Home ကဗျာ ကင်း‌ခြေများ

ကင်း‌ခြေများ

2048

ဒို့ရဲ့ရှင်သန်ခြင်းမှာ
အသားတစ် တတုံးနဲ့
ကုလားထိုင်တလုံး မလိုဘူးကွဲ့
မိတ်‌ဆွေ ့ ့ ့ ့ နူးညံ့‌ပျော့‌ပျောင်းတဲ့
သံမဏိ‌ကြောရိုးဆက်ရယ်
စူးထက်တဲ့ အပ်ချွန်‌ခြေ‌ချောင်း‌လေး‌တွေနဲ့
ကင်း‌ခြေများတစ်‌ကောင် သင်‌မွေးမြူဘူးပါသလား။

ဒီမှာ ့ ့ ့ ့ ‌သွေးအလိမ်းလိမ်းနဲ့
အသားစရဲ့ ဆဲလ်‌တွေ
တမျှင်ခြင်းပြန်ဆက်‌စေတဲ့
စကြင်္ာကြိမ်လုံး (ဒါမှမဟုတ်)
ဗီတာမင်‌တွေ ထုတ်လုပ်တဲ့
မီးခိုးမအူတဲ့ စက်ရုံတစ်ခု‌ပေါ့
တခါတခါ
မီး‌လှောင်တိုက်ကြီးထဲက
နိုက်ထရိုဂျင် တရှိုက်မက်မက်
တခါတခါကျပြန်‌တော့
လွင်တီး‌ခေါင်ပြင်ကျယ်ထဲ
ပျပျ‌လေးလှမ်းမြင်ရတဲ့
အ‌ဝေးက ဆိုက်ပရပ်ပင်လိုလို
တစ်ခါတစ်ခါမှာ‌တော့
ဝိ‌ရောဓိ မြူခို်း‌တွေကို ထမ်းပိုးထားတဲ့
‌တောအုပ်ရယ် မှိုင်းမှိုင်း
ဘာပဲဖြစ်ဖြစ်
ကင်း‌ခြေများ မခို‌အောင်းနိုင်တဲ့ ‌တောင်တန်းဟာ
မလန်းပါဘူး။
ကင်း‌ခြေများမရှင်သန်တဲ့ မြို့ပြဟာလည်း
‌ဝေသာလီတိုင်းနဲ့ မခြားပါပဲ
ဒို့ရဲ့ ရှင်သန်ခြင်းမှာ
ကင်း‌ခြေများ တစ်‌ကောင်‌တော့ ‌မွေးမြူရမယ်။
ပြီး‌တော့ ့ ့ ့ ့ ့ ့
၆၁ မာရသွန်လမ်းမထက်မှာ
ခရီးကြမ်း နှင်လာပြီး
ငါတို့ မိခင်ကြီးရဲ့
ဒုက္ခ‌သွေး‌ရောင် စွန်း‌ပေ‌နေတဲ့
သင်တိုင်းရှည်ဝတ်ရုံအတွက်‌ပေါ့။

(‌တောင်းထို့မိန်း)