Home သတင်း မိန်းက‌လေး(၇)ဦးကို ပြည့်တန်ဆာရုံ ပို့‌ဆောင်ခဲ့သူအား ဖမ်းဆီး

မိန်းက‌လေး(၇)ဦးကို ပြည့်တန်ဆာရုံ ပို့‌ဆောင်ခဲ့သူအား ဖမ်းဆီး

1984
‌ဖေ‌ဖော်ဝါရီလ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ မိန်းက‌လေးငယ် (၇)ဦးကို ပြည့်တန်ဆာရုံသို့ ပို့‌ဆောင်ခဲ့သည့် စခန်းတွင်း ‌နေ ထိုင်သူ အမျိုးသမီးတဦးအား ယခုလ (၁၃)ရက်‌နေ့တွင် စခန်းတာဝန်ရှိသူများက ဖမ်းဆီးထားလိုက်သည်ဟု သတင်းရရှိ သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က မယ်လဒုက္ခသည်စခန်းမှ အသက် ၂၅နှစ်ရှိ အမျိုးသမီးတဦးသည် အိမ်‌ဖော်အလုပ်သွားလုပ် ရန်ဆိုပြီး စခန်းတွင်းရှိ မိန်းက‌လေး ၇ဦးအား စည်းရုံး‌ပြောဆိုခဲ့ပြီး မဲ့လမ‌ကျေးရွာရှိ ပြည့်တန်ဆာရုံသို့ ပို့‌ဆောင်ခဲ့ရာမှ အပြန် တွင် စခန်းလုံခြုံ‌ရေးများက ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင်တဦးက ‌ပြောသည်။

သူမက “အဲဒီအမျိုးသမီးက စခန်းမှာရှိတဲ့ မိန်းက‌လေး (၇)‌ယောက်ကို ‌ခေါ်‌ဆောင်ပြီး မဲ့လမ ပြည့်တန်ဆာရုံကို ပို့ခဲ့တယ်။ အဲလို ပို့လိုက်တဲ့အထဲမှာ အသက်မပြည့်တဲ့ က‌လေးမ‌လေး‌တွေလည်း ပါတယ်။ အဲဒါ‌ကြောင့် အခု စခန်းလုံခြုံ‌ရေး‌တွေက အဲဒီ အမျိုးသမီးကို ထိန်းသိမ်းထားလိုက်တယ်”ဟု ဆိုသည်။

အဆိုပါ‌ခေါ်‌ဆောင်သွားသူ အမျိုးသမီးမှာ မယ်လဒုက္ခသည်စခန်း ဇုံဘီ (၅)တွင် ‌နေထိုင်သူဖြစ်ပြီး မည်သို့‌ပြောဆို‌ခေါ်‌ဆောင် သွားသည်ကို ပြည့်တန်ဆာရုံသို့ ကိုယ်တိုင်ပါသွားခဲ့သူ အသက် (၁၄)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တဦးက ယခုလို ‌ပြော သည်။

“ကျမကို လာ‌ပြောတုန်းက‌တော့ အိမ်‌ဖော်အလုပ်ပဲ။ တလကို ဘတ် ၃၀၀ဝရမယ်လို့ ‌ပြောတယ်။ ကျမလည်း စခန်းထဲ‌နေတာ ဝင်‌ငွေမရှိတာရယ်။ ‌နောက်တခုက စခန်းနဲ့ သိပ်မ‌ဝေးဘူး‌လေ။ တလတ‌ခေါက်‌လောက် ပြန်လာလို့ရတယ်‌ပြော‌တော့ ၁၁ရက် ‌နေ့မှာ လိုက်သွားခဲ့မိတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းမဲ့လမ ပြည့်တန်ဆာရုံသို့ ‌ရောက်ရှိပြီး‌နောက် ထို‌နေရာရှိ မိန်းက‌လေးများ၏ ဝတ်စားဆင်ယင်မှုမှာ သာမန်ပုံစံမျိုး မဟုတ် သည့်အတွက် မည်သည့်‌နေရာဖြစ်‌ကြောင်း သိရှိသွားကာ မယ်လစခန်းရှိ မိဘများထံ ပြန်လည်ဆက်သွယ်ခဲ့သည်ဟု သူမက ဆိုသည်။

အလားတူ ပြည့်တန်ဆာရုံသို့ ‌ခေါ်သွားခံရသူ အခြားမိန်းက‌လေးတဦးက “သူ‌ဌေးမက ကျမကို လာ‌ပြောတယ်။ ဒီအလုပ်ကို ဝါသနာပါလား။ ‌ယောက်ျား‌တွေကို များများဆွဲ‌ဆောင်နိုင်ရင် ပိုက်ဆံများများရမယ်လို့ ကျမကို ‌ပြောတယ်။ အကြပ်ကိုင်တာ တို့ ဘာတို့‌တော့ မရှိဘူး။ ကျမက ဝါသနာမပါတဲ့အတွက် စခန်းထဲပြန်လာပြီး စခန်းတာဝန်ရှိသူ‌တွေကို အ‌ကြောင်းကြားလိုက် တယ်”ဟု ‌ပြောသည်။

ယင်းသို့ ပြည့်တန်ဆာရုံ ပို့‌ဆောင်ခံရသည့် ဒုက္ခသည်မိန်းက‌လေး ၇ဦးမှာ အသက် ၁၂နှစ်မှ ၂၂နှစ်အထိရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ စခန်းတာဝန်ခံများကို ‌ကေအိုင်စီက ဆက်သွယ်ရာ လက်ရှိအချိန်တွင် ‌ခေါ်‌ဆောင်သွားသူကို စစ် ‌ဆေး‌မေးမြန်း‌နေဆဲ ဖြစ်သည်ဟု ဆိုသည်။

မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ကီလိုမီတာ ၄၀‌ကျော်အကွာရှိ မယ်လဒုက္ခသည်စခန်းသည် လူဦး‌ရေ ၅‌သောင်းဝန်းကျင်ရှိပြီး လွန်ခဲ့သည့် ၂၀၀၄ခုနှစ်ကလည်း ရက်သားအရွယ် က‌လေးငယ်တဦးအား မယ်လစခန်း‌နေ မိခင်ကိုယ်တိုင် လူပွဲစားများထံ ‌ရောင်းချခဲ့ခြင်း‌ကြောင့် ထိုင်းရဲများက ဖမ်းဆီးခဲ့‌သေးသည်။