Home သတင်း မိုင်း‌ကြောင့် ‌တော‌တောင်ထဲ မသွားရန် ရွာသားများ တားမြစ်ခံရ

မိုင်း‌ကြောင့် ‌တော‌တောင်ထဲ မသွားရန် ရွာသားများ တားမြစ်ခံရ

1682
‌ဖေ‌ဖော်ဝါရီလ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်း လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် မိုင်းဗုံး‌ကြောင့် ‌တော‌တောင်ထဲ သွား ‌ရောက်ခြင်းမပြုရန် ‌ဒေသခံ ရွာသူရွာသားများကို ယခင်လကတည်းက တားမြစ်ထား‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းသို့ ‌တောထဲမသွားရန် ပိတ်ပင်ထားခံရသည့် ရွာများမှာ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ဝင်း‌မောင်း(ဝါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိ‌ချောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာ့ဆာ့‌ဂေါ်ထာ့)၊ မဲပူ(မဲ့ပူထာ့)၊ ‌ဝေါ်‌လေ၊ ပဒါ‌ဒေါင်၊ ‌ခေါ်ကလား စသည့်‌ကျေးရွာများ ဖြစ်သည်။

ဒီ‌ကေဘီ‌အေ (၃၃၃)နှင့် (၉၉၉)တပ်မဟာ လက်‌အောက်ခံ တပ်ရင်းများသည် ‌တောထဲ မသွားရန် ယင်းသို့ အမိန့်ထုတ်လိုက်ပြီး ‌နောက်ပိုင်း ဝင်း‌မောင်းဂွင်အတွင်းရှိ ရွာသူရွာသားများမှာ လုပ်ကိုင်စား‌သောက်ရန် အခက်ကြုံရသည်ဟု ဝင်း‌မောင်းရွာသားတ ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “သူတို့(ဒီ‌ကေဘီ‌အေ)က‌တော့ မိုင်းဗုံး‌ထောင်ထားတဲ့အတွက် ဝင်း‌မောင်း‌ကျေးရွာအုပ်စုထဲက မဲကလယ်‌ချောင်းက‌နေ ကျွန်းပင်ဝင်း အ‌နောက်ကစပြီး သွားခွင့်မ‌ပေးဘူး။ ‌တော‌တောင်ထဲမှာ သွား‌နေတဲ့ ရွာသား‌တွေဆို ရွာထဲကို အားလုံး ပြန်လာ ကုန်ပြီ။ ‌တောထဲမှာ ကျန်တဲ့ ဆန်၊ စပါး စတဲ့ ရိက္ခာ‌တွေကို သွားပြန်ယူ မရဲကြ‌တော့ဘူး။ အခုအ‌ခြေအ‌နေက အရင်ထက် ပိုဆိုး ‌နေတယ်”ဟု ဆိုသည်။

ကျွန်းပင်ဝင်းရွာသားတဦးက “အခု ‌တောင်ယာခုတ်ရမယ့်အချိန်မှာ မခုတ်ရဘူး။ ထင်းသွား‌ခွေလည်း မရဘူး။ သစ်၊ ဝါးခုတ်လို့ လည်း မရဘူး။ ဒီအတိုင်းပဲ ဆက်ရှိ‌နေမယ်ဆိုရင် ‌တောင်ယာနဲ့ လုပ်ကိုင်စား‌သောက်တဲ့သူ‌တွေ‌တော့ ‌တော်‌တော် ဒုက္ခ‌ရောက် ‌တော့မယ်။ အခု‌တောင် မိုးတွင်းအတွက် ကျ‌နော် ထင်းတ‌ချောင်းမှ မရှာရ‌သေးဘူး”ဟု ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအိုင်စီက ဒီ‌ကေဘီ‌အေတပ်ဖွဲ့ကို ဆက်သွယ်ရန် ကြိုးစား‌သော်လည်း အခက်အခဲရှိ‌နေသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်မှ တာဝန်ခံတဦးဖြစ်သူ ‌စောထာ့က‌ညောက “သူတို့က အဲဒီ‌ဒေသခံ ပြည်သူ‌တွေကို ကာကွယ်ဖို့၊ ‌ကျေး ရွာဖွံ့ဖြိုးတိုးတက်ဖို့ လာလုပ်တာ မဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက် ‌ရွှေလာတူးပြီး သူတို့ရဲ့ လုံခြုံ‌ရေးအတွက် မိုင်းဗုံး‌တွေ လည်း ‌ထောင်တယ်။ ပြီး‌တော့ ‌တောထဲ မသွားဖို့ တားမြစ်တယ်။ ပြည်သူက‌တော့ ခံရသက်သက်‌ပေါ့”ဟု ဆိုသည်။

အဆိုပါ‌ကျေးရွာများသည် ၁၉၉၇ခုနှစ်က ‌တောင်ပြိုကျမှု‌ကြောင့် လယ်ဧက ‌ထောင်‌ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး‌နောက် ၎င်း ‌ဒေသခံ အများစုမှာ ‌တောင်ယာလုပ်ငန်းကို ပိုမိုအားထားကာ လုပ်ကိုင်စား‌သောက်လာရသည်။

အင်အား ၆၀ဝခန့်ရှိ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မဟာ (၉၉၉)၊ (၃၃၃)နှင့် (၆၆၆) လက်‌အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့်နှစ် ‌အောက်တိုဘာလမှစ၍ ‌ရွှေတူး‌ဖော်ရန်နှင့် သစ်ထုတ်လုပ်ရန်အတွက် ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်းသို့ ‌ရောက်ရှိလာပြီး ‌လေးလအကြာတွင် ယခုလို ‌တောထဲမသွားရန် ပထမဆုံး အမိန့်ထုတ် လိုက်ခြင်းဖြစ်သည်။