စက်ရုံတစ်ခုပေါ့
တခါတခါ
မီးလှောင်တိုက်ကြီးထဲက
နိုက်ထရိုဂျင် တရှိုက်မက်မက်
တခါတခါကျပြန်တော့
လွင်တီးခေါင်ပြင်ကျယ်ထဲ
ပျပျလေးလှမ်းမြင်ရတဲ့
အဝေးက ဆိုက်ပရပ်ပင်လိုလို
တစ်ခါတစ်ခါမှာတော့
ဝိရောဓိ မြူခို်းတွေကို...
ပဒိုမန်းရှာ ၂နှစ်ပြည့် နှစ်ပတ်လည် ပြုလုပ်
ဖေဖော်ဝါရီလ ၁၅ရက်။ ကေအိုင်စီ
လုပ်ကြံသတ်ဖြတ်ခံရ၍ ကျဆုံးသွားသည့် ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ၂နှစ်ပြည့် နှစ်ပတ် လည်အထိမ်းအမှတ်ကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် နယ်စပ်နှင့် ပြည်ပနိုင်ငံများ၌ အသီးသီး ပြုလုပ်ခဲ့ကြသည်ဟု သိရ သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များက ပဒိုမန်းရှာအတွက် ဆွမ်းကပ်လှူဒါန်း ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများအပြင်...
မြိုင်ကြီးငူဆရာတော် ဘန်ကောက်ဆေးရုံတွင် ကုသမှုခံနေ
ဖေဖော်ဝါရီလ ၁၅ရက်။ ကေအိုင်စီ
သက်တော် ၆၄နှစ်ရှိပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကျန်းမာရေးဆိုးရွားကာ လက်ရှိအချိန်တွင် ဘန်ကောက် မြို့ရှိ ဘန်ရွန်ရပ်ဆေးရုံ၌ ကျန်းမာရေးကုသမှု လာရောက်ခံယူနေကြောင်း ဘန်ကောက်ရှိ ကရင်လူမှုအသိုင်းအဝိုင်းများက ပြောသည်။
“တချို့ပြောတာက ဆရာတော်ဟာ အသည်းရောဂါနဲ့ ဆေးလာကုနေတယ်တဲ့။ လောလောဆယ် အောက်စီဂျင်နဲ့ အသက်ရှူ နေရပြီး အသည်းတခြမ်းကို...
အသတ်ခံရသည့် ကရင် ၈ဦးကို မီးသဂြိုင်္လ်ပြီးစီး
ဖေဖော်ဝါရီလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူမျိုး ၉ဦးထဲမှ ၈ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ ဆောက်မြို့ရှိ ဝပ်ဒုံကဲ့ယောက် သခင်္ျိုင်း၌ ယနေ့ ညနေ ၂နာရီတွင် ဈာပနပြုလုပ်ကာ မီးသဂြိုင်္လ်လိုက်သည်။
အဆိုပါ အသုဘအခမ်းအနားကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအတိုင်း မဲဆောက်မြို့ရှိ...
ရွှေ့ပြောင်းဒေသမှ မြန်မာကလေးငယ်များ ပျော်ပွဲရွှင်ပွဲ စုပေါင်းကျင်းပ
ဖေဖော်ဝါရီလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများမှ ကလေးများက နိုင်ငံတကာ ကလေးများနေ့၊ မြန်မာကလေး များနေ့နှင့် (၉၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တို့အတွက် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ကာ ယနေ့ စုပေါင်းကျင်းပခဲ့ကြသည်။
ထိုအခမ်းအနားကို ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ (မြန်မာနိုင်ငံ)က “ကလေးများ ဖွံ့ဖြိုးတိုးတက်မှုမှ...





